ခေါ်သံ

တိုင်းပြည်ကိုခွဲထားခဲ့တဲ့ နိုင်ငံမဲ့စာရေးဆရာတယောက်အ
ကဗျာတပုဒ် တပုဒ်၊ စာတပုဒ်ပုဒ်ဖတ်ပြီး နှလုံးထဲ ထိထိခိုက်ခိုက်ခံစားရတာလဲ အကြိမ်ကြိမ်ပါပဲ။
ဟိုးအရင်ကလိုဆိုရင်တော့ ကိုယ့်ကို ထိထိခိုက်ခိုက်ခံစားရစေတဲ့ စာပိုင်ရှင်တွေကို လေထန်ကုန်းမှာထိုင်စောင့်ပြ
‘ဇန်နဝါရီကို ငါမခိုးဘဲ
သူခိုးက ငါ့ကို သူခိုးလို့စွပ်စွဲတယ်..’ တဲ့။
ကျမကတော့ တက္ကသိုလ်ကျောင်းသူဘဝ ၁၉၈ဝ နှစ်များမှာတုန်းက ရန်ကုန်တက္က သိုလ်ရဲ့ စာကူးစက်ယဉ်ကျေးမှုကဗျာစာအုပ
အဲဒီတုန်းက ကျမတို့ အငြင်းပွားခဲ့ကြတာလေ။ “ဇန်နဝါရီဆိုတာ လွတ်လပ်ရေးရဲ့ သင်္ကေတပဲ။ ဒါ- ဆုံးရှုံးနေနတဲ့ လွတ်လပ်ရေးကို တောင်းတာပဲ..”ဆိုပြီး ကိုယ်ထင်ရာ ပြောခဲ့ကြတာ။
တကယ့်ဆိုလိုရင်း ဟုတ်ဟုတ်မဟုတ်ဟုတ် ကဗျာဆိုတာ ကိုယ့်ရင်ထဲဝင်တဲ့ အသွား အတိုင်း ခံစားဖို့သာလိုတယ်လို့ ကျမကယုံတာ။ ခု အဲဒီအချိန်လေးကို သတိရပါတယ်။
ပြီးတော့-အဲဒီဇန်နဝါရီကို သတိရပါတယ်။ ကျမတို့ရဲ့ ဇန်နဝါရီကတော့ ပြန်ပေးလို့ တောင်းရုံနဲ့ ရမယ်မထင်ပါ။
ကဗျာမှာမှော်အောင်တဲ့ မောင်ချောနွယ်ကတော့ သူ့ကဗျာတွေနဲ့ ပတ်သက်ပြီး “နှလုံးခုန်ချက်တသိန်းထဲက ထွက်လာတဲ့ခုန်ထိချက် တချက်ကိုမှော်သက်သွင်းပြီး ထိ ခိုက်ချက်နဲ့ ကမ္ဘာနဲ့လူသားဆီပို့ပေးလိုက်
‘အလိုက်သင့်တွေနဲ့
အလိုက်သင့်ရပေါင်းများတော့
ကိုယ့်မျက်နှာကိုယ် မှန်မကြည့်ရဲဘူး...’
လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန
“ဒီခုံနံပါတ်တွေအအောင်ပေးရမ
“လက်မှတ်ပဲထိုးလိုက်ပါ...”တ
အဲဒီနေ့တွေမှာလဲကျမ မှန်မကြည့်ခဲ့။
“ဆရာမ ကျူရှင်ခဘယ်လောက်ကျလဲ..။ ကျနော်မဖြေနိုင်ဘူးဆရာမ၊အော
ကျောင်းလား..ဈေးတန်းလား.. သိပ်မကွဲပြားတော့။
မိုးခါးရေတဲ့..ကျမ အခါးမကြိုက်ပါ။ ကျမက မှန်ကြိုက်သူ။ မှန်ကိုလဲ ရဲရဲကြည့်ချင်ပြီ။ နောက်တော့ ကျမ မှန်ကိုရဲရဲကြည့်ဖို့အတွက် နှလုံးသားတခြမ်းနဲ့ ဘဝတခြမ်းကို ကျော ခိုင်းစွန့်လိုက်ရတာ..။ သိပ်အရင်းအနှီးကြီးတဲ့ လဲလှယ်မှုလို့ ခံစားခဲ့တာ ဝန်ခံပါရစေ။
အဆုံးအရှုံးတွေများမှ
ကြယ်သီးအောက်ကစိတ်တွေ ပိုမာလာ
ငါ့နောက်ကို ပြန်ကြည့်တော့
နံရံတခုလုံး ဒါးပေါက်ရာတွေ ဗရပွ
ကျမလိုချင်ခဲ့တာ..တကယ့်ပန်း
ညီလေးရေ-
အဝေးဆုံးကြယ်က ပိုပြီးတောက်ပသတဲ့
မြို့ဝင်လမ်းမှာ
ကိုယ် ဘာကိုထမ်းပြီး ပြန်ခဲ့ရမှာလဲ...
