Saturday, July 7, 2012

ဗုဒ္ဓဘာသာ


ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ မြတ်ဗုဒ္ဓ၏အဆုံးအမများပေါ်တွင်တည်သူ တနည်းအားဖြင့် မြတ်ဗုဒ္ဓ ဟောကြားခဲ့သော တရားများ အဆုံးအမများကို လိုက်နာကျင့်သုံးသူ ကိုခေါ်ဝေါ်သည်။

ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် လူသန်းပေါင်း ၃၀၀ မှ ၅၀၀ခန့် ယုံကြည်သက်ဝင်ကိုးကွယ်ကြသည့် ဘာသာတရားဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် ဘီစီ ၅၂၅ ခုနှစ်ခန့်တွင် သိဒ္ဓတ္ထဂေါတမ အမည်ရှိသော ဗုဒ္ဓဘုရားရှင်က အိန္ဒိယ နိုင်ငံတွင် စတင်ထူထောင်ခဲ့သော ဘာသာရေး (သို့ ) ကိုးကွယ်ယုံကြည်မှု ဖြစ်သည်။ ဂေါတမ ဗုဒ္ဓမြတ်စွာဟောကြားခဲ့သည့် တရားတော်အပေါ် အခြေခံ၍ ပေါ်ထွန်းလာသော ဗုဒ္ဓဘာသာသည် ကမ္ဘာ့ ဘာသာကြီးများ စာရင်းဝင် ဖြစ်သည်။

အဓိကအားဖြင့် ဟိနယနခေါ် ထေရဝါဒ ဗုဒ္ဓဘာသာ (သီရိလင်္ကာနှင့် အရှေ့တောင်အာရှ နိုင်ငံများ) နှင့် မဟာယန ဗုဒ္ဓဘာသာ (တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယားနှင့် ဂျပန်) ဟု ဂိုဏ်းနှစ်မျိုးရှိပါသည်။ တတိယတစ်မျိုးမှာ တိဗက်နှင့် ဂျပန် တို့ တွင် ဝါချရယန အမည်နှင့်လည်း နှစ်ပေါင်းကြာရှည်စွာ ယုံကြည် ကိုးကွယ်ခဲ့ကြသူများလည်း ရှိပါသည်။ ဗုဒ္ဓဘာသာ၏ မူလအစပြုရာ အိန္ဒိယနိုင်ငံတွင် တရုတ်ပြည် တိဗက်ဒေသမှ စိမ့်ဝင်လာသော ဒုက္ခသည်များနှင့် ဘာသာပြောင်းလာသော ဟိန္ဒူဇာတ်နိမ့်များ မှလွဲလျှင် ဗုဒ္ဓဘာသာ ကိုးကွယ်သူအရေအတွက်မှာ မရှိသလောက် နည်းပါးသွားပြီဖြစ်သည်။

ထေရဗုဒ္ဓဘာသာတွင် ဗုဒ္ဓတရားတော်များကို ၀ိနည်းပိဋကတ် ။ သုတ္တန်ပိဋကတ် ၊၊ အဘိဓမ္မာပိဋကတ် ဟူ၍ ပိဋကတ်သုံးပုံအဖြစ် ခွဲခြားထားပါသည်။

ဗုဒ္ဓဝင်
ဗုဒ္ဓ၀င် ဆိုသည်မှာ ဗုဒ္ဓ၏ ရာဇ၀င်ကို ခေါ်ခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓသည်လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က အရှေ့တိုင်း အိန္ဒိယတိုက်တွင် ဗုဒ္ဓ၀ါဒ ကိုစတင်တည်ထောင်ခဲ့သော မဟာလူသားတစ်ဦး အကြောင်း ဖြစ်ပေသည်။ အရှေ့တိုင်းတွင် ဒဿနနှင့် ဆက်သွယ်သော အခြားသော ၀ါဒ ထူထောင်သူများ ဖြစ်သည့် ကွန်ဖြူးရှပ်၊ လောင်ဇူ တို့ကဲ့သို့ ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့သော်လည်း ဗုဒ္ဓ၏၀ါဒမှာ ထိုသူများ၏၀ါဒနှင့် သဘောသဘာဝအားဖြင့် များစွာ ကွာခြားလေသည်။

