ဗွီဒီယိုရုံ
ဦးကုလား၏ဗီဒီယိုရုံမှာ အလုပ်ဖြစ်သည်ဟုဆိုရမည်။
လူတော်တော်များများမှာဗွီဒီယိုကိုအစွဲကြီးစွဲနေကြပြီ။
ပုံမှန်လာကြည့်သူတွေပင်မနည်းလှ။ ပရိသတ်မှာလူငယ်တွေလူလတ်ပိုင်းတွေများသဖြင့်အပြင်းစားဇာတ်ကားမျိုးကိုမှ
ကြိုက်ကြသည်။
အလွမ်းဆိုလျှင်မျက်ရည်တောက်တောက်ကျရမည်။ ဟာသဆိုလျှင် မြေကြီးခွက်ဝင်လောက်အောင် ဖင်ဆောင့်ရယ်ရသည်။ ဖိုက်တင်ဆိုလျှင်လည်း တီဗီဖန်သားပွင့်ထွက်လုနီးနီး
ကြမ်းမှရမ်းမှကြိုက်ကြသည်။
ဖိုးနီကလည်း ဒါကိုသိသဖြင့်ပရိသတ်အကြိုက်ကားတွေရွေးပြီးပြသည်။
ထို.ကြောင့် ဦးကုလား၏ရုံမှာနေ.တိုင်းလူပြည့်သည်ချည်းဖြစ်၏။
ဦးကုလားကသူ.ရုံအခြေအနေကိုနေ.စဉ်အကဲခတ်ကြည့်ပြီး မိန်.မိန်.ကြီး
ခါင်းတညိတ်ညိတ်လုပ်တတ်သည်။ ဒေါ်ခင်တီကတပြုံးပြုံး။
ဓာတ်ခဲကတော့ဘာပြောကောင်းမတုန်း ။ ဗီဒီယိုလည်းနေ.တိုင်းကြည့်ရ။
တစ်ခါတစ်ခါရုံဝင်သိမ်းရင်း တစ်ဆယ်ဆယ့်ငါးကျပ် အိတ်ထဲထည့်လို.လည်းရသေးတာကိုး။
သည်ကြားထဲမှာ ဖိုးနီကိုတချို.ကစည်းရုံးလာကြသည်။
“ ဟေ့ကောင် ဖိုးနီ ........ဟိုကားသည်ကားလေးပြပါလားကွ ၊ ဟပ်ဆိုလား အောဆိုလား ၊ အဲဒါလေးတွေပြပါလားကွ”
“ ဟာ ....ဘယ်ဖြစ်မလဲကွ၊ လိုင်စင်ယူကတည်းက ဆင်ဆာမရှိတဲ့ကားမပြရဘူးလို.စည်းကမ်းပါပြီးသားကွ”
သည်ကိစ်္စမျိုးမှာ လူငယ်တွေထက် လူကြီးကပိုဆိုးသည်။
“ ဒီလိုလုပ်ကွာ ၊ ညဘက်လူခြေတိတ်တော့မှ ကျိတ်ပြီးပြပေါ့ကွ ၊ တစ်ယောက်တစ်ဆယ်ပေးဆိုလဲပေးမယ်ကွာ” ဟုဆိုသည်။
“ ဟာ ၊ မဖြစ်ပါဘူး ၊ ဦးကုလားက ဒါမျိုး ရှုပ်ရှုပ်ယှက်ယှက်လုပ်တာကြိုက်တာမဟုတ်ဘူး။
တော်ကြာ ကျွန်တော်အလုပ်ပြုတ်နေပါဦးမယ်” ဆိုပြီး ဖိုးနီက အပြတ်ငြင်းလိုက်ရသည် ။
..............................
ဦးကုလား၏ရုံမှာအဆင်ပြေသည်ဟုဆိုသော်လည်း ဘာပြဿနာမှမရှိဘဲလုံးဝအဆင်ပြေနေတာတော့မဟုတ်။
ဗီဒီယိုရုံတို.၏ထုံးစံအတိုင်း ပြဿနာလေးတွေတော့ ရှိတတ်လေသည်။ဒါကလည်းပရိသတ်တို. သဘာဝအတိုင်း မင်းသားမင်းသမီးများကို ချစ်ကြလွန်းလို.ဖြစ်ရသောပြဿနာများသာ။
ဥပမာ..........
မောင်ဝနှင့်ပွကြီးတို.ဗီဒီယိုကြည့်ရင်း ဇာဂနာ၏ခေါင်းတုံးမှာ အစစ်ဟုတ်မဟုတ် ငြင်းကြရာမှရုံထဲ၌ ထထိုးကြသဖြင့်ရုန်းရင်းဆန်ခတ်ဖြစ်သွားခြင်း ။
ရန်အောင်နှင့်လွင်မိုးဘယ်သူကပိုအရပ်ရှည်သလဲဆိုတာရွှေကြည်နှင့်
မိတုတ်တို.ငြင်းကြရာမှအော်ကြီးဟစ်ကျယ်တွေဖြစ်ကြခြင်း ။
(ထိုကိစ်္စနှင့်ပတ်သက်၍ရွှေကြည်နှင့်မိတုတ်တို.တစ်ပတ်လောက်မခေါ်မပြောဘဲဖြစ်သွားရသည်။
နောက်တော့မပွေးက တကယ်တမ်းအရပ်အရှည်ဆုံးမှာ မျိုးမင်းဦး ခေါ်အရှည်ကြီးသာဖြစ်ကြောင်း ပြောပြီး ဖျန်ဖြေပေးလိုက်ရ၏။)
...................................
