Sunday, February 3, 2013

ဒို့တက္ကသိုလ် ဒို့နိုင်ငံ



ဒို့တက္ကသိုလ်ဆိုတဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို ၁၉၂၀ ပြည့်နှစ်
ဒီဇင်ဘာလမှာ စတင်တည်ထောင်ခဲ့တာကြောင့် ဒီနှစ်ဒီဇင်ဘာလမှာ
၉၂ နှစ်ရှိခဲ့ပြီဖစစ်ပါတယ။် နောက်မကြာမြင့်မှီသောကာလမှာ ရန်ကုန်
တက္ကသိုလ်ရာပြည့်ပွဲတော်ကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်မယ်လို့မျှော်
လင့် စောင့်စားမိပါတယ်။

အပြင်စီးမဂ္ဂဇင်းရဲ့ ၂ နှစ်မြောက်နဲ့ ဒို့တက္ကသိုလ်ရဲ့ ၉၂ နှစ်
မြောက်ကြုံနေတာကြောင့် အမှတ်တရဆောင်းပါးမှတ်တမ်းတခုရေး
မယ်လို့ စိတ်ကူးရှိခဲ့ပါတယ။် အဲဒီ အချိန်မှာပဲ မလေးရှားနိုင်ငံ ကွာလာ
လမ်ပူမြို့မှာရှိတဲ့ တေလာတက္ကသိုလ်ရဲ့  တေလာမြန်မာ အသင်း၊ ဒုတိယဥက္ကဌ တာဝန်ယူထားသူ မောင်ဝေယံဝင်းကသူတို့အသင်းရဲ့ ၂-နှစ်
မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ စကားလာပြောပေးဖို့
ဖိတ်ကြားလာပါတယ်။

၁၉၈၇ ခုနှစ်ကစပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နိုင်ငံခြားထွက်အ
လုပ်လုပ်ခဲ့ကတည်းက  ဟောပြောပွဲ စင်မြင့်နဲ့ ဝေးခဲ့ပါတယ။် နိုင်ငံရပ်
ခြားရောက်တော့၊ ဘာသာရေး၊ လူမှုရေး အခမ်းအနားလေးတွေမှာ
စကားပြောဖြစ်ပေမဲ့ အမိမြေမှာနေခဲ့တုန်းကလို ဟောပြောခဲ့တာမျိုး
တော့မရှိပါဘူး။ ၂၅ နှစ်လောက်ဟောပြောစင်နဲ့ အနေဝေးခဲ့တာ
ကြောင့်ရယ်၊ မောင်ဝေယံဝင်းတို့ရဲ့ နှစ်ပတ်လည်အခမ်းအနားမှာ
မြန်မာကျောင်သူလေးတွေရဲ့  မြန်မာ့ယဉ်ကျေးမှုကပွဲနဲ့ ဖျော်ဖြေ တင်
ဆက်မှာကြောင့်ရယ်၊ နိုင်ငံခြားကျောင်းသူ၊ ကျောင်းသားတွေလည်း
တက်ရောက်ကြမယ်ဆိုတာကြောင့်ရယ် သူ့ဖိတ်ကြားချက်ကို ကျွန်
တော်စဉ်းစားခဲ့ရပါတယ်။

ဒါနဲ့ ဘာအကြောင်းပြောပေးစေချင်လဲလို့ ပြန်မေးတဲ့အခါဆရာ
တို့တက်ခဲ့တဲ့ ဆရာတို့တက္ကသိုလ်အတွေ့ အကြုံလေးတွေ သိ
ချင်လို့ပါလို့ မောင်ဝေယံကပြန်ဖြေခဲ့ပါတယ်။ နောက်ပြီး အဲဒီအ
ခမ်းအနားကိုနိုင်ငံခြားကျောင်းသူကျောင်းသားများများတက်မှာမ
ဟုတ်ကြောင်း၊ ကွာလာလမ်ပူမြို့က တက္ကသိုလ်ကောလိပ်တက်
နေကြတဲ့ မြန်မာကျောင်းသူကျောင်းသားတွေလည်း လာကြမယ်
လို့ရှင်းပြပါတယ်။ ဒါနဲ့ကျွန်တော်ကပြောဖို့သဘောတူလိုက် ပါ
တယ်။

မကြာမတင်ကစပြီး Save Irrawaddy ကို အတုယူလို့ Save
University ဆောင်ပုဒ်နဲ့ ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်ထူထောင်
ရေးကိုလှုံ့ဆော်ခဲ့ပါတယ။် ကျွန်တော်တို့ ချစ်မြတ်နိုးတဲ၊့ တန်ဖိုးထား
တဲ့၊ သံယောဇဉ်ကြီးမားတဲ့ “ဒို့တက္ကသိုလ်” အကြောင်းကို ကနေ့လူ
ငယ်တွေ၊ မျိုးဆက်သစ်တွေသိအောင်၊ နားလည်လာအောင်ပြောချင်
ပါတယ်။ ကနေ့လူငယ်တွေ မမက်မောတဲ့၊ တန်ဖိုးထားရမှန်းမသိ
တော့တဲ့ တက္ကသိုလ်အထက်တန်းပညာရေးကို ပြန်လည်မက်မော
လာအောင် ရှင်းပြချင်ပါတယ်။