ဗုဒ္ဓသည် ထိုခေတ်က မင်းမျိုးဖြစ်သော ခတ္တိယမျိုးနွယ်မှဆင်းသက်လာခဲ့သည်။ ထိုခေတ်ကရှေးဟောင်း အိန္ဒိယလူမူ့ ဖွဲ့စည်းပုံတွင် ပုဏ္ဏားမျိုး(ဗြဟ္မဏ)၊မင်းမျိုး သို့မဟုတ် စစ်သားမျိုး (ခတ္တိယ)၊ကုန်သည်မျိုး(၀ဿ) နှင့်ဆင်းရဲသားမျိုး (သုဒ္ဓ)ဟူ၍ အမျိုးလေးပါးခွဲကာ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ရှိခဲ့သည်။ ဗြာဟ္မဏတို့သည် ဝေဒကျမ်းလာဖန်ဆင်းရှင်ဖြစ်သော ဗြဟ္မာကို(ဂေါ့ဒ်) ယုံကြည်ကြပြီး ဂေါ့ဒ်၏ဦးခေါင်းမှဆင်းသက် လာသော မိမိတို့အမျိုးသည်သာအမြတ်ဆုံးဟုခံယူပြီး ဇာတ်ခွဲခြားမူ့ကိုလိုလားသည်။ ဗုဒ္ဓ၀ါဒမှာ ဂေါ့ဒ်ကိုပယ်၍ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ကို ဆန့်ကျင်ပါသည်။

ထို့ကြောင့်ဗုဒ္ဓကို လေ့လာမည်ဆိုပါက လူသားစင်စင်စစ် ဘုရားဖြစ်သည်ဟု ယုံကြည်ထားရန်မှာ အရေးကြီးဆုံးဖြစ်သည်။ အခြား ဗုဒ္ဓဘာသာဂိုဏ်းခွဲများတွင် ဗုဒ္ဓအား ကောင်းကင်ဘုံမှ ဘုရားအဖြစ်မှတ်ယူလေ့ရှိကြသည်။ ဗုဒ္ဓ ဆိုသောဝေါဟာရမှာ ဥာဏ်အလင်းရသူ (Enlightened)၊ သို့မဟုတ် စိတ်အာရုံ နိုးကြားနေသူ (Mentally awakened) ဟု အဓိပ္ပါယ်ရသည်။

အမှန်တရားလေးပါး (သစ္စာလေးပါး) ကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်း၍သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ် ဟု ချမ်းမြေ့ဆရာတော်က အဓိပ္ပါယ်ဖွင့်သည်။

ဗုဒ္ဓဝင်တွင် မင်းပျိုမင်းလွင်ဘဝ၊ တောထွက်တော်မူခြင်း၊ သစ္စာတရားကို ရှာခြင်း၊ သာသနာပြုခရီးရှည်၊ ပရိနိဗ္ဗာန် စံတော်မူခြင်း ဟူ၍ ငါးပိုင်းရှိသည်။

ဗုဒ္ဓ၀ါဒ
မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား။

မင်္ဂလသုတ်
ထေရ၀ါဒစင်စစ်သည် သစ္စာလေးပါးကို အခြေပြုသောတရားသာလျှင်ဖြစ်ပေသည်။ ၃၈ဖြာသော မင်္ဂလာတရားတော်သည် လောကီရေးရာအဖြာဖြာအတွက် အကောင်းဆုံးသော ဘ၀နေနည်းလမ်းညွှန်ဖြစ်ပေသည်။ ရွတ်ဖတ်ပူဇော်ခြင်းထက် လိုက်နာကျင့်သုံးနိုင်ပါက အဖိုးဖြတ်ခြင်းငှာ ၊ တန်ဖိုးဖြတ်ရန်မထိုက်သော ဘ၀အတွက်ကျင့်စဉ်ကောင်းတစ်ခုဖြစ်ပေသည်။