နောက်တစ်ခုကတော့ ဖိုးနီပါးစပ်ဆော့ခြင်းကြောင့်ဖြစ်၏။
ဒွေးပါဝင်သော “သူတို.ကြောင့်..” ဆိုသောဇာတ်ကားပြသည့်နေ.ကဖြစ်သည်။ ဖိုးနီက ...
“ ဒွေးဆိုတဲ့ကောင်က အသားခပ်မည်းမည်းနေမှာပဲ”ဟုပြောမိသည်။
သူတို.ရပ်ကွက်ကလူများသည် ဒွေးဆိုလျှင် အသေရရ အရှင်ရရဆိုတာမျိုး ။
ဒွေးဘာပဲလုပ်ပြလုပ်ပြကြည့်မည်ဆိုတဲ့လူတွေဖြစ်၏။
အပျိုကြီးဒေါ်ပိုပင်လျှင် “ဒီကောင်လေးကိုအပြင်မှာ တစ်ခါလောက် မြင်ဖူးလိုက် စမ်းချင်တယ်”ဟုမချင့်မရဲ ပြောခဲ့သေးသည်။
ခုလိုသူတို.၏အချစ်တော်မင်းသားလေးကို ဖိုးနီက “အသားမည်းတယ်”ဟု စွပ်စွဲသောအခါဒေါသဖြစ်ကြသည်။လူငယ်တွေကဆိုလျှင် ဖိုးနီကို ချောင်းရိုက်ဖို.
တိုင်ပင်ကြသည်ဟုဆို၏။
ထိုသတင်းကြားသဖြင့်ဖိုးနီမှာ ညဘက်ဆိုလျှင်တစ်ယောက်တည်းအပြင်မထွက်ရဲတော့။
မိန်းကလေးတချို.ကတော့ ....
“ဟင်း ........ သူ.လိုကောင်ကများပြောရတယ်ရှိသေး ၊ သူ.အမေက ကျီးကန်းနဲ. မီးသွေးရောချက်စားပြီး မွေးလာတဲ့ကောင် ၊ အခုလိုသူများသားသမီးကို မှိုချိုးမျှစ်ချိုးပြောတဲ့ဖိုးနီကို အလုပ်ကတောင် ထုတ်ပစ်သင့်တယ်”ဟု ဦးကုလားကိုအရေးဆိုကြသေးသည်။
ဦးကုလားကချော့မော့တောင်းပန်လိုက်မှကိစ်္စပြီးသွားသည်။
........................
သည်ကြားထဲမှာ ကိုကြီးငွေကလည်းတစ်မျိုး ။
သူကနေရာတကာလူတတ်ကြီးလုပ်တတ်သည်။ ဗီဒီယိုလာကြည့်လျှင်အေးအေးဆေးဆေးမကြည့်။
“ ဟ ........ကာလာတွေသိပ်မမှန်ပါလားကွ ၊ အသားရောင်ကဒီလိုမှမဟုတ်ပဲ။
ဟေ့ ...ဖိုးနီ ၊ မင်းစက်က ဟက်စားနေပြီထင်တယ် မက္ကင်းနစ်လေး ဘာလေး ခေါ်ပြဦးကွ”ဟုတစ်မျိုး ။
ဗီဒီယိုကြည့်နေရင်းသူသဘောကျတာလေးတစ်ခုခုပါလာလျှင် ...........
“ တွေ.လား ၊ သမ္ဘာရင့်တဲ့သရုပ်ဆောင်တွေကျတော့ လုပ်သွားလိုက်တာ မဲ့ပြုံးလေးတစ်ချက်တည်းနဲ့
ခံစားချက်ကိုဖော်ပြသွားတယ်။ ဟော ...ဟော .....အဲဒါဇွန်းဆွဲတာလို.ခေါ်တယ်”
“ ဇွန်းတွေ.. ယောင်းမတွေလို့ မလုပ်နဲ့၊ နားငြီးတယ်” ဟုတစ်ယောက်က လှမ်းဟန်.သော်လည်းမရ။
“ စမိုးရှင်းဆိုတာမင်းသားမင်းသမီးတွေက တကယ်ဖြည်းဖြည်းလေးသွားနေတာမဟုတ်ဘူး။ ကင်မရာထရိတ်နဲ.လုပ်ထားတာ ၊ ခုချိန်မှာ စက်မှုနည်းပညာတွေကလဲ
တိုးတက်လာတာဆိုတော့ကာ”
................................
ထိုးခန်းကြိတ်ခန်းမဟုတ်ဘဲ စကားပြောခန်းဆိုလျှင် ကလေးတွေကကောင်းကောင်းမကြည့်ဘဲ ဆူညံပြေးလွှားနေရတဲ့ကြားထဲ ကိုကြီးငွေကပါ အော်ကြီးဟစ်ကျယ်လုပ်နေသဖြင့် ဇာတ်ကားထဲစကားပြောသံများကို မကြားရတော့ချေ။
မောင်ဝ ဗီဒီယိုလာကြည့်သည့်နေ.မျိုးဆိုလျှင်တော့ ကိုကြီးငွေဟောင်ဖွာဟောင်ဖွာလုပ်လာလျှင် ...
“ ဒီမှာကိုကြီးငွေ ၊ ခင်ဗျားဒီလောက်တတ်နေရင် ဒါရိုက်တာသွားလုပ်ပါလား ၊ ဒီရုံထဲမှာတော့တောင်ပြော မြောက်ပြောလာလုပ်မနေနဲ.” ဟုပြောတတ်သည်။
မောင်ဝက စိတ်ဆတ်သူဖြစ်၍ သူ.ကိုတော့ ကိုကြီးငွေဖြုံသည်။ မောင်ဝက ဟောက်လိုက်လျှင် ငြိမ်သွားတတ်သည်။
ဒါတောင်တစ်ချက် တစ်ချက် ...........