တကယ်တော့ မရခဲ့တာ တဘဝလုံးပါပဲ။ ဒီလိုနဲ့ နှစ်လေးဆယ်ကျော်ခဲ့ပြီ။ အာခိမိဒိ က “ကမ္ဘာ့အပြင်မှာ ရပ်စရာတနေရာရခဲ့ရင် ကမ္ဘာကြီးကို မ,ပြနိုင်မတဲ့..”။
ကျမ အားကျ..... ဒါနဲ့ပဲ သိပ်သေးသိမ်ကျဉ်းမြောင်းတဲ့
ဟောဒီလိုနွေဦးပေါ့
တတောလုံးအလွမ်းတွေနဲ့
စိုက်ပျိုးထားသမျှရိတ်သိမ်း
စည်းအပြင်ကလူတယောက်
ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို
ဒီလိုနဲ့ ဘဝကိုညာခဲ့တယ်..
---------------
ဒီလိုနဲ့ တို့တွေညံ့ခဲ့ကြ။
တကယ်တော့ ကျမကိုယ်တိုင်ကလဲ ခပ်ညံ့ညံ့တွေသာ စိုက်ပျိုးခဲ့သူပါ။ အားအားရှိ လွမ်းတတ်သူဟာ ရဲရင့်ရမယ့် တိုက်ပွဲ ထဲမှာတော့ ပျော့ညံ့သူပဲပေါ့။ နွေဦးတခုလုံးကိုလဲ အလွမ်းတွေနဲ့ပဲ ဖြတ်လာတာ။ ခက်တာက အလွမ်းသီချင်းနဲ့တော့ဖြင့် အလုပ်မဖြစ်ပြီ။ ဒါဖြင့် ချစ်ခြင်းမေတ္တာနဲ့ရော..။
ကျမတို့ ညီညွတ်လို့မရနိုင်ဘူးတဲ့လား
ကျမက အညံ့တွေသာစိုက်ပျိုးခဲ့မိပေ
စစ်မဲ့ကမ္ဘာအရပ်မှာ
အချစ်ဘွဲ့ကဗျာစပ်ကာနဲ့
မြတ်မဟာသာတဲ့ပွဲကို
နွှဲလိုက်ချင်သေး..တဲ့။
ကဗျာဆရာရဲ့ အားခဲသံထဲမှာ ကျမ အက်ဒ်ဝပ်မွန့်ခ်ျရဲ့ အော်သံကို မြင်နေရတယ်။ ကဲ-အဲဒီအော်သံနောက် ကျမကိုယ်တိုင် အားခဲလိုက်ပါဖို့တော့ လိုပြီထင်ပါရဲ့။ ဒါတောင် မှ တို့တွေညံ့နေကြသေးရင်တော့ ကျမတသက် မှန်မကြည့်ရတော့မှာသေချာပြီ
ကျနော် ယောက်ယက်ခတ်ရ
ကိုယ့်နှလုံးသားကို မီးမြိုက်ခဲ့ပါတယ်အမေ
ဘယ်သူက ကိုယ့်နှလုံးသားကိုယ် မီးမြိုက်ခဲ့ပြီး
ဒီမီးကိုလှုံရဲခဲ့ပါသလဲ..။ (မောင်ချောနွယ်)
ချစ်ခင်စွာ
မေငြိမ်း
(၂၀၀၆ ခုနှစ်ထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၀ မှ)
(Maung Shin Facebook)
No comments:
Post a Comment