ကျွန်တော်တို့ငယ်စဉ်ကျောင်းသားဘ၀က တက္ကသိုလ်ကို
သိပ်တပ်မက်ခဲ့ကြတယ်။ တက္ကသိုလ်မြေခြေချနိုင်အောင်၊ တက္ကသိုလ်ပ
ညာသင်နိုင်အောင် ကျိုးစားခြဲ့ကရပါတယ။် အဲဒီအချိန်က တက္ကသိုလ်
ကို အသက် ၁၆ နှစ်ပြည့်မှဝင်ခွင့်ရကြတယ်။ တက္ကသိုလ်ဝင်တန်းဆို
တဲ့ Matriculation ကို ၁၅ နှစ်နဲ့အောင်ကြပေမဲ့ ၁၆ နှစ်မပြည့်ရင်
တက္ကသိုလ် ၀င်ခွင့် မရပါဘူး။ တက္ကသိုလ် ၀င်တန်းအောင်ဖို့က
လည်းခက်ခဲလှပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း
က (၃) ရာခိုင်နှုန်းပဲရှိပါတယ်။

ခုခေတ်မှာရာနှုန်းပြည့်တွေ၊ တန်းလုံး
ကျွတ်၊ ကျောင်းလုံးကျွတ်၊ မြို့လုံးကျွတ်အောင်ကြပေမဲ့၊ ကျွန်တော်
တို့တုံးက တန်းလုံးကျွတ်၊ ကျောင်းလုံးကျွတ်၊ မြို့လုံးကျွတ်၊ စာစစ်
ဌာနတခုလုံး တက္ကသိုလ်ဝင်တန်းမအောင်မြင်ခဲ့ကြတာတွေရှိခဲ့ပါ
တယ်။ နောက်တခါ တက္ကသိုလ်တန်းမှာ 3D ခေါ်တဲ့ ဂုဏ်ထူး (၃) ခု
ပဲအများဆုံးရပါတယ်။ 3D ရတဲ့ကျောင်းသားကျောင်းသူဟာ အတော့်
ကိုတောတ် သဲ့ ပူါ။ ခုခေတမှ်ာလို 5D၊ 6D ဘာသာစဂုံ ဏု ထ်ူးထကွ တ်ာ
မျိုးလုံးလုံးမရှိခဲ့ပါဘူး။

တက္ကသိုလ်မြေခြေချချင်လို့၊ တက္ကသိုလ်ပညာသင်ချင်လွန်း
လို့ ခက်ခဲလှတဲ့ အောင်ချက်နည်းလွန်းလှတဲ့ တက္ကသိုလ် ၀င်တန်းအောင်
ဖို့အပြင်းအထန်ကျိုးစားခဲ့ကြရပါတယ်။အဲဒီလိုပင်ပန်းခံကျိုးစားခဲ့
ရတာတွေဟာ မက်မောတမ်းတတဲ့ တက္ကသိုလ်မြေ ခြေချမိကြတဲ့အ
ခါမှာ ကျိုးစားရကျိုး၊ ပင်ပမ်းရကျိုးနပ်တယ်ဆိုတာကို လက်တွေ့သိ
ခဲ့ကြပါတယ်။ဒို့တက္ကသိုလ်ကိုလွတ်လပ်တဲ့နယ်မြေ၊ မြကျွန်းသာ၊
သစ္စာတရားထွန်းကားရာမြေလို့ အမျိုးမျိုးတင်စားခေါ်ဝေါ်ခဲ့ကြပါ
တယ်။

တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေဟာ လွပ်လွပ်လပ်
လပ် အချုပ်အချယ်မဲ့နေနိုင်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်
ရွေးချယ်ခွင့်ရှိတယ်။ အမှန်တရားမြတ်နိုးတဲ့ ဆယ်ကျော်သက်တွေ
စုဝေးနေတဲ့ ပညာသင်ရာဌာနဖြစ်လို့ မလိမ်မညာ၊ မကောက်ကျစ်ပဲ၊
မှန်ရာကိုပြော၊ မှန်တာကိုလုပ်ရဲကြလို့ သစ္စာတရားထွန်းကားရာမြေ
လို့ တင်စားခဲ့တယ်။ သာယာလှပတဲ့ သဘာဝ အင်းယားကန်ဘေး
မှာ ညို့ညို့စိုင်းစိုင်း သစ်ပင်ပန်းမာလ်စုံတဲ့ မြိုင်တော်ကြီးနဲ့တူလို့
မြကျွန်းညိုလို့လည်းခေါ်ဝေါ်ခဲ့ကြတယ်။

တက္ကသိုလ် ၀င်တ်နးမှာမှာဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲ နှစ်မျိုး
ရှိတယ်။ ကြိုက်တဲ့ဘာသာတွဲယူလို့၊ ဖြေလို့ရတယ်။ ဘယ်ဘာသာ
တွဲနဲ့ပဲ အောင်လာ အောင်လာ တက္ကသိုလ်ရောက်ရင် ကိုယ်ရွေးချင်တဲ့
ဘာသာကို ရွေးသင်ခွင့်ရှိတယ်။ ၀ိဇ္ဇာဘာသာတွဲနဲ့ပဲအောင်လာ
ပေမဲ့ ဆရာဝန်ဖြစ်ချင်ရင် ဆေးကျောင်းတက်နိုင်တဲ့ဘာသာတွဲ၊ အင်
ဂျင်နီယာဖြစ်ချင်ရင် စက်မှုကောလိပ်တက်နိုင်တဲ့ဘာသာတွဲကြိုက်
တာယူလို့ရတယ်။