ရတနသုတ်တော်အရ ဗုဒ္ဓအလိုတော်ကျကျင့်စဉ်သုံးဆင့်
ထိုသုံးဆင့်တို့တွင် ပထမကျင့်စဉ်အဆင့်မှာ လောကအတွက်ဖြစ်၏။ ယင်းကို လောကတ္ထစရိယ ဟုဆို၏။ ဒုတိယအဆင့်အနေဖြင့် မိမိ၏နိုင်ငံနှင့်အမျိုးသားများအတွက်ဖြစ်၏။ ယင်းကို ဥာတတ္ထစရိယဟုဆို၏။ တတိယအဆင့်အနေဖြင့် မိမိအတွက်နှင့်မိမိ၏မိသားစုအတွက်ဖြစ်၏။ ယင်းကို အတ္တတ္ထစရိယဟုဆို၏ ။ မိမိအတွက်နှင့်မိသားစုအတွက်ဆိုသော်လည်း မိမိအတွက်နှင့်မိသားစုအတွက်သီးခြားမဟုတ်။ လောကနှင့်လည်း စပ်၏ ။ မိမိ၏နိုင်ငံ ၊ မိမိ၏အမျိုးသားများနှင့်လည်း စပ်၏ ။ မိမိ အားကောင်းလျှင် အားကောင်းသည်နှင့်အမျှ လောကအတွက်လည်း ပို၍ဆောင်ရွက်နိုင်၏။ မိမိ၏နိုင်ငံနှင့်မိမိ၏အမျိုးသားများအတွက်လည်း ပို၍ ဆောင်ရွက်နိုင်၏ ။

ထိုအခါ လူသည် လူအနေဖြင့် မိမိ၏ကျင့်စဉ်သုံးဆင့်ကို ဆောင်ရွက်ရာတွင် ရတနသုတ်လာ ပန်းတိုင်သဘောအရ လောအကျိုးကို ပထမထားရာရောက်၏ ။ မိမိ၏ နိုင်ငံနှင့် မိမိ၏အမျိုးသားအကျိုးကို ဒုတိယထားရာရောက်၏ ။ မိမိ၏အကျိုးကို နောက်ဆုံးထားရာရောက်၏ ။ ဤသို့ ထားရာရောက်ခြင်းမှာ ခံစားမှုဆိုင်ရာအကျိုးအနေဖြင့် ထားရာရောက်ခြင်းဖြစ်၏ ။ မိဘဟူသည် လုပ်ငန်း(အကြောင်းတရား) နှင့်ပတ်သက်လာလျှင် မိမိကသာအနစ်နာခံပြီး အကျိုးခံစားမှုနှင့်ပတ်သက်လာလျှင် သားသမီးများကို ဦးစားပေးသည့် သဘောမျိုးဖြစ်၏ ။

တစ်နည်းဆိုရသော် အနာခံစရာရှိပါက မိမိကို ပထမထား၏ ။ အသာစံစရာရှိပါက သားသမီးများကို ပထမထား၏ ။ ဤသို့ ကျင့်ဆောင်ရန် ဗုဒ္ဓက သွန်သင်တော်မူခြင်းဖြစ်၏ ။ အသာစံခြင်း ၊ အနာခံခြင်း နှင့် ပတ်သက်၍ ဗုဒ္ဓ၏ ၀ါဒအတိုင်း လိုက်နာနိုင်မည်ဆိုပါလျှင် လောကသည် မည်မျှချမ်းသာ၍ မည်မျှ ငြိမ်းချမ်းမည်ကို မှန်းဆ၍ ကြည့်နိုင်ပေသည်။ ရတနသုတ်