“ ဟာ .......အနုပညာဆိုတာ အဲ့ဒါပဲ” ... စသည်ဖြင့် မသဲမကွဲရေရွတ်တတ်လေသည်။
သည်လိုပြဿနာလေးတွေကလွဲလျှင် ဦးကုလား၏ရုံးမှာ အဆင်ပြေသည်ဟု ပြောနိုင်ပါသည်။
.................................
တစ်ရက်ကျတော့ ဖိုးနီက ဒွေးနှင့်မျိုးသန္တာထွန်းတို.ပါဝင်သောဇာတ်ကားတစ်ကားငှားလာသည်။
ထိုဇာတ်ကားမှာအသစ်စက်စက်ဖြစ်ပြီး ထွက်တာသုံးရက်လောက်တာရှိသေးသည်။
ကံကောင်းလို. စောစောစီးစီးရလာတာဟု အငှားဆိုင်ကပြောသည်။
ဖိုးနီသည် ဟိုတစ်ခါ ဒွေးကိုအသားမည်းသည်ဟုပြောမိသည်ကိစ္စနှင့်ပတ်သက်၍ရပ်ကွက်ပရိသတ်က
သူ.ကိုမကြည်မလင်ဖြစ်နေတာ ပြေပျောက်အောင် ကြိုးစားချင်သည်။
ထို.ကြောင့်ထိုအခွေကို ခါတိုင်းထက် ဆယ့်ငါးကျပ် ပိုပေးပြီး ဦးဦးဖျားဖျားငှားလာခဲ့သည်။
ဇာတ်ကားနာမည်က “မမိုက်ချင်ဘဲမိုက်နေရသောဖိုးမိုက်” ဟူ၍ဖြစ်၏။
ဒွေးကဖိုးမိုက်အဖြစ် ပီပြင်စွာသရုပ်ဆောင်ထားသည်။
ပရိသတ်ကနာမည်ကြားကတည်းက အရမ်းစိတ်ဝင်စားနေကြပြီ။
ဒါ့အပြင် ......သည်နေ့ သူတို့ ရုံမှာ အထူးတန်းကိုစတင်ပြုလုပ်ထားသည်။
အရင်က၀ါးဖျာကြမ်းတွေသာခင်းထားသည်။
ခုတော့ရှေ.ပိုင်းမှာ ဖျာကြမ်းများခင်းထားပြီး နောက်ဘက်မှာခုံတန်းလျားများဖြင့်အထူးတန်းလုပ်ထားသည်။
ရိုးရိုးတန်း နှစ်ကျပ် ၊ အထူးတန်းသုံးကျပ်ဖြစ်၏။
ထိုနေ.မှာ တနင်္ဂနွေနေ.လည်းဖြစ် ၊ မီးလည်းလာသဖြင့် နှစ်ပွဲပြမည်။ နေ.လည်မှာကတည်းက ရုံပြည့်လျှံသွားသည်။
ဇိမ်ကျကျဣနြေ်္ဒိနဲ.ကြည့်ချင်သူတွေကသုံးကျပ်ပေးပြီး အထူးတန်းကကြည့်ကြသည်။
ပွကြီးသည် နှစ်ကျပ်တည်းပေးပြီးအထူးတန်းခုံတန်းလျားမှာ မယောင်မလည်သွားထိုင်သည်။
ဖိုးနီကမြင်သော်လည်း သူငယ်ချင်းဖြစ်နေ၍ဘာမှမပြောဘဲ နေလိုက်သည်။
နမူနာဇာတ်ကားပိုင်းများပြပြီး နောက်ဇာတ်ကားကြီးစပြလေပြီ။
................................
ဇာတ်လမ်းအရ ဖိုးမိုက် (ဒွေး ) မှာလူရိုးလူကောင်းတစ်ယောက်ဖြစ်၏။
ယာခင်းလေးတစ်ခုကိုအေးချမ်းစွာလုပ်ကိုင်စားနေသော တစ်ကိုယ်ရေတစ်ကာယသမားလည်းဖြစ်သည်။
သူသည်ရွာမှာအချောဆုံး အလှဆုံးဆိုသော ရက်ကန်းသည်မလေး မျိုးသန္တာထွန်းနှင့်ချစ်ကြိုက်နေသည်။
ပြဿနာဖြစ်ချင်တော့သူကြီးသားကလည်း မျိုးသန္တာထွန်းကိုတဖက်သတ်ကြိုက်နေသည်သူ.ကိုမျိုးသန်္တာထွန်းကလုံးဝအဖက်မလုပ်။
ထို့ကြောင့် သူကြီးသားကအကောက်ကြံသည်။ ဖိုးမိုက်ကိုအမှုဆင်ပြီးဖမ်းသည်။
ဖိုးမိုက်ကိုသူကြီးအိမ်ရှေ.မှာကြိုးနှင့်တုပ်ထားပြီး သူကြီးသားက ရွာသူရွာသားတွေရှေ.မှာ လမ်းသလားရင်း ဖိုးမိုက်ကိုလက်ညှိုးငေါက်ငေါက်ထိုး၍ ...........
“ မင်းဟာ .......တော်တော်ယုတ်မာတဲ့ကောင်ပါလားဟင် ”ဟု ဟန်ပါပါပြောလိုက်သည်။
.............................
ဗီဒီယိုကြည့်နေသော ပရိသတ်မှာ မတရားသက်သက်ခံရသော ဖိုးမိုက်ကိုသနားသမျှသူကြီးသားကို
အော့နှလုံးနာပြီးမကျေမနပ်ပွစိပွစိဖြစ်ကုန်ကြသည်။ ပဲပြုတ်သည်ဒေါ်မှိန်ကတော့ အောင့်အည်းသည်းမခံနိုင်တော့ဘဲ ......