တက္ကသိုလ်ဝင်တန်းမှာ ဘယ်နှစ်မှတ်ပဲရရမ
ဆိုင်ဘူး။ အောင်မှတ်ကောင်းဖို့လဲ မလိုဘူး။ တက္ကသိုလ်ရောက်ရင်
ပထမပိုင်းဥပစာတန်း (Intermediate)၊ ဒုတိယပိုင်း ၀ိဇ္ဇာတန်း (Bachelor)
၂ နှစ်စီတက်ရတယ်။ ဆေးကောလိပ်၊ စက်မှုကောလိပ် တက်
ချင်တဲ့သူတွေက ဥပစာတန်း ဒုတိယမြောက်နှစ်မှာ အပြင်းအထန်
ကျိုးစားကြရတယ်။ ဥပစာတန်းမှာ တော်မှ၊ တတ်မှ၊ ကြိုးစားမှ စက်မှု
ကောလိပ်၊ ဆေးကောလိပ် ဆက်တက်ခွင့်ရကြပြီး ဆရာဝန၊် အင်ဂျင်
နီယာဖြစ်နိုင်တယ်။ ရိုးရိုးဝိဇ္ဇာ၊ သိပ္ပံဘွဲ့ကိုတော့ ၄ နှစ်သင်ပြီးရင်ဘွဲ့
ရလေ့ရှိကြတယ်။

ခုခေတ်မှာ တက္ကသိုလ်ကောလိပ်တွေကို ဘွဲ့၊ ဒီဂရီလက်မှတ်
ရရေးအတွက်တက်နေကြတယ်။ အလွန်မှားယွင်းတဲ့ အသိအမြင်ပါ
ပဲ။ တက္ကသိုလ်ဆိုတာ အလုပ်လျှောက်ရင် အလုပ်ကောင်းကောင်းရ
ဖို့ပြရတဲ့ ဒီဂရီ၊ ဘွဲ့ဆိုတဲ့ ထမင်းစားလက်မှတ်ပဲထုတ်ပေးတဲ့နေရာ
ဌာနမဟုတ်ပါဘူး။ မိဘ နို့သက်တောင် မစင်သေးတဲ၊့ မိဘ အုပ်ထိမ်း
မှုအောက်က မလွတ်သေးတဲ့ အသက် ၁၆ နှစ်ရွယ်လူငယ်လေးတွေ
ကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်၊ ကိုယ်ပိုင်ဆုံးဖြတ်
ချက်ချတတ်အောင်၊ ကိုယ်ပိုင်လွတ်လွတ်လပ်လပ်တွေးခေါ်တတ်
အောင်၊ စဉ်းစားဆင်ခြင်တတ်အောင်၊ အသိုင်းအ၀ိုင်းနဲ့နေတတ်
အောင်၊ လူလူချင်းပေါင်းသင်းဆက်ဆံတတ်အောင် အတိုချုပ်လိုက်
ရင် လူတလုံး သူတလုံးဖြစ်ပြီး လူလားမြောက်အောင် လေ့ကျင့်ပျိုး
ထောင်ပေးတဲ့ နေရာဌာနကြီးပါ။

ဒို့ တက္ကသိုလ်မှာ အသင်းအဖွဲ့ အမျိုးမျိုးရှိတယ်။ အဆောင်တိုင်း
မှာ သဟာယနဲ့ စာဖတ် အသင်းတွေရှိသလို၊  မြို့ နယ်အသင်း၊ ခရိုင်အ
သင်း၊ ဘာသာရပ်အသီးသီးရဲ့အသင်းတွေရှိတယ်။ တက္ကသိုလ် အနု
ပညာအသင်းကြီး၊ တက္ကသိုလ်ကလောင်အသင်း၊ တက္ကသိုလ် အားက
စားအဖွဲ့၊ ကျောင်းသားသမဂ္ဂ၊ တိုင်းရင်းသားအသင်းတွေ မျိုးစုံရှိ
တယ။် အဲဒီ အသင်းအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေမှာ တက္ကသိုလ်ကျောင်း
သား ကျောင်းသူတွေပါဝင်ပြီး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် စုစုစည်း
စည်းပေါင်းသင်းဆက်ဆံကြတယ်။ ပျော်ပွဲရွှင်ပွဲတွေလုပ်ကြ၊ ပွဲတော်
တွေ၊ နှစ်ပတ်လည် ညစာ စားပွဲတွေနဲ့ ဒို့ တက္ကသိုလ်ဟာ ပညာစုံသင်
ကြရသလို ပျော်စရာအစုံလည်း တွေ့ကြုံခံစားကြရတယ်။

ဒို့တက္ကသိုလ်က အသင်းအဖွဲ့တွေကနေမွေးထုတ်လိုက်တဲ့
နာမည်ကျော် စာရေးဆရာတွေ၊ ရုပ်ရှင်ဂီတအနုပညာရှင်တွေ အ
မြောက်အများရှိသလို၊ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေး
ခေါင်းဆောင်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း ဒို့တက္ကသိုလ်
ကမွေးထုတ်ပေးခဲ့တယ်။ ဒါ့ကြောင့် ဒို့တက္ကသိုလ်ဟာ ကမ္ဘာမှာအ
ထင်ကရတက္ကသိုလ်ကြီးတခု တချိန်တုန်းကဖြစ်ခဲ့တာပေါ့။