ရတနာသုံးပါး
ဗုဒ္ဓ (ဘုရား)
ဓမ္မ (တရား)
သံဃ (သံဃာ)

သရဏဂုံ သုံးပါး
ဗုဒ္ဓံသရဏံဂစ္ဆာမိ
ဓမ္မံသရဏံဂစ္ဆာမိ
သံဃံသရဏံဂစ္ဆာမိ

သစ္စာလေးပါး
ဒုက္ခသစ္စာ
သမုဒယသစ္စာ
နိရောဓသစ္စာ
မဂ္ဂသစ္စာ

ဗုဒ္ဓသာသနာ
ယခုအချိန်အခါသည် သာသနာနှစ်၂၅၅၂ နှစ် ကောဇာသက္ကရာဇ် ၁၃၇၀ (2008-2009 )ဖြစ်သည်။ ဗုဒ္ဓသာသနာနှစ် ၅၀၀၀ သက်တမ်း တစ်ဝက်ကျိုးခြဲ့ပီ ဖြစ်သည်။ ဗုဒ္ဓ သာသနာ တွင် ထေရဝါဒ သာသနာ နှင် မဟာယာန သာသနာ ဟူ၍ နှစ်မျိုးရှိသည်။ ရှေးလွန်လေပြီးသော အချိန်ကမူ အခြားသော ဂိုဏ်းများလဲ အများအပြား ရှိခဲ့ကြပါသည်။ သို့သော် ထိုဂိုဏ်းနှစ်ဂိုဏ်းသည်သာလျှင် အိန္ဒိယနိုင်ငံ ပြင်ပရှိ အဆက်အနွယ်များထိအောင် လက်ဆင့်ကမ်း ပျံ့နှံ့ခြင်းဖြင့် ယနေ့ခေတ်ကာလထိအောင် ရှင်သန်လာ၏။

ဗုဒ္ဓကျမ်းစာများ
မြတ်ဗုဒ္ဓ၏ အဆုံးအမကျမ်းစာများကို မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံဟု မှတ်တမ်းတင် ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ပိဋကတ်သုံးပုံ အား စာအုပ်များ၊ ကျောက်စာများဖြင့် မှတ်တမ်းတင် ထိန်းသိမ်းစောင့်ရှောက်ထားသည်။
ပိဋကတ်သုံးပုံ

ဝိနည်းပိဋကတ်
အဘိဓမ္မာပိဋကတ်
သုတ္တန္တပိဋကတ်

သတင်း
၂၀၀၉-ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို.အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဗုဒ္ဓဘာသာအဖွဲ့အစည်းကို `ကမ္ဘာ့အမွန်မြတ်ဆုံးနှင့် အကောင်းဆုံး´ ဘာသာတရားဆုချီးမြှင့်ခဲ့သည်။ အဆိုပါအထူးတစ်လည်ချီးမြှင့်သည့် ဆုကိုကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် ၂၀၀ ကျော်က ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာ ပါဝင်ရွေးချယ်သည့် ဘာသာရေးခေါင်းဆောင်အများစုက အဆိုပါအဖွဲ့အစည်းတွင်အဖွဲ့ခွဲဝင် အနည်းဆုံးဖြစ်သောဗုဒ္ဓဘာသာကို မိမိတို့ဘာသာထက် ကျော်လွန်ပြီးဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။

