Tuesday, November 13, 2012

မြတ်ဗုဒ္ဓသို့ ဂီတဉ္ဖလီ
(သူတော်စင်တို့လျှောက်တဲ့လမ်း)




ကိလေသာပယ်သတ်တဲ့ မဂ္ဂင် (၈)ပါး
နိဗ္ဗာန်ကို ရောက်စေကြောင်းတရား
ကာယကံ ဝစီကံ မနောကံများ
စင်ကြယ်အောင် ဆုံးမတဲ့တရား။
မှန်ကန်သော စကားကိုပြောဆိုရာ
မှန်ကန်သော အမှုကိုလုပ်ဆောင်ရာ
မှန်ကန်သော အသက်မွေးမှုလုပ်ဆောင်ရာ
သီလတရား (၃) ပါးဖြစ်လာ။

ဒုက္ခတို့ချုပ်ရာ မြတ်နိဗ္ဗာန်လမ်း
မဂ္ဂင်အပေါ် ဆီးလို့တက်လှမ်း
ဒုက္ခတို့ ငြိမ်းရာ  မြတ်နိဗ္ဗာန်လမ်း
သူတော်စင်တို့ လျှောက်တဲ့လမ်း။

ကိလေသာပယ်သတ်တဲ့ မဂ္ဂင် (၈)ပါး
သံသရာက လွတ်စေကြောင်းတရား
ကာယကံ ဝစီကံ မနောကံများ
စင်ကြယ်အောင် ဆေးကြောမယ့်တရား။
မှန်ကန်သော အားထုတ်မှု ရှိစေရာ
မှန်ကန်သော အောက်မေ့မှု နှလုံးမူရာ
မှန်ကန်သော တည်ကြည်မှု စူးစိုက်ရာ
သမာဓိတရား (၃) ပါးဖြစ်လာ

ဒုက္ခတို့ချုပ်ရာ မြတ်နိဗ္ဗာန်လမ်း
မဂ္ဂင်အပေါ် ဆီးလို့တက်လှမ်း
ဒုက္ခတို့ ငြိမ်းရာ  မြတ်နိဗ္ဗာန်လမ်း
သူတော်စင်တို့ လျှောက်တဲ့လမ်း။

ကိလေသာပယ်သတ်တဲ့ မဂ္ဂင် (၈)ပါး
အရိယာတွေ ကျင့်ကြံသောတရား
ကာယကံ ဝစီကံ မနောကံများ
စင်ကြယ်အောင် လမ်းပြတဲ့တရား။
မှန်ကန်သော အယူမျိုး အမြဲယူပါ
မှန်ကန်သော အကြံမျိုး အမြဲကြံပါ
မှန်ကန်သော သီလနဲ့ သမာဓိဖြည့်ပါ
ပညာတရား တစ်ပါးတည်းကျင့်ပါ

ဒုက္ခတို့ချုပ်ရာ မြတ်နိဗ္ဗာန်လမ်း
မဂ္ဂင်အပေါ် ဆီးလို့တက်လှမ်း
ဒုက္ခတို့ ငြိမ်းရာ  မြတ်နိဗ္ဗာန်လမ်း
သူတော်စင်တို့ လျှောက်တဲ့လမ်း။

မြတ်ဗုဒ္ဓသို့ ဂီတဉ္ဖလီ (သူတော်စင်တို့လျှောက်တဲ့လမ်း)









(ဗုဒ္ဓ ဘုရားရှင်သို့ ဂီတဖြင့် ပူဇော်ပါ၏။ သီဆိုသူ ကိုခင်မောင်တိုး ကျန်းမာရေး အမြန်ဆုံး ပြန်လည်ကောင်မွန်လာစေပြီး ဂီတအနုပညာ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ပါစေ။)

No comments:

Post a Comment