“ အောင်မယ် .......သူခိုးကလူဟစ်လို. ..နင်ဘာယုတ်မာတာတဲ့ ၊ အယုတ်တမာ ကောင်ရဲ.”ဟုထအော်သည်။
“ အမှန်တရားဆိုတာ ဖုံးကွယ်ထားလို.မရပါဘူးလေ ၊ တစ်နေ.ကျတော့ အဖြေပေါ်မှာပေါ့”ဟု ပတေးက နှစ်သိမ့်လိုက်ရသည် ။
တကယ်တော့ သူကြီးသားကသာ ဖိုးမိုက်ကို အကောက်ကြံခြင်းဖြစ်သည်။
သူကြီးသမီးကတော့ ဖိုးမိုက်အပေါ်ကို တစ်ဖက်သတ်သံယောဇဉ်ဖြစ်နေ၏။
ထို.ကြောင့် ဖိုးမိုက်ကိုထိတ်တုံးခတ်၍ချုပ်ထားစဉ် သူကြီးသမီးက ညဘက်တိတ်တိတ်ကလေး လာ၍လွတ်မြောက်အောင် ကူညီပေးလိုက်သည်။
ဖိုးမိုက်သည် ထွက်ပြေးပြီးတောထဲသို.လျှောက်သွားနေစဉ် လူဆိုးသုံးယောက်နှင့်တွေ.သည်။
လူဆိုးကြီးတွေက ဖိုးမိုက်ကိုအနိုင်ကျင့်ဖို.ကြိုးစားရာ ဖိုးမိုက်က သုံးလေးယောက်စလုံးကို မှောက်သွားအောင် ဆော်ပစ်လိုက်သည်။
ဒါကိုလူဆိုးခေါင်းဆောင်ကမြင်တော့ သဘောကျပြီးဖိုးမိုက်ကို သူတို.ဂိုဏ်းထဲဝင်ရန်ပြောသည်။
ဖိုးမိုက်မှာ လောလောဆယ် ၀ရမ်းပြေးဘ၀ရောက်နေသဖြင့် ခိုလှုံဖို.နေရာလိုနေသည်။
ထို.ကြောင့်လူဆိုးဂိုဏ်းထဲ ၀င်ရန်သဘောတူလိုက်ရသည်။
သူ.အနေဖြင့် ရွာမှာဖြစ်ပျက်ခဲ့သည်ကိစ်္စအမှန်အတိုင်း မဖြစ်မချင်းပြန်လို.မရသဖြင့်လူဆိုးလူမိုက်ဘ၀မှာ ကျင်လည်နေရလေတော့သည်။
...............................
ဖိုးမိုက်မရှိတော့သည့်နောက်ပိုင်းတွင် သူကြီးသားက မျိုးသန္တာထွန်းကို မရရအောင် ကြံစည်သည်။
မျိုးသန္တာထွန်းတို့ အမေနှင့်စီးပွားရေးအဆင်မပြေသဖြင့်သူကြီးကတော်ထံမှငွေချေးထားရသည်။
ထိုငွေကို ခုနစ်ရက်အတွင်း ပြန်မဆပ်နိုင်လျှင်ရက်ကန်းစင် ကိုသိမ်းပစ်မည်ဟုခြိမ်းခြောက်သည်။
တစ်ပြိုင်တည်းတွင် သူကြီးနှင့်သူကြီးကတော်က မျိုးသန်္တာထွန်းကို သူတို.သားနှင့်ပေးစားရန် ကြောင်းလမ်းလာသည်။
ရွေးစရာလမ်းမရှိတော့ ။ ရက်ကန်းစင်မရှိလျှင်ဘ၀ပျက်တာနှင့်တူတူပင်ဖြစ်၏။
ထို.ကြောင့် သဘောတူခေါင်းညိတ်လိုက်ရသည်။ မျိုးသန္တာထွန်းမှာဆိုးရွားလှသည့်
သူ.ကံကြမ္မာအတွက်ငိုကြွေးရန်သာ တတ်နိုင်တော့သည်။
လက်ထပ်ပွဲကျင်းပမည့်နေ.သို.ရောက်လာသည်။ သူကြီးအိမ်ရှေ.တွင်မဏ္ဍပ်ကြီးထိုးထားသည်။
တစ်ရွာလုံး မီးခိုးတိတ်လာကြရန်ဖိတ်ခေါ် ထားသည်။ မျိုးသန္တာထွန်းမှာမချိသောမျက်နှာနှင့်သူကြီးသားဘေးမှာထိုင်နေရသည်။
သည်နေ့ ကျမှပင်လှလိုက်သည့်ဖြစ်ခြင်း ၊ ဘိသိက်ဆရာက သြဘာစာရွတ်ရန်ထရပ်လိုက်သည်။
ထိုစဉ်မှာပင်မြင်းခွာသံများကိုကြားလိုက်ရသည်။ ထို.နောက်မိုးပေါ်ထောင်ပစ်လိုက်သောသေနတ်သံများ ၊ ရွာထဲသို.လူဆိုးတွေဝင်လာကြပြီ။
လူတွေရုပ်ရုပ်သဲသဲ ပြေးလွှားကုန်ကြသည်။ သေနတ်သံတွေကတဒိုင်းဒိုင်း ။
သူကြီးသားအိမ်ပေါ်ပြေးတက်ပြီးနှစ်လုံးပြူးသေနတ်ကိုဆွဲ၍ထွက်လာသည်။
ထိုစဉ်မဏ္ဍပ်ထဲသို.မြင်းဖြူကြီးတစ်ကောင် ဒုန်းစိုင်းဝင်လာသည်။
မြင်းပေါ်မှာတော့ ဖိုးမိုက်။
သူကြီးသားက နှစ်လုံးပြူးသေနတ်ဖြင့်ထိုးချိန် လိုက်သည်။ သို.ရာတွင်ဖိုးမိုက်က
မြင်းကိုစိုင်းဝင်လာရင်းကပင် သူကြီးသားကို ခြေထောက်ဖြင့်ခတ်လိုက်သည်။
သူကြီးသားပစ်လဲကျသည်။ ပြန်မထနိုင်တော့။