ပါဝင်ဆန္ဒမဲပေးခဲ.သူလေးဦးကပြောဆိုခဲ.ရာတွင်…
အဆိုပါအဖွဲ.ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က ” ဒီကမ္ဘာ.အမွန်မြတ်ဆုံး၊
အကောင်းဆုံးဘာသာတရားဆုကိုဗုဒ္ဓဘာသာက ရရှိတာအံ.သြစရာမရှိပါဘူး…ဘာဖြစ်လို.လည်းဆိုတော.ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင်.ဖြစ်ပွားပေါ်ပေါက်ခဲ.တဲ.စစ်ပွဲဆိုတာမရှိခဲ.ပါဘူး… တစ်ခြားဘာသာများနဲ.မတူတာကအဲဒါပါပဲ…တစ်ခြားဘာသာတွေကအကယ်၍ဘုရားသခင်သာမှားယွင်းခဲ.ယင်ဆိုတဲ.အတွေးနဲ.လက်နက်တွေကိုအရံသင်.ထားကြပါတယ်…ဗုဒ္ဓဘာသ

ဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ.) စစ်တိုက်တာကို တွေ.ရဖို.အတော်ခဲယဉ်းပါသည်။ တစ်ခြားဘာသာဝင်တွေရဲ့ အစဉ်အလာအလေ.အထနဲ့ဆန့်ကျင်စွာပဲဗုဒ္ဓဘာသာဟာကိုယ်ကိုယ်တိုင်
ကျင်.ကြံတဲ.တရားကိုသာသူများကိုဟောကြားခဲ.တာပါပဲ ” လို.ဆိုခဲ.ပါတယ်…

Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O’Shaunghnessy ကတော.ကက်သလစ်သာ သနာကိုမြတ်နိုးကိုကွယ်ပေမယ်.လူသားတွေကိုမေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေ ကိုပဲသတ်ဖြတ်ကာဘုရားသခင်ရဲ.အလိုဆန္ဒနားလည်ပါတယ်လို.ပြောကြတာကစိတ်အနှောက်အ ယှက်အဖြစ်ရဆုံးပါပဲ…ဒါကြောင်.မွန်မြတ်တဲ.ဗုဒ္ဓဘာသာကိုမဲပေးခဲ.တာပါလို.အမိန်.ရှိခဲ.ပါတယ်….

ပါကစ္စတန်ကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်Tal Bin Wassad ကလည်းဒီအဆိုကိုသဘော တူထောက်ခံခဲ.ပါတယ်…အဆိုပါအဖွဲ.ကြီးရဲ.ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာမဲပေး ရေးအဖွဲ.၀င်တစ်ယောက်ဖြစ်တဲ.သူက ” ကျွန်တော်ဟာအစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာယုံ ကြည်သူတစ်ယောက်ပါ…သို.သော်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးကိုအ ကြောင်းပြပြီးအမျက်ဒေါသတွေထွက်ကြ၊သွေးမြေကျကြရတာတွေကိုတွေ.မြင်ခံစားရပါတယ်… ဗုဒ္ဓဘာသာဝင်တွေကတော.အဲဒါကိုသိမြင်နားလည်သဘောပေါက်ခဲ.ကြပါတယ်…ပြောရယင် ကျွန်တော်.ရဲ.အရင်းနှီးဆုံးမိတ်ဆွေတစ်ချို.ဟာဗုဒ္ဓဘာသာဝင်တွေပါ “ လို.ပြောခဲ.ပါတယ်…

အစ္စရေးနိုင်ငံဂျေရုဆလင်မြို.ကဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော. ” ကျွန် တော်လဲကျွန်တော်.ဘာသာဖြစ်တဲ.ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်…ကိုယ်.ဘာသာ မို.ကိုယ် ဒါဟာကမ္ဘာ.ပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို.လည်းထင်ပါတယ်…ဒါပေမယ်. ရိုးရိုးသားသားဝန်ခံရယင်ကျွန်တော်ဟာနေ.စဉ်ဂျူးဘာသာအရ၀တ်မပြုခင်ဝိပဿနာတရား ကိုကျင်.ကြံအားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ…ဒါကြောင်.အခုလိုမဲပေးလိုက်ပါ တယ် ” လို.ပြောလိုက်ပါတယ်…