ကနေ့ နိုင်ငံရပ်ခြားတက္ကသိုလ်တွေမှာ မြန်မာလူငယ်လေး
တွေ ဒီဂရီ၊ ဘွဲ့ရဖို့အတွက် ဘွဲ့ ကြိုသင်တန်းတွေတော်တော်များ
များတက်နေတာ မြင်တွေ့ရတယ်။ ဒို့တက္ကသိုလ်မှာတက်ခဲ့တဲ့ဒို့
ကျောင်းသားတွေဟာ ဘွဲ့၊ ဒီဂရီရဖို့အတွက် နိုင်ငံခြားသွားပြီး
ဘယ်ဘွဲ့ကြိုသင်တန်းမှ မတက်ခဲ့ကြဘူး။ အနည်းကျဉ်းမပြောပ
လောက်တဲ့ အရေအတွက်လောက်တော့ ရှိကောင်းရှိမှာပါ။အဲဒီ အ
ချိန်က ဘွဲ့ကြိုတန်းတက်တဲ့ ပညာသင်တွေဟာလည်း ဥရောပ တ
က္ကသိုလ်ကောလိပ်တွေမှာသာသွားတက်ခဲ့ကြတာပါ။အာရှမှာလုံး
လုံးမတက်ခဲ့ကြပါဘူး။ ဘာပြုလို့လဲဆိုတော့ ဒို့တက္ကသိုလ်ကြီး
လောက်အဆင့်မြင့်တဲ့ တက္ကသိုလ်အာရှမှာ မရှိခဲ့လို့ပဲ။

တကယ်လို့သာ ကနေ့ဒို့တက္ကသိုလ်ကြီးဟာ တခါတုံးကလို
ပဲ အဆင့်မြင့်တဲ့ တက္ကသိုလ်ဖြစ်နေအုံးမယ်ဆိုရင် ဒို့မြန်မာလူငယ်
ကျောင်းသားတွေဟာ အခုလိုအာရှနိုင်ငံက တက္ကသိုလ်ကောလိပ်
တွေမှာ ဘယ်လာတက်ကြမှာလဲ။ ကိုယ့်မိသားစုနဲ့ မခွဲမခွာ၊ ကိုယ့်
နိုင်ငံမှာပဲနေပြီး ဒို့တက္ကသိုလ်မှာပဲ ဒီဂရီ၊ ဘွဲ့ရအောင် သင်ကြမှာ
ပေါ့။


ဒို့တက္ကသိုလ်ကျောင်းသားဘ၀က မဟာဝိဇ္ဇာ၊ ပါရဂူဘွဲ့ဆိုတဲ့
ဘွဲ့လွန်သင်တန်းတွေအတွက်ပဲ နိုင်ငံခြားသွားတက်ခဲ့ကြတာပါ။ ဒါ
တောင်မှ ဒို့တက္ကသိုလ်ထက် အဆင့်မြင့်တဲ့ ဥရောပနဲ့ အမေရိကန်
နိုင်ငံတွေက တက္ကသိုလ်တွေ သွားတက်ခဲ့ကြတာပါ။ အာရှတိုက်က
ဘယ်နိုင်ငံကိုမှ သွားတက်ဖို့ စိတ်မကူးခဲ့ကြဘူး။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က ပါမောက္ခတဦး ရိုးသားစွာ
နဲ့ ပြောကြားခဲ့တာ ပြန်ပြောရရင် သူတို့ကျောင်းသားဘ၀က အ
နောက်နိုင်ငံက အောက်စဖို့ ၊ ကင်းဘရစ်တက္ကသိုလ်တွေတက်ဖို့
အိမ်မက်တောင်မမက်ခဲ့ကြဘူး။ University of Rangoon ရန်ကုန်
တက္ကသိုလ်တက်ရရင်ပဲ ဒို့ဂုဏ်ယူဝမ်းသာလှပါပြီတဲ့။

နောက်မလေးရှားနိုင်ငံ ပီနန်က ဆရာဝန်ကြီးပြောတာကသူ
တက္ကသိုလ်ဝင်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ် ဆေးကော
လိပ်တက်ချင်လို့ လျှောက်ထားခဲ့ပေမယ့်အရည်အချင်း မပြည့်လို့
လို့ဝင်ခွင့်မရ ခဲ့ဘူး။ ဒါကြောင့် အိန္ဒိယကဆေးကောလိပ်တခုမှာ
သွားတက်ပြီး အမ်ဘီဘီအက်(စ်) ဒီဂရီ ယူခဲ့ရတယ်တဲ့။ဒို့တက္က
သိုလ်နဲ့ပတ်သက်ပြီး နိုင်ငံခြားသားတွေ မှတ်ချက်ပေးခဲ့ကြတာပါ။
ပြီးတော့ သူတို့ကဆက်ပြောသေးတယ်။ အခုမင်းတို့ရန်ကုန်
တက္ကသိုလ်ကြီးကဘယ်လိုဖြစ်သွားတာလဲတဲ့။ နိုင်ငံခြားသားတွေက
တောင်အခုလို စိတ်မကောင်းခြင်းကြီးစွာနဲ့မေးတော့ ကျွန်တော်တို့
ပညာသင်ကြားခဲ့တဲ့၊ ကျွန်တော်တို့ချစ်တဲ့၊ မြတ်နိုးတွယ်တာတဲ့၊ သံ
ယောဇဉ်ကြီးတဲ့ ဒို့တက္ကသိုလ်နဲ့ပတ်သက်ပြီး ဒို့ရင်ထဲမှာအလွန့်အ
လွန် ကြေကြေကွဲကွဲခံစားကြရပါတယ်။

