Friday, August 10, 2012

မြစ်




မကြာခဏဘဲ ..
မင်းရဲ့နံဘေးမှာ
မဖြေသာဘဲ ..
တိတ်ဆိတ်နေမိတယ် ..။
တကယ်တော့လဲ ...
ငါရဲ့ဘဝမှာ တိုင်တည်စရာ မင်းတစ်ယောက်ဘဲ ရှိသလို
မင်းရှိလို့ ငါ့မှာ ပျော်တယ် ..။

တစ်ညမက ..
နှစ်ညမက ..
တစ်ညတစ်ည ..
မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့နဲ့
ငါငြိမ်သက်မြဲပါ ..
မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့နဲ့
ငါငြိမ်သက်မြဲပါ..
ငြိမ်သက်မြဲပါ ..
ငါ ငြိမ်သက်မြဲပါ ...။

အတည်တကျဘဲ ...
မင်းရဲ့အဆင်းဟာ
အမှောင်ထုထဲ ..
လင်းလက်လာခဲ့တာ ...
ဘယ်သူယှဉ်မလဲ နှိုင်းဆမတွေ့နိုင် ရေယမုံနာ
မင်းအလှနဲ့အမျှပါ မင်းလှဖို့ ငါ့မှာလိုတယ် ..။

တစ်ညမက..
နှစ်ညမက ..
တစ်ညတစ်ည ..
မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့နဲ့
ငါငြိမ်သက်မြဲပါ ...
မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့နဲ့
ငါငြိမ်သက်မြဲပါ ..
ငြိမ်သက်မြဲပါ..
ငါ ငြိမ်သက်မြဲပါ..။

တစ်ယောက်သောသူ...
အိပ်မက်နယ်မြေမှာ ပျော်ရှာထင်
ကြယ်စင်တွေ ရေတွက်နေမယ်...။
ငါလည်းလေ မျှော်တွေးထင်မြင်ရာ...
အာကာပြင် တိမ်စွန်မှာ
မြင်မက်နေခဲ့တာ...။

တစ်ညမက..
နှစ်ညမက ..
တစ်ညတစ်ည ..
မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့နဲ့
ငါငြိမ်သက်မြဲပါ ...
မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့နဲ့
ငါငြိမ်သက်မြဲပါ..
ငြိမ်သက်မြဲပါ ..
ငါ ငြိမ်သက်မြဲပါ...။

ခင်ဝမ်း

တကယ်တော့လဲ ...
တကယ်တော့လဲ ...
တကယ်တော့လဲ ... 


 
   

No comments:

Post a Comment