ခင်ဝမ်းညနေ အမှတ် ၁၃
(ခင်ဝမ်း ခွဲခွာခြင်း ၁၃ နှစ်ပြည့် သတိတရ ညနေခင်း၊ အင်းလျား ၃၊ ၂၊ ၂၀၁၃)

(ကျောပေးထားတဲ့ ဆံပင်မရှိတဲ့ (ခေါင်းတုံးနဲ့) သူက အိုမောင်ဒီဖြစ်ပြီး
မောင်ဒီဘေးက ဆံပင်ရှည်နဲ့က ပန်းခရမ်းပြာ ကိုရဲလွင်
ပန်းချီကားထဲမှာက ၀ိဇ္ဇာကြီးပါ။)
မ ငို မိ တ ယ် - ကိုေ န ဝ င်း ၊ ခ င် ဝ မ်း
ကန်ရေပြင်မှာ ဟိုတုန်းက
တို့နှစ်ဦးရဲ့အပြုံးလေး အရိပ်ထင်
ကြင်နာသူ
မရှိသောအခါ ဒီအချိန်တွေ ပြန်တွေးနေရင်း
စဉ်းစားမိတဲ့အခါ ပျော်ရတယ်
ကြင်နာနေစဉ် အိပ်မက်ပမာ
လွင့် ပါး ဝေးသွားခဲ့ရတယ်
ရင်မှာနေအပူဆုံးအခါ
ဒီအချိန်ကို မျှော်ဆွေးနေရင်း
ဝမ်းနည်းလွန်းတဲ့အခါ ငိုမိတယ်
ရင်ခုန်သံတွေ
ရေလှိုင်းပမာ
နိမိတ်ပုံတွေ မိုးထက်မှာ
တွေ့မြင်ရ ဒီတစ်ခါ
ကိုယ်လေမော့လို့
ကြည့်မိတယ် အချစ်ဆုံးရေ အပြုံးနဲ့ဖြေ
ကိုယ့်လိုရာကိုယ် သွားရမယ်
အမှတ်မထင်
ထားရစ်ခဲ့တယ်
ပင်အိုကိုမှီ တစ်ယောက်ထဲလေ
ရပ်နားရင်း မင်းအကြောင်းလေးတွေ
ဘယ်ရင်ခွင် ဘယ်အရပ်မှာ
အကြင်နာဆုံး ပျော်မွေ့နေတယ်
ကြားသိခဲ့တဲ့အခါ
မငိုမိတယ်
ရင်ခုန်သံတွေ ရေလှိုင်းပမာ
နိမိတ်ပုံတွေ မိုးထက်မှာ
တွေ့မြင်ရ
ဒီတစ်ခါ
ကိုယ်လေမော့လို့ ကြည့်မိတယ် အချစ်ဆုံးရေ အပြုံးနဲ့ဖြေ
ကိုယ့်လိုရာကိုယ် သွားရမယ်
အမှတ်မထင် ထားရစ်ခဲ့တယ် ………………
No comments:
Post a Comment