ဒို့တက္ကသိုလ်ကို အာဖရိက၊အာရှနိုင်ငံတွေသာမကပဲဥ
ရောပနိုင်ငံတွေက ကျောင်းသားတွေပါ လာတက်ခဲ့ကြတယ်။ဒို့တ
တွေဟာ နိုင်ငံခြားသားကျောင်းသားတွေနဲ့အတူရင်းရင်းနှီးနှီးချစ်
ချစ်ခင်ခင်ပညာသင်ယူခဲ့ကြတယ်။

“ပညာရွှေအိုး လူမခိုး” ဆိုတဲ့စကားဟာ တတ်ထားတဲ့ပညာကို
ဘယ်သူမှ မခိုးနိုင်ဘူးလို့ ဆိုလိုတာပါ။ ဒါမေမဲ့ခုခေတ်မှာတော့ ပညာ
ရွှေအိုး ဆိုတာ “ရွှေအိုး” ရှိမှ၊ ငွေကြေးပြည့်စုံကြွယ်ဝမှ “ပညာ” ကိုရ
မလိုဖြစ်နေပါပြီ။ သားသမီးတွေရဲ့ကျောင်းစရိတ်၊ ကျူရှင်ဖိုးတွေမ
တတ်နိုင်တဲ့ မိဘတွေဟာ ကိုယ့်သားသမီးကို ပညာတတ်တြွေဖစ်စေ
ချင်ပေမဲ့ ကျောင်းမထားနိုင်ကြတော့ပါဘူး။ နိုင်ငံခြားလွှတ်ပြီး ကျောင်း
တက်ခိုင်းဖို့ဆိုတာ စီးပွားချမ်းသာ အတော်ကိုပြည့်စုံကြမှပါ။

ဒို့တက္ကသိုလ်ကဒီလိုမဟုတ်ခဲ့ပါဘူး။ လူတန်းစားမရွေး၊ ဆင်းရဲ
ချမ်းသာမရွေး၊ တက္ကသိုလ်ပညာသင်နိုင်ကြပါတယ်။ ကျောင်းလခ
တလကျပ်ငွေ ၁၅ ကျပ်၊ ဘော်ဒါဆောင်နေခ တလကျပ်ငွေ ၄၅ ကျပ်
ကို ဘယ်လိုမိဘတွေဖြစ်ဖြစ်တတ်နိုင်တယ်။ အဆောင်ကြေး ၄၅
ကျပ်ဆိုတာ တယောက်ခန်း၊ စားပွဲ၊ ကုတင်၊ ရေ၊မီးအပြည့်အစုံနဲ့ မ
နက်စာ၊ နေ့လည်စာ၊ ညနေလဘက်ရည်နဲ့ ညစာ။ တနေ့လေးကြိမ်
ကျွေးတယ်။ စိတ်ချမ်းချမ်းသာသာနဲ့ စာသင်၊ စာကျက်ပညာ ဆည်း
ပူးနိုင်တယ်။

ဒို့တက္ကသိုလ်တုံးက ကျူရှင်ဆိုတာမရှိဘူး။ တက္ကသိုလ်ဗဟိုစာ
ကြည့်တိုက်မှာ ဖတ်ချင်တဲ့စာအုပ်ငှားဖတ်၊ လေ့လာ၊ ကိုးကားလို့ရ
တယ်။ ဆရာသင်တာအကုန် လိုက်မှတ်ပြီး အလွတ်ကျက်ဖြေရတာ
မျိုး မဟုတ်လို့ ထူးချွန်ဖို့၊ တော်ဖို့ တတ်ဖို့ဆိုတာ ကိုယ့်အပေါ်မှာ
ပဲ မူတည်တယ်။ ခုခေတ်မှာတော့ ကျူရှင်ဖိုးတွေ့ ကြားရတာတောင်
ကြောက်ခမန်းလိလိပဲ။ အထူးသဖြင့် လူ့အသက်ကိုကယ်တင်ရတဲ့
ဆရာဝန်ဆိုတာ တကယ်တတ်တဲ့၊ တော်တဲ့ဆေးကျောင်းသားတွေ
ဖြစ်ရပါမယ်။ စာကျက်ပြီးအောင်ရုံနဲ့ မလုံလောက်ပါဘူး။ ခုတော့
ဆေးကျောင်းတွေမှာတောင် ကျူရှင်ယူကြရတယ်။

၁၉၆၄ ခုနှစ်ကစပြီး တက္ကသိုလ်မှာ New System ဆိုတဲ့
စနစသ် စပ် ညာရေးစခတဲ့ ယ။် နောကပ် ငိုးမှာလည်းစနစသ် စပ် ညာရေး
တခုပြီးတခုလုပ်ခဲ့ကြတယ်။ ကနေ့ထိ စနစ်သစ်ပညာရေး ဘယ်
လောက်များခဲ့ပြီလဲမသိဘူး။ စနစ်သစ်ပညာရေး အောင်မြင်သ
လား၊ မအောင်မြင်သလားဆိုတဲ့အဖြေကို သိချင်ရင်အာရှမှာ အဆင့်
အမြင့်ဆုံး၊ အကျော်ကြားဆုံး ရန်ကုန်တက္ကသိုလ်ကြီးဟာ အဆင့်မ
ရှိတော့တဲ့ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဘ၀ရောက်သွားတာပဲကြည့်
တော့။ ဒါဟာအထင်အရှားဆုံးအဖြေပါ။ ရန်ကုန် ၀ိဇ္ဇာသိပ္ပံကဘွဲ့၊ ဒီ
ဂရီတွေကို ဘယ်နိုင်ငံကမှအသိအမှတ်မပြုကြတာ အားလုံးသိကြ
ပါတယ်။

ဒီတော့ တက္ကသိုလ်တက်ဖို့၊ ဘွဲ့ဒီဂရီရဖို့ ဘယ်သူကစိတ်ဝင်
စားကြတော့မှာလဲ။ တက္ကသိုလ် ပညာကိုဘယ်သူက အထင်ကြီးကြ
တော့မှာလဲ။ နိုင်ငံခြားက ပါမောက္ခတွေ စိတ်မကောင်းခြင်းကြီးစွာ
ခံစားရတာထက် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေက တက္က
သိုလ်နဲ့ ဒို့ပညာရေးကို မမက်မောတာ၊ အထင်မကြီးတာဟာ ဒို့နိုင်
ငံရဲ့ အနာဂတ်အတွက် အဆိုးဝါးဆုံးပါပဲ။

နိုင်ငံတခုရဲ့ ဖွံ့ ဖြိုးတိုးတက်ဖို့ ပညာရေးဟာ အဓိကကျတယ်။
ပညာတတ်တွေထွန်းကားမှ နိုင်ငံရဲ့အနာဂတ်ဟာ တိုးတက်စည်
ပင်သာယာနိုင်မယ်။  ဒါ့ကြောင့် ဘယ်နိုင်ငံကိုပဲ ကြည့်ကြည့် သူတို့နိုင်ငံရဲ့
ပညာရေးစနစ်ကို ကောင်းသထက်ကောင်းအောင် စီမံချက်တွေချ
လုပ်နေကြတယ်။ လူငယ်လေးတွေကိုဘက်စုံပညာရေးတတ်ကျွမ်း
အောင် လေ့ကျင့်ပညာပေးနေကြတယ်။ “ကျောင်းတံခါးတွေဖွင့်၊
ထောင်တံခါးတွေပိတ်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ လုပ်နေကြတယ။်

ဒို့နိုင်ငံမှာ နိုင်ငံတိုင်းလုပ်နေကြတဲ့အဆိုနဲ့ပြောင်းပြန် “ထောင်
တံခါးတွေဖွင့်၊ ကျောင်းတံခါးတွေပိတ်” ခဲ့လို့ ဒို့ပညာရေးစနစ် ခုလို
ကျဆုံးခဲ့ရတာပဲ။ တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကလေးတွေဟာ
တက္ကသိုလ်တွေပိတ်ထားလို့ ယောင်လည်လည် နေခဲ့ကြရတယ်။
တက္ကသိုလ်တွေဖွင့်လိုက်ပြန်ရင်လည်း ၃ လနဲ့ပိတ်၊ ၆ လနဲ့ပိတ်၊
ပြန်ပိတ်သွားခဲ့တော့ဒီကလေးတွေရဲ့အနာဂတ်ဟာ ဘာမှအာမခံ
ချက်မရှိသလိုဒီလူငယ်လေးတွေကလည်းဒို့တက္ကသိုလ်၊ဒို့ပညာရေး
ကို ယုံကြည်မှုမရှိတော့ဘူး။

တက္ကသိုလ်ဝင်တန်းမှာ အမှတ်ကောင်းလို့ ဆေးကျောင်းဝင်
ခွင့်ရတဲ့သူက ဆေးကျောင်းတွေပိတ်ထားတာကို သီးခံမစောင့်နိုင်
တော့ နိုင်ငံခြားကိုထွက် ရရာအလုပ် လုပ်နေကြတာကို သိကြ၊
မြင်ကြမှာပါ။ ဒို့ နိုင်ငံရဲ့ တော်တဲ့ ထက်တဲ့ လူငယ်လေးတွေရဲ့ ဘ၀ဟာ
အညွန့်ချိုးခံရသလို၊  ဒို့ နိုင်ငံအနေနဲ့ လည်း အနာဂါတ်ရဲ့ အရင်းအနှီး
တွေဟာ အလဟဿဖြစ် ပြီး ဆုံးရှုံးခြင်းကြီးစွာနဲ့ ဆုံးရှုးံ ခံခဲ့ရတယ်။

