Saturday, November 17, 2012

နှစ် ၈၀ ပြည့် ဂျဒ်ဆင်ဗိမာန်တော်
အသင်းတော်အတွက် အမှတ်တရ..


ယုဒသန်ဗိမာန်တော်ဟာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာ ရှိပြီး တက္ကသိုလ်ရဲ့သင်္ကေတတစ်ခုပါ။ ယုဒသန်အသင်းတော်ဟာ အခြားဒေသမှာရှိတဲ့ အသင်းတော်တွေလို မဟုတ်။ ရန်ကုန်တက္ကသိုလ်မှာ ရှိတဲ့ ဆရာ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေ၊ တက္ကသိုလ်ဝန်ထမ်းခရစ်ယာန်တွေအတွက် အရိပ်အာဝါသ တစ်ခုပါ။ ရန်ကုန်တက္ကသိုလ်ကို ၀င်ရောက်လာသမျှ ခရစ်ယာန်အပေါင်းကို အယုတ် အလတ် အမြတ် မရွေး နယ်စည်းမခြား ပြုစုပျိုးထောင်ပေးရမယ့်တာဝန်ရှိပါတယ်။

၁၉၁၉ ခုနှစ်မှာ ရန်ကုန်နှစ်ခြင်းခရစ်ယာန်ကောလိပ်ကို ဆရာယုဒသန်အား ဂုဏ်ပြုပြီး ဂျဒ်ဆင်ကော လိပ် လို့ အမည်ပြောင်းခဲ့တယ်။ ကောလိပ်အသင်းတော်ဟာ ဂျဒ်ဆင်အသင်းတော်(Judson Chapel)ဖြစ်လာတယ်။ ယူပီးငွေ ၆၀၀ ထောက်ပံ့ကြေးရယူခဲ့တဲ့ ယုဒသန်ကောလိပ်ဟာ ၁၉၂၀ မှာ ကာလကတ္တားတက္ကသိုလ်နဲ့ ပြတ်တောက်ပြီး ရန်ကုန်ကောလိပ်နဲ့ပေါင်းစပ်ကာ ရန်ကုန်တက္ကသိုလ်(Rangon University College)လို့ အမည်ပြောင်းခဲ့တယ်။ အဲဒီအချိန်မှာ ကျောင်းသားဦးရေ တိုးပွားလာတဲ့အတွက် စာသင်ကြားရေး၊ နေထိုင်ရေးအတွက် အခက်အခဲဖြစ်လာတယ်။ ဒါကြောင့် အဂ်လိပ်အစိုးရက ရွှေတိဂုံဘုရားလူကြီး ဦးဘကျော်ရဲ့ ၄၀၃ ဧကရှိ မရမ်းခြံကို ၀ယ်ပြီး ရန်ကုန်တက္ကသိုလ်ကို ဆောက်လုပ်ခဲ့တယ်။

၁၉၂၀ မှာ ပေါ်ထွက်လာတဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကိုမကြိုက်လို့ ကျောင်းသားသပိတ်ကြီး ပေါ်လာ၊ ညှိနှိုင်းကြရာက တက္ကသိုလ်အက်ဥပဒေ အတည်ဖြစ်ပြီးမှ သာ မြေကြီး ၀ယ်ယူ ပြင်ဆင်ခဲ့ကြတယ် လို့ သိရတယ်။ ယုဒသန်ကောလိပ်ဆောက်လုပ်ဖို့အတွက် ၄၀၃ ဧက အနက် ၅၆ ဧကကို အစိုးရက လက်ဆောင် အဖြစ် ပေးလှူခဲ့တယ်။ အဆောက်အဦတွေကို ၁၉၂၇ မှာ စတင်ဆောက်လုပ်ခဲ့ရာ ၁၉၃၄ ကျမှ အားလုံးပြီးစီးခဲ့တယ်။ ရွှေဘိုဆောင် နဲ့ ဒဂုံဆောင် Hall တွေကို ၁၉၂၈ က ပြီးစီးခဲ့ပြီဖြစ်လို့ အဆောင်နေကျောင်းသူ ကျောင်းသားတွေဟာ ၁၉၂၈-၂၉ စာသင်နှစ်မှာ အဲဒီအဆောင်တွေကို ပြောင်းနေကြတယ်။