သို.သော်..စိတ်မကောင်းစရာအချက်တစ်ခုက အဆိုပါအဖွဲ.ကြီးအနေဖြင်.ထိုဆုကိုလက်ခံမည်. သူတစ်ယောက်ကိုမျှမတွေ.ခဲ.ရပေ….သူတို.ဆက်သွယ်ပြောဆိုသမျှဗုဒ္ဓဘာသာဝင်အားလုံးက ထိုဆုကိုလက်ခံဖို.ငြင်းပယ်ခဲ.ကြခြင်းဖြစ်သည်…

အဘယ်ကြောင်.ထိုဆုကိုလက်ခံရန်ငြင်းဆန်ရကြောင်းမေးမြန်ခဲ.ရာမြန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီးဂုရတ္တက ” ယခုလိုမိမိတို.ဘာသာကိုအသိအမှတ်ပြုချီးမြှင်.သည်.အတွက်ဝမ်း မြောက်ကျေးဇူးတင်ကြောင်း …သို.သော်ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာန ဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည်.လူသားအားလုံးကိုမိမိတို.မျှဝေပေးအပ်ပါကြောင်း …” မိန်.ကြားခဲ.ပါတယ်…
အဖွဲ.ကြီးအနေနဲ.ထိုဆုကိုလက်ခံရယူပေးမယ်.သူကိုဆက်လက်ဆက်သွယ်နေဦးမှာဖြစ်ကြောင်း သိရှိရပါသည်။

Zaw Win

Buddhism


From Wikipedia, the free encyclopedia

http://en.wikipedia.org/wiki/Buddhism

Buddhism is a religion and philosophy indigenous to the Indian subcontinent and encompasses a variety of traditions, beliefs, and practices largely based on teachings attributed to Siddhartha Gautama, who is commonly known as the Buddha (meaning "the awakened one" in Sanskrit and Pāli). The Buddha lived and taught in the eastern part of Indian subcontinent some time between the 6th and 4th centuries BCE.[1] He is recognized by Buddhists as an awakened or enlightened teacher who shared his insights to help sentient beings end ignorance (avidyā), craving (taṇhā), and suffering (dukkha), by recognizing dependent origination and sunyata, and attain Nirvana.

Two major branches of Buddhism are recognized: Theravada ("The School of the Elders") and Mahayana ("The Great Vehicle"). Theravada has a widespread following in Sri Lanka and Southeast Asia. Mahayana is found throughout East Asia and includes the traditions of Pure Land, Zen, Nichiren Buddhism, Tibetan Buddhism, Shingon, Tiantai (Tendai) and Shinnyo-en. In some classifications, Vajrayana—practiced mainly in Tibet and Mongolia, and adjacent parts of China and Russia—is recognized as a third branch, while others classify it as a part of Mahayana. There are other categorisations of these three Vehicles or Yanas.[2]

While Buddhism remains most popular within Asia, both branches are now found throughout the world. Estimates of Buddhists worldwide vary significantly depending on the way Buddhist adherence is defined. Lower estimates are between 350–500 million.[3][4][5]

Buddhist schools vary on the exact nature of the path to liberation, the importance and canonicity of various teachings and scriptures, and especially their respective practices.[6] Two of the most important teachings are dependent origination and sunyata. The foundations of Buddhist tradition and practice are the Three Jewels: the Buddha, the Dharma (the teachings), and the Sangha (the community). Taking "refuge in the triple gem" has traditionally been a declaration and commitment to being on the Buddhist path and in general distinguishes a Buddhist from a non-Buddhist.[7] Other practices may include following ethical precepts; support of the monastic community; renouncing conventional living and becoming a monastic; the development of mindfulness and practice of meditation; cultivation of higher wisdom and discernment; study of scriptures; devotional practices; ceremonies; and in the Mahayana tradition, invocation of buddhas and bodhisattvas.

No comments:

Post a Comment