ဒီလိုဒို့တက္ကသိုလ်၊ ဒို့ပညာရေးကျဆုံးခဲ့တော့ ဒို့နိုင်ငံ၊ ဒို့လူ
မျိုးကို ထိခိုက်နစ်နာစေခဲ့တယ်။ ဒို့နိုင်ငံကိုအဆင်းရဲဆုံးနိုင်ငံ စာ
ရင်းမှာ သွင်းလိုက်တော့ ဒို့လူမျိုးတွေ အရှက်ရစေခဲ့တယ်။ ဒို့နိုင်ငံ
ဒို့ လူမျိုးကို ဘယ်သူကမှ အထင်မကြီးတဲအပြင် နှိမ့်ချတဲ့အကြည့်နဲ့၊
သနားစရာကောင်းတဲ့သတ္တ၀ါတွေမျိုးအနေနဲ့နဲ့အကြည့်ခံခဲ့ကြရ
တယ။် နိုင်ငံခြား ထွက်ခဲ့ကြတဲ့ ဒို့ နိုင်ငံသားအများစုဟာ “အနီရောင်စာ
အုပ်”ကလေးကိုင်ရတာရှက်ကြတယ်။မြန်မာလူမျိုး၊မြန်မာနိုင်ငံသား
လို့ ရဲရဲဝံ့ဝံ့ မပြောရြဲကဘူး။မြန်မာဆိုရင် စာမတတ၊် ပေမတတ် ဆင်းရတဲ့
နိုင်ငံသားတွေလို့မြင်ကြ၊ ထင်ကြတာကိုး။

တကယ်တော့ မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံသားဖြစ်ရတာ
ရှက်စရာမဟုတ်ပါဘူး။ နိုင်ငံအနေနဲ့ရော၊ လူမျိုးအနေနဲ့ပါ ဘယ်
နိုင်ငံနဲ့ဖြစ်ဖြစ်၊ ဘယ်လူမျိုးနဲ့ဖြစ်ဖြစ် ယှဉ်နိုင်တယ်။ ပြိုင်နိုင်တယ်။
ဒါပေမဲ့ ပြည်စုံတဲ့နိုင်ငံ၊ တော်တဲ့ထက်တဲ့လူမျိုးက အခုလိုအထင် အ
မြင်ခံရတာ စနစ်မကောင်းလို့ပါ။ စနစ်မကောင်းလို့၊ မမှန်လို့
နိုင်ငံနဲ့ လူမျိုးဟာခုလို ကမ္ဘာ့အလည်မှာ မျက်နှာငယ်နေကြရ
တာပါ။

ဒို့နိုင်ငံဟာဘယ်လောက်ပြည့်စုံတယ်၊ ဒို့လူမျိုးဘယ်လောက်
တော်တယ်၊ ထက်တယ်ဆိုတာပြောပြချင်ပါတယ်။
ကမ္ဘာမှာမြစ်ချောင်းမရှိတဲ့နိုင်ငံတွေ၊ လွင်ပြင်မရှိတဲ့နိုင်ငံတေ၊ွ
မြစ်ချောင်းမရှိတဲ့နိုင်ငံတွေ၊ သစ်တောမရှိတဲ့နိုင်ငံတွေ၊ သမုဒ္ဒရာပင်
လယ်ဆိပ်ကမ်းမရှိတဲ့ နိုင်ငံတွေ အများကြီးရှိတယ်။ ဒါပေမယ့် မြစ်
ချောင်းအင်းအိုင်၊ ပင်လယ်သမုဒ္ဒရာ၊ သစ်တော၊ တောင်တန်း၊ လွင်
ပြင်တွေအားလုံးပြည့်စုံတဲ့ နိုင်ငံဟာ ကမBာမှာရှားတယ။် အဲဒီ ကမBာမှာ
ရှားလှတယ်ဆိုတဲ့ နိုင်ငံတွေထဲမှာ ဒို့နိုင်ငံကထိပ်ဆုံးမှာ ပါတယ်။

မြောက်ဖျား တောင်တန်းကနေ၊ အိန္ဒိယ သမုဒ္ဒယာအထိ စီးဆင်းနေ
တဲ့ ကီလိုနှစ်ထောင်ကျော်ရှည်လျားတဲ့ နာမည်ကျော် ဧရာဝတီမြစ်
ကြီးအပြင၊် ချင်းတွင်း၊ စစ်တောင်း၊ သံလွင်စတဲ့ မြစ်ချောင်းတွေ  အများ
ကြီးရှိတယ်။ ကချင်၊ ရှမ်း၊ ချင်းတောင်တန်း၊ ပဲခူးရိုးမ၊ ရခိုင်ရိုးမ ဆိုတဲ့
တောင်တန်းတွေရှိတယ်။ သစ်တောတွေရှိသလို မြေပြန့်လွင်ပြင်
လည်းရှိတယ်။ အင်မတန်လှပတဲ့ ပင်လယ်ကမ်းခြေနဲ့ ပင်လယ်ဆိပ်
ကမ်းတွေလည်းရှိတယ်။ သဘာဝအနေအထား ကြွယ်ဝမှုဟာ ဒို့နိုင်
ငံမှာ အပြည့်အ၀ရှိတယ်။

