Wednesday, November 21, 2012

လိမ္မော်ရောင်ကောလိပ်



လေပြေအလာ သစ်ရွက်ကြွေ
ရင်ခုန်သံ စည်းချက်နွေ
ဒီသံစဉ်သီချင်းလေး ညည်းဆိုရင်း သတိရနေ။

ရွှေအိုရောင်နေ့ရက်ရှည်
လိမ္မော်ရောင် ကျောင်ကြီတွေ
ဘယ်အချိန်ပြန်တွေးတွေး လွမ်းစရာလေး။

အတိတ်ဆီကို ဝေ့ဝေ့ဝါးဝေ
ရေးရေးကြည့်ရင်လေ
ပျော်စရာ ကြည်နူးစရာ
ရင်နင့်စရာအဖြစ်များနဲ့
ဘဝကို ရွှေရောင်စိုစေမြ
လိမ္မော်ရောင်ကောလိပ် (သို့မဟုတ်) လှိုင်နယ်မြေ အလွမ်းကျောင်း တက္ကသိုလ်မြေ ။

စာသင်သံ ပျံ့လွင့်ဝေ
ပျော်ရွှင်ရန် အခန့်သင့်အခြေ
အပူအပင်နဲ့ဝေးဝေး တိုင်းပြည်ကလေး အေးချမ်းနေ။

မပိုင်ဆိုင်သူ ဘဝကနေ
ရင်နာစွာမေးပါရစေ
စိုစိုပြေ စိမ်းလန်းကုက္ကိုတန်းလမ်းကလေးရေ။

အတိတ်ဆီကို ဝေ့ဝေ့ဝါးဝေ
ရေးရေးကြည့်ရင်လေ
ပျော်စရာ ကြည်နူးစရာ
ရင်နင့်စရာအဖြစ်များနဲ့
ဘဝကို ရွှေရောင်စိုစေမြေ
လိမ္မော်ရောင်ကောလိပ် (သို့မဟုတ်) လှိုင်နယ်မြေ အလွမ်းကျောင်း တက္ကသိုလ်ရေ ။








(ကောလိပ်နေ့ရက်များ သတိတရအဖြစ်)

No comments:

Post a Comment