မြင်းဖြူကြီးကမဏ္ဍပ်ဆင်မြင့်ပေါ် သို.ပင်တက်သွားသည်။ ငေးကြောင်ကြည့်နေသော မျိုးသန္တာထွန်းကို
မြင်းပေါ်စွေ.ခနဲဆွဲတင်ပြီး အပြင်းနှင်သွားလေတော့သည်။
လူဆိုးများစခန်းပြန်ရောက်သောအခါ သူတို.နှင့်အတူ ဖိုးမိုက်ပါမလာတော့ကြောင်းတွေ.ရသည်။
ဖိုးမိုက်သစ္စာဖောက်သွားလေပြီ။
ထိုအချိန်တွင်ဖိုးမိုက်တို.သည် တစ်ချိန်ကသူကျေးဇူးပြုခဲ့ဖူးသောအဘွားကြီးလင်မယား၏ယာတဲကလေးမှာ
ရောက်နေကြသည်။ ချစ်သူချင်းပြန်ဆုံကြပြီဖြစ်သော်လည်း သူ.တာဝန်ကမပြီးဆုံးသေး။
လူဆိုးဂိုဏ်းကိုဖြိုခွင်းနိုင်ရန်အတွက်ရဲစခန်းကိုသွား၍အကြောင်းကြားထားခဲ့ပြီးဖြစ်သည်။
ထို.ကြောင့် ရဲတပ်ဖွဲ.နှင့်ချိန်းဆိုထားသောနေရာသို.သူသွားရဦးမည်။
ရဲများနှင့်ပူးပေါင်း၍လူဆိုးဂိုဏ်းကိုချေမှုန်းရဦးမည်။
ထို.ကြောင့် မျိုးသန်္တာထွန်းကိုအဘိုးကြီးအဘွားကြီးထံမှာ ခဏအပ်ထားခဲ့ပြီးထွက်ခွာဖို.ပြင်ဆင်ရသည်။
မျိုးသန်္တာထွန်းက စိတ်မချသဖြင့် သတိဝီိရိယဖြင့်သွားရန်အထပ်ထပ်မှာသည်။ ဖိုးမိုက်က ယုယစွာပွေ.ဖက်ပြီးနှစ်သိမ့်သည်။ထို.နောက်မြင်းပေါ် တက်ပြီးထွက်သွားသည်။
ထိုအချိန်တွင်ဖိုးမိုက်ကို နောက်ယောင်ခံလိုက်နေသောလူဆိုးဂိုဏ်းဝင်တစ်ယောက်က
သစ်ပင်အကွယ်မှချောင်းမြောင်းကြည့်နေသည်။ ဖိုးမိုက်တောစပ်သို.အ၀င်မှာပင်သေနတ်ဖြင့် သေချာစွာချိန်ပြီးပစ်ချလိုက်လေတော့သည်။
ဖိုးမိုက်မြင်းပေါ်မှပြုတ်ကျပြီးမြေပြင်ပေါ်လိမ့်သွားသည်။ သူ.ချစ်သူမျိုးသန်္တာထွန်းကပေးလိုက်သော ပ၀ါစလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းဆတ်ခနဲဖြစ်ပြီး ငြိမ်သက်သွားသည်။ ဤနေရာတွင်ဇာတ်ကားပြီးသွား၏။
........................
“ ဟင် ......ဘယ်လိုကြီးလဲကွ”
“ အဓိပ္ပါယ်မရှိတာပဲ”
“ အသားလွတ်ကြီးသတ်ပစ်လိုက်တာပဲ ”
“ ဒီလိုဇာတ်သိမ်းတာတော့မကောင်းဘူးပေါ့ ”
ပရိသတ်တွေ မကျေမနပ်ရေရွတ်ကာထထွက်သူကထွက် ၊ မိုးတိုးမတ်တပ်ရပ်သူကရပ် ၊ဆက်ထိုင်ရင်း ခပ်ကြောင်ကြောင်ဖြစ်သူကဖြစ် ၊ ရုတ်ရုတ်သဲသဲ ရှိနေကြသည်။
တခြားလူတွေက ဇာတ်လမ်းကိုသာ မကျေနပ်ခြင်းဖြစ်၏။
လှထုံကတော့ သာမန်မကျေနပ်ရုံမကဘဲ ဒေါသအမျက် ခြောင်းခြောင်း ထွက်နေ၏။
သည်ဇာတ်သိမ်းခန်းမှာ ဇာတ်လမ်းသဘောအတိုင်းဒါရိုက်တာတွေ ရိုက်ကူးထားခြင်း ဖြစ်သည်ကို
သဘောမပေါက် ။ လက်မခံ ။
လှထုံသည် နာမည်နှင့်လိုက်အောင် ထုံသူ အသူ ဖြစ်၏။
သူ.စိတ်ထဲတွင်ဇာတ်သိမ်းခန်း၌ဖိုးမိုက်အဖြစ် သရုပ်ဆောင်သောဒွေးသေဆုံးရခြင်းမှာ ဖိုးနီ၏စနက်ဖြစ်ရမည်ဟု သင်္ကာမကင်းဖြစ်နေ၏။
ထို.နောက်ဖိုးနီဆီသို့ မျက်နှာတင်းတင်းဖြင့်လျှောက်သွားသည်။ မပွေးကလည်း မယောင်မလည် လိုက်လာသည်။ ဖိုးနီမှာ သူ.ပရိသတ်သူ့ အပေါ်ကျေနပ်ပါစေတော့ရယ်လို့ သည်ဇာတ်ကားပြမိကာမှ ပိုဆိုးနေသဖြင့် စိတ်ညစ်ရတဲ့ကြားထဲ လှထုံနှင့်မပွေးတို.က သူ.ဆီလျှောက်လာနေသောအခါပို၍လန်.သွားသည်။
“ ဒီမှာ ဖိုးနီ ” ဟုလှထုံခေါ်လိုက်သောအခါ တွန်.ခနဲဖြစ်သွားသည်။
“ နင် ဒီလိုလုပ်တာ ကောင်းသလားဟင်”
“ ငါ ....ငါ ........ဘာလုပ်လို.လဲဟ”
မပွေးကအလိုက်ကမ်းဆိုးမသိဘဲ ........
“ တကယ်တော့ ဒွေးဟာ လူကောင်းတစ်ယောက်ပါ ၊ ဆိုးချင်မိုက်ချင်လို.မဟုတ်ပါဘူးဟ”
“ ဟုတ်ပါတယ်”
“ ဘာ .......ဟုတ်ပါတယ်လဲ”
လှထုံက ရှေ.တစ်လှမ်းတိုးရင်းဟောက်လိုက်ရာ ဖိုးနီယို.ခနဲနောက်ဆုတ်သွားပြီး .........
“ ဟာ .....ဟာ ......မဟုတ်ဘူးလေ ၊ သူဆိုးချင်လို.ဆိုးတာမဟုတ်ပါဘူးလို.ပြောတာဟုတ်ပါတယ်လို.ပြောတာပါ”
ဟုပျာပျာသလဲ ရှင်းရသည်။ ဆက်၍ ........
“ သူကြီးသားကကလိမ်ကျလို့ သူ.ခမျာ ၀ရမ်းပြေးဖြစ်ရရှာတာ၊ သူ.မှာ ဘာအပြစ်မှမရှိဘူး ၊ ဒါနဲ့ များ ”
လှထုံအသံက ပိုကျယ်လာသည်။ လူတွေကလည်း ခပ်လှမ်းလှမ်းမှ ၀ိုင်းကြည့်နေသည်။
ဖိုးနီမှာ ကြောက်လက်စနှင့်ဘာမှတွေးမနေနိုင်တော့ဘဲ ........
“ ငါသတ်တာ မဟုတ်ရပါဘူးဟာ ” ဟုငြင်းလိုက်မိသည် ။
သည်တော့မှ ပိုဆိုးသွား၏။ လှထုံကခါးထောက်လိုက်ပြီး ..
“ ဘာမဟုတ်ရမှာလဲ ၊ ဘာမဟုတ်ရမှာလဲ ၊ ဟိုတစ်ခါနင်ဒွေးကိုအသားမဲတယ်လို.ပြောကတည်းက မသင်္ကာဖြစ်နေတာ၊ငါတို.ကဒွေးကိုအရမ်းသဘောကျလို့ နင်က မနာလိုဖြစ်ပြီးအခုလို
ပက်ပက်စက်စက် ကြံစည်တာ မဟုတ်လားဟင်”
“ မဟုတ်ရပါဘူးဟာ ၊ မဟုတ်ရပါဘူး”
“ ခုမှ ငြင်းမနေနဲ. ၊ နင်ဟာ တော်တော် ယုတ်မာတဲ့ကောင်”
“ ငါ .....ငါတောင်းပန်ပါတယ်ဟာ”
ဖိုးနီမှာမျက်နှာငယ်လေးနှင့်ပြောမိပြောရာပြောနေသည်။
လှထုံကတော့
“ နင့်ကိုငါတစ်သက်မကျေဘူး ၊ မှတ်ထား”
ဟုပြောပြီး မပွေးလက်ကိုဆွဲ၍ ချာခနဲ လှည့်ထွက်သွားလေသည်။
........................
ဖိုးနီသည် ကြံရာမရဖြစ်နေ၏။
တခြားပရိသတ်များအနေဖြင့် ဒွေးကိုသူသတ်တာမဟုတ်ကြောင်း
သိကြသည့်တိုင်သည်လိုဇာတ်သိမ်းတာမျိုးကိုလုံးဝကြိုက်ကြသည် မဟုတ် ။
ဒါဆိုလျှင် ညပွဲပြသည့်အခါ ကြည့်မယ့်သူတောင် ရှိပါဦးမလားလို.စိုးရိမ်စရာဖြစ်နေပြီ။
ခုလိုပရိသတ်နှင့်မကြာခဏ ပြဿနာဖြစ်လို.ဆိုပြီး ဦးကုလားက ခေါက်ဆွဲစက်ထဲ ပြန်ပြောင်းလိုက်မှာလည်းကြောက်ရသည်။
ထို.ကြောင့်အခွေငှားဆိုင်ဆီပြေးပြီးအကူအညီတောင်းရသည်။
အခွေငှားသူက ဖြစ်ပျက်ပုံကိုနားထောင်ပြီး ..........
“ မင်းအောက်စက်က ဘာအမျိုးအစားလဲ ”ဟုမေးသည်။
စီဝမ်းဆိုတော့ ဒါကိုဒီလိုလုပ်ဆိုပြီး အကြံဥာဏ်ပေးသည်။
သေသေချာချာလည်း ရှင်းပြလိုက်သည်။
ဖိုးနီမှာအခုမှ သက်ပြင်းချနိုင်လိုက်ပြီးဝမ်းသာအားရပြန်လာသည်။
ထို.နောက်ရုံရှေ.က ကျောက်သင်ပုန်းမှာ အောက်ပါအတိုင်း ရေးပြီးကြော်ငြာလိုက်သည်။
................................
“ မနက်ကပြသည့်အခွေမှာ မပြည့်စုံသဖြင့်တောင်းပန်ပါသည်။ ယခုညပွဲပြသည့်အခါဒွေးမသေဘဲ ပြန်ရှင်လာပုံကို
ရပ်သပ်ရှုမောဖွယ်တွေ.ရမည်။ နေ.လည်ပွဲကြည့်ထားသူများတစ်ကျပ်တည်းပေး၍
ထပ်ကြည့်နိုင်ပါသည်။”
ဒွေးမသေဘူးဆိုတဲ့သတင်းမှာ ပျံ.နှံ.သွားသဖြင့်ညပွဲချိန်နီးသောအခါ လူတွေကြိတ်ကြိတ်တိုးဝင်ရောက်လာကြသည်။
နေ.လည်ကကြည့်ပြီးလူတွေလည်း တစ်ကျပ်နှင့်ပြန်ကြည့်ရမည်ဆိုသဖြင့်အပြေးအလွှားရောက်လာသည်။ တချို.ကလည်းသူတို.သည် ဇာတ်သိမ်းခန်းကိုသာ ကြည့်လိုခြင်းဖြစ်သဖြင့်ကျေနပ်သွားကြသည်။ အစောကြီးရုံပြည့်သွားသဖြင့်ဆယ့်ငါးမိနစ်လောက် စောပြီးပြလိုက်ရသည်။
ပရိသတ်မှာ ဇာတ်သိမ်းခန်းမှာ ထူးထူးဆန်းဆန်းကြည့်ရမည်ဆိုသဖြင့် စိတ်ဝင်စားပြီး ရင်တမမနှင့်ငြိမ်သက်စွာကြည့်နေကြသည်။
ဤသို.ဖြင့်ဇာတ်သိမ်းခန်းကိုရောက်လာသည်။
.................................
ဖိုးမိုက်အဖြစ်သရုပ်ဆောင်ထားသောဒွေးကလူဆိုးဂိုဏ်းကို ဖြိုခွင်းရန်သွားခါနီး မျိုးသန္တာထွန်းကိုပွေ.ဖက်နှစ်သိမ့်သည်။ ထို.နောက်မြင်းပေါ်တက်သွားသည်။
တောစပ်တစ်နေရာအရောက်တွင် လူဆိုးဂိုဏ်းဝင်တစ်ဦးကသေနတ်နှင့်ပစ်သည်။
ဒွေးသည်မြင်းပေါ်မှပြုတ်ကျပြီး မြေပြင်မှာလိမ့်ထွက်သွားသည်။
ထိုနေရာအရောက်တွင်ဖိုးနီကအခွေအငှားဆိုင်မှသင်ပေးလိုက် သည့်အတိုင်းပင် အသင့်ကိုင်ထားသော “ရီမုဒ်ကွန်ထရိုး”မှ “စတော့” ဆိုသော ခလုတ်ကိုနှိပ်လိုက်သည် ။ ဖန်သားပေါ်တွင်ရုပ်သေဖြစ်သွားသည်။
ထို.နောက် “ ရီဝိုင်း ” ဆိုသော ခလုတ်ကိုဖိ၍နှိပ်ထားလိုက်သည်။ တိပ်ခွေကိုနောက်ပြန်လှည့်ရစ်ခြင်းပင်ဖြစ်သည်။ တီဗီကိုပိတ်ထားခြင်းမပြုသဖြင့် အရုပ်များမှာ တိပ်ခွေရစ်သည့်အတိုင်း နောက်ပြန်လှုပ်ရှားလေတော့သည်။
ထိုအခါဒွေးက မြေပြင်ပေါ်လဲနေရာမှ တစ်ပတ်လှိမ့်ပြီးမြင်းပေါ်စွေ.ခနဲ ပြန်ခုန်တက်သွားသည်။
ထို့ နောက်မြင်းကို နောက်ပြန်စီးသွားသည်။ လူဆိုးကလည်း သေနတ်နှင့်ပစ်ရန်ချိန်ထားရာမှသေနတ်ကိုပြန်ချလိုက်သည်။
ဒွေးသည်တုတ်တုတ် တုတ်တုတ်နှင့်မြင်းကိုနောက်ပြန်စီးသွားပြီးနောက် ရပ်လိုက်သည်။
မြင်းပေါ်မှဆင်းသည်။ နောက်ပြန်လမ်းလျှောက်သည်။
ပြီးတော့ သည်ဘက်လှည့်၍မျိုးသန္တာထွန်းကိုဖက်လိုက်သည် ။
ထိုနေရာအရောက်တွင် ဖိုးနီက ရီမုဒ်ကွန်ထရိုးမှ “ စတော့ ”ဆိုသောခလုတ်ကိုပြန်နှိပ်လိုက်သည်။
ဒွေးနှင့် မျိုးသန္တာထွန်းတို. တစ်ဦးနှင့်တစ်ဦး တင်းကျပ်စွာဖက်ထားစဉ် ရုပ်သေဖြစ်သွားသည်။
......................
“ကဲ ....ဒီမှာတင်ပဲ ပြီးပါပြီ ခင်ဗျာ” ဟု ဖိုးနီက အောင်မြင်ခန်.ညားသောလေသံဖြင့်အော်လိုက်သည်။
တစ်ချိန်လုံးရင်တထိတ်ထိတ်ဖြင့်ကြည့်နေခဲ့ရသောပရိသတ်များသည် ခဏမျှ ငြိမ်သက်နေသည်။
ထို.နောက်ရုတ်တရက် ဝေါခနဲဖြစ်သွားပြီး လက်ခုပ်သံတွေဆူညံသွားသည်။
“ ကောင်းတယ်ဟေ့  ၊ သိပ်ကောင်းတယ်”
“ ဒီလိုမှပေါ့ကွ”
“ တွေ.တယ်မဟုတ်လား ၊ ဒွေးကိုဒီလိုစမ်းလို.ဘယ်ရမလဲကွာ”
စသည်ဖြင့်အလွန်ကျေနပ်အားရစွာပြောကြသည်။
တချို.မှာ ရုံထဲက မထွက်နိုင်သေးဘဲ ဘယ်နေရာမှာ ဘယ်လိုကောင်းတာကွဟု စားမြုံ.ပြန်လို.အားမရနိုင်အောင် ရှိနေကြသည်။ တချို.ကလည်းဇာတ်သိမ်းခန်းကို တစ်ခေါက်လောက်ပြန်ပြပေးပါ။
တစ်ယောက်တစ်ကျပ် ပေးဆိုပေးပါ့မယ်ဟုဖိုးနီကိုစည်းရုံးကြသည်။
ဖိုးနီကလည်းဒီလောက်တော့ လျင်တာပေါ့ ။ သူမှာဒီအခွေအတွက်ပြဿနာတွေတက်ခဲ့ရသည်။
နာမည်လည်း ပျက်ခဲ့ရသည်။ ဒါကိုအဖတ်ဆယ်ဖို.အသည်းအသန်ကြိုးစားထားခဲ့ပြီးမှ အဆင်ချောခဲ့ရတာ။
သည်အောင်မြင်မှုကို တ်ာရုံတန်ရုံနှင့်တော့ အလဲအလှယ်မရနိုင်။
ကိုယ်ခံခဲ့ရသမျှတန်အောင်တော့ ပြန်ယူရမည်။ ထို.ကြောင့် ကြည့်ချင်လျှင် အထူးပွဲအဖြစ် နက်ဖြန်ကျလျှင် အစအဆုံး တစ်ပွဲပြန်ပြပေးမည်ဟု ဈေးကိုင်ထားလိုက်သည်။
အားလုံးလိုလိုကပင် နက်ဖြန်လည်း ထပ်ကြည့်ဦးမည်ဟု ဆိုကြသည်။
“ ဇာတ်သိမ်းခန်းကိုတော့ ပြောင်းမပစ်ပါနဲ.ကွာနော်” ဟုဖိုးနီကိုဝိုင်း၍ မျက်နှာချိုသွေးကြသည်။
ဖိုးနီက ........
“အေးပါကွာ ၊ စိတ်ချပါ” ဟု ခပ်မိန်.မိန်.ကြီး ကတိပေးလိုက်၏။
ဖိုးနီ၏အောင်မြင်မှုမှာ သည်မျှသာမဟုတ်သေး။
နေ.လယ်က အပြတ်ကြိမ်းမောင်းသွားခဲ့သော လှထုံသည် ဖိုးနီရှိရာသို့ ပျူငှာပြုံးရွှင်သောမျက်နှာဖြင့်ရောက်ရှိလာပြီး ......
“ နင်အခုလို အမြင်မှန်ရသွားတာကို ငါသိပ်ဝမ်းသာပါတယ်ဟာ” ဟု လေးလေးစားစားပြောသွားသေးသည်။
ထိုဇာတ်ကားသည်နောက်တစ်နေ.ပြတော့လည်း ကြိတ်ကြိတ်တိုး ရုံပြည့်ရုံလျှံဖြစ်နေသဖြင့်နောက်တစ်နေ.တွင်နှစ်ပွဲထပ်ပြရပြန်သည်။
သူတို.တီဗီရုံရာဇ၀င်တွင် ၀င်ငွေစံချိန်တင်သွားသောဇာတ်ကားကြီးဖြစ်သွား၏။
...............................
ထိုမျှမက “ဒီလိုမြင်းကိုနောက်ပြန်စီးနိုင်တာသူ.တစ်ယောက်ပဲတွေ.ဖူးသေးတယ်” ဆိုပြီးဒွေးမှာလည်း ထိုရပ်ကွက်တွင်နာမည်ကြီးသထက်ကြီးသွားလေတော့သတည်း။
မင်းလူ
(ငိုအားနှင့်ရယ်အား/ ဗွီဒီယိုရုံ (၁) မှ)
(မင်းလူ၏ ၀တ္တုတိုများ ဒီဝတ္တုလေးဟာ ဆရာမင်းလူရဲ့ ငိုအားနဲ့ရယ်အားစာအုပ်ထဲကဖြစ်ပါတယ်။ ဒီဝတ္တုလေးက တော်တော်ရှည်ပါတယ်။ တစ်ပုဒ်လုံးကို ပြန်ရိုက်တင်ပေးဖို့ မဖြစ်နိုင်တော့လို့ အင်မတန်ရယ်ရတဲ့ နေရာလေးကိုပဲ ဖြတ်ပြီး ပြန်ရိုက်တင်ပေးထားတာပါ။ ဆရာမင်းလူရဲ့ မူရင်းဝတ္ထုလတ်မှာတော့ ဒီထက်ပိုပြီးရှည်ပါတယ်။ (မိတ်ဆွေတွေကို ရယ်မောပျော်ရွှင်စေချင်တဲ့ စိတ်နဲ့ အပိုင်း ဖြတ်ပြီး ပြန်တင်ပေးမိတာပါ။ ဒါကို မနှစ်သက်သော ဆရာ့ပရိသတ်များ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်)
မင်းလူဝတ္တုတိုများ
No comments:
Post a Comment