ကမ္ဘာ့အမြင့်ဆုံး
ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီး
ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီး
(လက်ရှိကမ္ဘာ့အမြင့်ဆုံး ရုပ်တုများထဲမှ အမြင့်ဆုံးမှာ မြန်မာနိုင်ငံ ၊
မုံရွာမြို့ ၊ ဗောဓိတထောင် ရပ်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်သည်။ အမြင့် ၁၃၀
မီတာ ရှိပြီး ဂျပန်မှ Ushiku Amida Buddha ရုပ်ပွားတော်ကြီးထက် ၁၀ မီတာ
ပိုမြင့်သည်။)
မုံရွာမြို့ သမ္ဗုဒ္ဓေစေတီ နဲ့ မနီးမဝေးမှာ မဟာဗောဓိတစ်ထောင် ဘုရားကြီး နှင့် ကျောင်းတော်ကြီးကို ဖူးတွေ့ရမှာ ဖြစ်ပါတယ်။ ဗောဓိတစ်ထောင် ဆရာတော် အရှင်နာရဒ ၏ ဗောဓိပင် တစ်ပင် တွင် ဘုရားဆင်းတုတော် တစ်ဆူဖြင့် ဗောဓိပင်ပေါင်း တစ်ထောင်ကျော် နှင့်ဘုရား ဆင်းတုတော်ပေါင်း တစ်ထောင်ကျော် ကို အတူတကွ ဖူးတွေ့ရမှာ ဖြစ်ပါတယ်။
အညာဒေသ မိုးခေါင် ရေးရှား ပြီး ခြောက်သွေ့တဲ့ ဒီလို နေရာမျိုးမှာ ဗောဓိပင်တစ်ထောင် မဆိုထားနှင့် တစ်ပင်ကိုပင် ရှင်သန်အောင် စိုက်ပျိုးဘို့မလွယ်သည့် နေရာဒေသ ဖြစ်ပါသည်။
.
ဗောဓိတစ်ထောင် ဆရာတော်သည် စာသင်သားဘ၀က တီဘီအဆုတ်နာ ဝေဒနာကို ခံစားရဘူးတယ်လို့ ဆိုပါတယ်။ မန္တလေးဆေးရုံကြီးမှာ သုံးလကြာအောင် ကုသခဲ့ပေမယ့် မပျောက်ခဲ့ပါဘူး။ ဇာတိရွာ ကြပ်ရွာသို့ ပြန်ပြီး မမြဲသည့် ခန္ဓာ၏ တရားသဘောကို သိရှိပြီး မရဏ ကမ္မဌာန်း စီးဖြန်းပြီး ကျန်ရှိသေးသည့် အားဖြင့် ကျောင်းဝန်းထဲမှ ဗောဓိပင်ကြီးအား နေ့စဉ် ရေသွန်းလောင်း ပူဇော်ပါတယ်။ ဗောဓိပင်ကြီးအောက်မှာ ဗောဓိပင် အငယ်လေးများ ပေါက် လာသည်ကို တွေ့မြင်ပြီး အိုးထဲထည့်ပြီး နေရာရွှေ့စိုက်ပါတယ်။ အဲဒီ အပင်ငယ်လေးများကို ရွာကြပ်ရွာမှ မုံရွာ ခံတက်ကန်ရွာသို့ ယူဆောင်စိုက်ပျိုးတယ်လို့ မှတ်သားရပါသည်။
၁၃၂၁ ခုနှစ် တပိုတွဲလ တွင် ဆရာတော် အရှင်နာရဒ သည် ခံတက်ကန်ရွာ သို့ရွှေ့ပြောင်း ကျောင်းထိုင်ခဲ့ပါတယ်လို့ မှတ်သားရပါတယ်။ ဆရာတော်ကိုယ်တိုင် ရေလောင်းစိုက်ပျိုးခဲ့သည် ဗောဓိပင်ငယ်လေးပေါင်း ၁၇၀၀ ကျော် အထိ တိုးပွားလာခဲ့ပါတယ်။
မြတ်ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိပင်ကို ရည်မှန်းပြီး စိုက်ပျိုး ပူဇော်ထားတဲ့ နေရာဒေသ ကျောင်းတော်အား မဟာဗောဓိတစ်ထောင် ကျောင်းတိုက်၊ ဆရာတော်အားလည်း မဟာဗောဓိတစ်ထောင် ဆရာတော် ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ပါသည်။
.
