Sunday, February 3, 2013

အမေရိကန်တက္ကသိုလ် ကိုးခုမှ ပညာရေးပူးပေါင်း


အမေရိကန်နိုင်ငံအခြေစိုက် ထင်ရှားသည့် တက္ကသိုလ်များဖြစ်သော မက်ဆာချူးဆက်တက္ကသိုလ်၊ ဆမ်ဖို့ဒ်တက္ကသိုလ်၊ ၀ါရှင်တန်တက္ကသိုလ်၊ အရီဇိုးနားတက္ကသိုလ်၊ ဟာဝိုင်အီပစိဖိတ်တက္ကသိုလ်၊ ဘောလ်တက္ကသိုလ်၊ မြောက်အီလီနွိုက်တက္ကသိုလ်၊ မြောက်အရီဇိုးနားတက္ကသိုလ်နှင့် အမေရိကန် တက္ကသိုလ်များမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပြီး မည်သည့်တက္ကသိုလ်များနှင့် မည်သို့ပူးပေါင်းဆောင်ရွက်သွားမည်ကို ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် သိရှိရဖွယ်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း IIE ဥက္ကဋ္ဌ Allan သည် အမေရိကန် တက္ကသိုလ်များဆိုင်ရာ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံတွင် တစ်ပတ်ကြာ နေထိုင်မည်ဖြစ်ကာ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ပညာရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာတက္ကသိုလ်များမှ တာဝန်ရှိသူများအနေဖြင့် ၄င်းတို့၏ ပညာရေး ဦးစားပေးလုပ်ဆောင်မည့် အချက်များအား ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း IIE ၀က်ဆိုက်ဘ်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရန်ကုန်တက္ကသိုလ်နှင့် အမေရိကန်နိုင်ငံရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်တို့ ပညာရေးမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တက္ကသိုလ်၌ မဟာဘွဲ့လွန်တန်း၊ ဘွဲ့ကြိုသင်တန်းများအား ဖွင့်လှစ်နိုင်ရန် ပူးပေါင်းမြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source : EMG
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment