Saturday, July 21, 2012

ချောရယ်



စိန်ပန်းကြွေချိန် ဒီလမ်းပေါ်မှာ ကိုယ်လွမ်းတယ်
ချစ်တဲ့သူ တွေ့မလားလို့ လိုက်လို့ရှာ
တွေ့တော့လေပြောမယ် ချောရယ်....

ဒီလမ်းပေါ်မှာ ကိုယ်လွမ်းပါတယ် ရှာဆဲကွယ်
မနှစ်ကလို ချစ်နေတုန်းက အတွေးနဲ့သာ
တွေ့တော့လေပြောမယ် ချောရယ်....

ဟိုဝေးဝေးက ခေါ်သံကြားမိတယ်
တိုးတိုးညင်သာ ဘယ်ကများလဲကွယ်
ကိုယ်ဆွေး ဆွေးရင်းခေါ်သံများနောက်ကို
တစ်ရွေ့ရွေ့နှင် ဘယ်ကမှန်းမသိတယ်
ချစ်တဲ့သူရူးမယ် ချောရယ်...

မြကျွန်းညိုညို ဒီလမ်းပေါ်မှာ တစ်ယောက်ထဲရယ်
မေ့ရက်သူ ပစ်ထွက်ပြေးလို့ အဆွေးနဲ့သာ
တွေ့တော့လေပြောမယ်
ချောရယ်...
ဥသြသံတွေ နွေရောက်လေပြီပြောတယ်
သိတတ်ပြီ ကိုယ့်ရင်ထဲမှာ တစိမ့်စိမ့်နာ
တွေ့တော့လေပြောမယ် ချောရယ်....

No comments:

Post a Comment