တူရိယာတစ်လက်ရဲ့ အသက်ရှူသံ
“ရေ၊ မြေ၊ လေ၊ မီး ဓာတ်ကြီးအစုဟာ အလွန်တရာ မမြတ်သော အတ္တဘော ခန္ဓာ
မုန်းဖွဲ့ မလွတ်ပါ...။
သုံးဆယ့်နှစ်ကောဌာ...။ ”
မနက်လင်းရင် ရေအေးအေးတစ်ခွက်နှင့် အတူ ဒေါ်ခင်မြင့်ရဲ့ တေးဘုမ္မာသီချင်းကို မော့သောက်လိုက်ဖို့ သင့်ပါသည်။ မိမိခန္ဓာကိုယ်မှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ တင်းမာနေတဲ့ကြိုးတွေကို အဲဒီ နှစ်ခုက ပြေလျော့အောင် ညှိပေးပါလိမ့်မယ်။ အဲသလိုဆို ခင်ဗျားဟာ ဒီနေ့အဖို့ အသံချိုချို ထွက်နိုင်တဲ့ တူရိယာတစ်လက် ဖြစ်ပါပြီ။
သစ္စာနီ
(တူရိယာတစ်လက်ရဲ့ အသက်ရှူသံ ၊ သန္တရသလွင်ပြင်)
No comments:
Post a Comment