မျက်ရည်စိုဝတ်စုံ

တစ်ဦးနဲ့တစ်ဦး အပြန်အလှန်
စိတ်ချမ်းမြေ့ရန်
ရှာကြံလို့ပေးတော့မယ်လို့ ....
မင်းနဲ့ကိုယ် စိတ်ကူးတဲ့အချိန်
ကိုယ်စီအသိနဲ့ နားလည်ချိန်....
ယမ်းငွေ့တို့မှုန်ရာ မော်ကြည့်တဲ့အခါ
အော် မိုးတွေညိုလို့ ....
ရဲရဲစိုစို ဝတ်စုံတွေကိုယ်စီ
အတူဆင်မြန်းပြီး ခွဲရမယ့် အချိန်အခါကိုရောက်ပြီ
အမှတ်တရ အပြန်အလှန်(ပြန်လည်) လဲလှယ်ရန်
နာကျင်မှုများလည်းရှိတယ်
ယူရဲပေးရဲရင်....
နူးညံ့တဲ့မာယာ လက်ချောင်းအကမှာ
အသာအယာငေးမောနေတုန်း ...
ဓါးတစ်စင်းပမာ အိမ်ကထွက်လာ
ကံကြမ္မာအရိုင်းရဲ့ သိုင်းကွက်များ ....
သွေးစက်စက်ဒါဏ်ရာ ကိုယ်စီထိခိုက်နာ
အံ့အားသင့်နေတုန်း ...
ရဲရဲစိုစို ဝတ်စုံတွေကိုယ်စီ
အတူဆင်မြန်းပြီး ခွဲရမယ့် အချိန်အခါကိုရောက်ပြီ
အမှတ်တရ အပြန်အလှန် (ပြန်လည်) လဲလှယ်ရန်
နာကျင်မှုများလည်းရှိတယ်
ယူရဲပေးရဲရင်...
တေးဆို – ခင်မောင်တိုး
တေးရေး – မင်းကိုနိုင်
တေးဂီတ – မဇ္ဇျိမလှိုင်း
No comments:
Post a Comment