ဂျဒ်ဆင်ဘု၇ားကျောင်းက မဆောက်ရတဲ့အတွက် တက္ကသိုလ်ကခရစ်ယာန်တွေဟာ အဲဒီအဆေင်နှစ်ခု ကြားမှာရှိတဲ့ ထမင်းစားဆောင်အပေါ်ထပ်လေးမှာ ၀တ်ပြုစည်းဝေးတွေ လုပ်ခဲ့ကြရတယ်။ အဲဒီနေရာလေးမှာပဲ ၈ျဒ်ဆင်ဘုရားကျောင်းကို ၁၉၃၁ ဇူလိုင် ၂၇ ရက်နေ့မှာ အုတ်မြစ်ချခဲ့ပြီး၊ ၁၉၃၃ နိုဝင်ဘာ ၁၂ ၇က်နေ့မှာ ဆက်ကပ်နိုင်ခဲ့တယ်။ ကမ္ဘာ့စီးပွားကျဆင်းချိန်၊ မြန်မာ့စီးပွားကျဆင်းချိန်မှာပဲ ဒီမျှခမ်းနားတဲ့ ဘုရားကျောင်းကို ဆောက်လုပ်နိုင်ခဲ့တာ အံ့သြဖွယ်တစ်ပါးပါ။

၁၉၃၆ ကျောင်းသားသပိတ်ပြီးတဲ့အခါ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်က ဦးဖေမောင်တင်။ ၁၉၄၀ မှာ ဒေါက်တာလှဖူးက ဂျဒ်ဆင်ကောလိပ်ရဲ့ ကျောင်းအုပ် ဖြစ်လာခဲ့တယ်။ ကောလိပ်နှစ်ခုပေါင်းပြီး တက္ကသိုလ် လို့ ခေါ်ခဲ့ပေမဲ့ အုပ်ချုပ်ရေးက သီးခြားရပ်တည်ခဲ့ကြတယ်။ စစ်ကြီးပြီးလို့ ကျောင်းပြန်ဖွင့်မှသာ ဂျဒ်ဆင်ကောလိပ် နာမည်ပျောက်သွားပြီး ရန်ကုန်တက္ကသိုလ် အဖြစ် တစ်ခုတည်း ဖြစ်လာခဲ့တယ်။ တက္ကသိုလ်အတွင်းမှာ အင်္ဂလိပ် အစိုးရစစ်တပ်ရဲ့ ယာယီဆေးရုံဖွင့်လှစ်ထားတဲ့အတွက် ၁၉၄၇ ခုနှစ်ကျမှသာ ရန်ကုန်တက္ကသိုလ်ကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့တော့တယ်။

ယုဒသန်အသင်းတော်ဟာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ကောင်းကင်နိုင်ငံရဲ့ တန်ဖိုးတွေဖြစ်တဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သစ္စာရှိခြင်း၊ ကျေးဇူးပြုခြင်း၊ ချစ်ခြင်း၊ ရန်ငြိမ်းစေခြင်း အစရှိတဲ့ ကောင်းမြတ်တဲ့အ၇ည်အသွေးတွေ ကိန်းဝပ်ရင့်ကျက်လာစေဖို့ ဦးစားပေးပြုစုသွားမှာ ဖြစ်ပါတယ်။ ပိတ်လှောင်နေခဲ့တဲ့ ဘ၀ကနေ ပွင့်လင်းလာတဲ့နိုင်ငံရေးအခြေအနေ ဖြစ်လာစေဖို့ လျှောက်လှမ်းနေကြတဲ့ ကာလမှာ ရန်ငြိမ်းခြင်းသာသနာဟာ မရှိမဖြစ် လုပ်ဆောင်ရမယ့်အ၇ာဖြစ်ပါတယ်။

ဂျဒ်ဆင်အသင်းတော်ရဲ့ အဓိကဆောင်ပုဒ်ဖြစ်တဲ့ You Should Know The Truth, The Truth Shall Make You Free…ကို လက်တွေ့ကျကျ လိုက်လျှောက်ဖို့ အားလုံး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။

(You Should Know The Truth, The Truth Shall Make You Free…ဂျဒ်ဆင်အသင်းတော်ရဲ့ဆောင်ပုဒ်ဖြစ်သလို ကျွန်မအကြိုက်ဆုံး ဆောင်ပုဒ်လည်းဖြစ်ပါတယ်။ SMA)

(သိက္ခာတော်ရဆရာ ဦးကျော်ညွန့်ရဲ့ အမှာထဲက ကောက်နုတ်ထားတာပါ)။

Su Mie Aung
November 9, 2012

No comments:

Post a Comment