Thursday, September 27, 2012


အင်းလေး ဟင်္သာတိုင်



အင်းလယ်က ဟင်္သာတိုင် ဟင်္သာရေသောက်တယ်ဆိုရင် အင်းထဲဗြောင်းဆန်ကုန်ပြီ
ဆိုလိုတာက ရေတွေ ဟင်္သာနားရောက်ရင် ရေကြီး လေကြီးဖြစ်တတ်တယ်လေ
အဲ့ချိန်ဆို အင်းအော်တယ် လို့  မှတ်သားဖူးတာပါ
အင်းအော်ရင် လှေမှောက်တာတို့ ဘာဖြစ်တယ် ညာဖြစ်တယ်တို့ ကြားရတတ်တယ်လေ



ရွှေရန်ပြေ ဘုန်းကြီးကျောင်း

ညောင်ရွှေမြို့က အင်းလေး မရောက်ခင်မှာ တွေ့ရတဲ့ ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။
ဒီ ဘုန်းကြီး ကျောင်းလည်း နာမည်ကြီး တိုးရစ် ဆိုတ် ပဲ။ ရှေးခေတ် ပုံစံ ဘုန်းကြီး ကျောင်း မို့လို့ ထင်ပါတယ်။ ဘုန်းကြီးကျောင်း နာမည်က ရွှေရန်ပြေ ပါ၊ အွန်လိုင်းပေါ်မှာ “Shwe Yan Pyay”လို့ရိုက်ထည်။လိုက်ရင် တွေ့နိုင်တဲ့ နာမည်ကျော် ဘုန်းကြီးကျောင်းရှေ့ရောက်ပါတယ် ။
ကျောင်းပြူတင်းပေါက်ကနေ ကိုရင်ငယ် လေးတွေ ပြူတစ်ပြူတစ်နဲ့ ချစ်စရာပုံလေးတွေကို
တွေ့ဖူးကြမှာပါ၊








ကြောင်ခုန်ကျောင်း
အင်းလေးမှာ ကြောင်ခုန်ကျောင်းလို့ နာမည်ကြီးတဲ့ ငါးဖယ်ချောင်ဘုန်းကြီးကျောင်း လည်းရှိပါတယ်။ အင်းထဲကို လာတဲ့သူတိုင်းက ကြောင်ခုန်ကျောင်းကို လိုက်ပို့ပေးပါဆိုပြီး စက်လှေသမားတွေကို ပြောတတ်သလို စက်လှေမောင်းတဲ့သူတွေက ခရီးသည် မပြောရင်လည်း သူတို့ဘာသာ ခရီးစဉ်ကို စီစဉ်ပြီး လိုက်ပြပေးပါတယ်။ ဘုန်းကြီးကျောင်းက ကြောင်လေးတွေလည်း အင်းထဲမှာတော့ စတားပါပဲ။



ယက္ကန်းလုပ်ငန်း
အင်းလေး ရိုးရာ ယက္ကန်းလုပ်ငန်းဖြစ်တဲ့ ပိုးထည်နဲ့ ချည်ထည် ယက်လုပ်တဲ့နေရာဖြစ်ပါတယ်။ ပိုးထည်၊ ချည်ထည်တွေကို အမျိုးသား၊ အမျိုးသမီးဝတ် လုံချည်၊ အင်္ကျီ၊ ပုဝါ အစရှိသဖြင့် အမျိုးမျိုး ယက်လုပ်ပြီး ရောင်းတာပါ။ နိုင်ငံခြားသားတွေအတွက်တော့ အဆင်သင့်ဝတ်လို့ရအောင် ချုပ်ပြီးသားလည်း ရောင်းပါတယ်။ နောက်ပြီး ကြာရိုးက ထွက်တဲ့ ကြာမျှင်ချည်နဲ့ ပုဝါယက်လုပ်ထားတာကို လည်း ထူးထူးဆန်းဆန်း မြင်ခဲ့ရပါတယ်။ ပထမ ကြာရိုးကနေ တဆင့် ကြာချည်ဖြစ်အောင် အရင်လုပ်ပါတယ်။ ပြီးမှ ယက်ကန်းပေါ်တင်ပြီး လိုသလို ယက်ရတာဆိုတော့ လုပ်ရတာ အဆင့်များသလို ပုဝါဖြစ်လာတော့လည်း တန်ဖိုးကြီးပါတယ်။







တီအမ်အမ်

No comments:

Post a Comment