ကမ္ဘာပေါ်မှာ အကြီးဆုံး လျောင်းတော်မူဘုရား တစ်ဆူလို့ ဆိုနိုင်မယ့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကိုလည်း ဖိုးခေါင်တောင်တော်မှာ ၁၃၅၂ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (08-01-91) နေ့မှာ ပန္နက်ချပြီး တည်တော်မူပါတယ်။ မြန်မာအခေါ်အဝေါ် ၂၁၅ တောင် ရှည်လျားပါသည်။ ဘုရားကိုယ်တော်၏ အတွင်းဘက်အထိ ၀င်ရောက်ဖူးမြှော် ကြည်ညိုနိုင်ကြပါသည်။
ကိုမျိုး (အညာမြေ)
ကမ္ဘာ့အမြင့်ဆုံး ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီး
(၁) လက်ရှိကမ္ဘာ့အမြင့်ဆုံး ရုပ်တုများထဲမှ အမြင့်ဆုံးမှာ မြန်မာနိုင်ငံ ၊ မုံရွာမြို့ ၊ ဗောဓိတထောင် ရပ်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်သည်။ အမြင့် ၁၃၀ မီတာ ရှိပြီး ဂျပန်မှ Ushiku Amida Buddha ရုပ်ပွားတော်ကြီးထက် ၁၀ မီတာ ပိုမြင့်သည်။
(၂) ကမ္ဘ.ာအမြင့်ဆုံး ရုပ်တုများထဲမှ ဒုတိယအမြင့်ဆုံးမှာ
ဂျပန်နိုင်ငံရှိ Ushiku Amida Buddha ရုပ်ပွားတော်ကြီး ဖြစ်သည်။
အမြင့် ၁၂၀ မီတာ ရှိပြီး ၁၉၉၅ ခုနစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။
(၃) တတိယ အမြင့်ဆုံးမှာ တရုတ်နိုင်ငံရှိ Yellow Chinese Emperors Huangdi
and Yandi ဖြစ်သည်။
အမြင့် ၁၀၃ မီတာခန့်ရှိသည်။
(၄) စတုတ္ထ အမြင့်ဆုံးမှာ ယူကရိန်း နိုင်ငံ Kyivi ရှိ ၊ံHomeland -Mother
ရုပ်တုကြီး ဖြစ်သည်။
အမြင့် ၁၀၂ မီတာခန့်ရှိသည်။ ဒုတိယ ကမ္ဘာစစ် ၏ အမှတ်သညာလည်း ဖြစ်သည်။
(၅) ပဉ္စမအမြင့်ဆုံးမှာ ရပ်ရှား နိုင်ငံ၊ မော်စကို မြို့ရှိ Peter I ရုပ်တု
ဖြစ်သည်။
အမြင့် ၉၆ မီတာခန့်ရှိသည်။
(၆) ဆဌမ အမြင့်ဆုံးမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက် ဆိပ်ကမ်းရှိ Statue
of Liberty ဖြစ်သည်။
အမြင့် ၉၃ မီတာ ခန့်ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးကို
ကိုစားပြုသည်။
ပြင်သစ်နိုင်ငံမှ အမေရိကန်၏ လွတ်လပ်ရေးကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်ခဲ့
ခြင်းဖြစ်သည်။
(၇) သတ္တမ အမြင့်ဆုံးမှာ ရပ်ရှားနိုင်ငံ ၊Volgograd ရှိ Homeland mother ရုပ်တု
ဖြစ်သည်။
အမြင့် ၈၂ မီတာ ခန့်ရှိသည်။
(၈) အဌမ အမြင့်ဆုံးမှာ တရုတ်နိုင်ငံ၊ Lanshan ရှိ Buddha ရုပ်ပွားတော်
ဖြစ်သည်။
အမြင့် ၇၁ မီတာခန့်ရှိသည်။
(၉) န၀မ အမြင့်ဆုံးမှာ ဘရာဇီးနိုင်ငံ၊ Rio de Janerio ရှိ Christ the
Redeemer (Christo Redentor) ရုပ်တုဖြစ်သည်။ အမြင့် ၃၁ မီတာခန့်ရှိပြီး
၁၉၃၁ ခုနစ်တွင် ဖန်တီးသည်။ တန် ၁၀၀၀ ခန့် အလေးချိန်ရှိသည်။
အမျိုးသားဥယျာဉ် ၊ Tijuca တောင်တန်း၊ အမြင့် ၇၁၀ မီတာရှိ Corcovado
တောင်ထိပ်တွင်တည်ရှိသည်။
No comments:
Post a Comment