ရာသီဥတုမှာရော။ အေးလွန်းတဲ့နေရာရှိသလို၊ ပူတဲ့၊ သမတဲ့
ရာသီဥတုမျှတတဲ့ နေရာတွေရှိတယ်။ နွေ၊ မိုး၊ ဆောင်းဆိုတဲ့ သုံးရာ
သီ ဒို့နိုင်ငံမှာရှိတယ်။ သိပ်အေးတဲ့ အနောက်နိုင်ငံသားတွေက နေ
ဆာလှုံဖို့ အာရှနိုင်ငံတွေလာ အပမ်းဖြေကြရတယ်။ ဒို့နိုင်ငံမှာ မြစ်
ကြီးနား၊ တောင်ကြီးမြို့တွေမှာ သိပ်အေးတဲ့အခါ၊ မန္တလေးဆင်းနေ
လို့ရတယ်။ မန္တလေးမှာ သိပ်ပူရင် သမရာသီဥတုရှိတဲ့ ရန်ကုန်ကို
ဆင်းနေလို့ရတယ်။ သူတို့လိုနိုင်ငံရပ်ခြား တကူးတကသွားပြီး နေ
ဖို့မလိုဘူး။ ရာသီဥတုဟာလည်း ဒို့နိုင်ငံမှာ အလွန်သာတောင့် သာ
ယာရှိတယ်။

သဘာဝသယဇာံတတြွေကညပ့်ါအုံး။ ပြညတ် နတ်ဲ့တနဖိုးအကြီး
ဆုံးပတ္တမြား၊ ကမ္ဘာမှာ အကြီးအမားဆုံးကျောက်စိမ်းတုံးနဲ့ ကျောက်
သံ ပတ္တမြားအစုံ ဒို့နိုင်ငံကထွက်တယ်။ Burmese Teak ခေါ်တဲ့ မြန်
မာ့ ကျွန်းသစ်ဟာ ကနေ့ထိ ကမ္ဘာ့  စံချိန်တင်ထားတဲ့အကောင်းဆုံး
ကျွန်းသစ်ပဲ။ သံ၊ သံဖြူစတဲ့ တခြားသတ္တုတွေနဲ့ Sea Food ခေါ်တဲ့
ရေထွက်အစားအစာတွေလည်း ဒို့နိုင်ငံမှာပြည့်စုံတယ်။

သဘာဝအနေအထား၊ ရာသီဥတု၊ သယံဇာတပစ္စည်းတွေပြည့်
စုံသလို၊ ဒို့နိုင်ငံမှာမွေး၊ ဒို့နိုင်ငံမှာကြီးပြင်းခဲ့ကြတဲ့ ဒို့လူမျိုးကရော။
ကမ္ဘာမှာ အဆင့်အမြင့်ဆုံးတာဝန်ဖြစ်တဲ့ ကမ္ဘာ့ ကုလသမဂ္ဂ အ
ထွေထွေအတွင်းရေးမှုးချုပ်တာဝန်ကို ကနေ့ထိ (၈) ဦးထမ်းဆောင်
ခြဲ့ကတယ။် အဲဒီ (၈) ဦးထဲမှာ ဒို့ နိုင်ငံသာ ဦးသန့်ဟာ  ဟာ လွန်ခဲ့တဲ့ နှစ်
ငါးဆယ်ကတည်းက ပထမဆုံးအာရှတိုက်နိုင်ငံသား တဦးအနေနဲ့
ဒီရာထူး၊ ဒီ တာဝန်မှာ ရွေးချယ် ခန့်အပ်ြခင်း ခံခဲ့ရတယ။် ဘေကင်မွန်း 
က မကြာခင်ကမှ ဒုတိယမြောက်အာရှနိုင်ငံသား တဦးအနေနဲ့
တာဝန်ယူခဲ့တာပါ။

ဦးသန့်လက်ထက်မှာ ကမ္ဘာ့ စစ်အေးတိုက်ပွဲ
ကြီးဖြစ်ြပီး တတယိ ကမBာစစ် ဖြစ်လုနီးနီး ပြင်းထန်ခဲ့တာကို  ဦးသန့် က
ငြိမ်းချမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့တာကြောင့်အတွင်းရေးမှုးချုပ် (၈)
ဦးထဲမှာ နာမညအ် ကောင်းဆုံး၊ အကျြော်ကားဆုံးဖြစ်ခဲ့တယ်။ သက်
တမ်း ၂ ခုခွဲတာဝန်ယူခဲ့ပြီးနောက်၊ နောက်ထပ်သက်တမ်းအတွက်
မေတ္တာရပ်ခံတာကို ကျန်းမာရေးအခြေအနေကြောင့်ငြင်းပယ်ပြီး အ
နားယူခဲ့ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ကြီးမှာ Jalan U Thant
(ဦးသန့်လမ်းမကြီး) နဲ့၊ Taman U Thant (ဦးသန့်ရပ်ကွက်ကြီး)
နှစ်ခုရှိတယ်။  နိုင်ငံခြားသားတွေက U ကို (ဦး) လို့ အသံထွက်
ကြတာကြောင့် ဦးသန့်ကို ယူသန့်လို့ပဲခေါ်ကြတာပါ။ ဘော်နီယို
ကျွန်းက ဆာဘားနဲ့ ဆာရ၀ပ်ပြည်နယ်နှစ်ခုကို ဖိလစ်ပိုင်၊ ဘရူနိုင်း၊
အင်ဒိုနီးရှားနဲ့ မလေးရှားတို့ ပိုင်ဆိုင်မှုအတွက် အငြင်းအခုံဖြစ်ကြ
တဲ့အခါ အထွေထွေအတွင်းရေးမှုး ဦးသန့်ကမလေးရှားနိုင်ငံရဲ့ အုပ်
ချုပ်မှုအောက်မှာ ရှိရမယ်လို့ ဆုံးဖြတ်ပေးခဲ့ပါတယ။်

ဒါ့ကြောင့်  မလေးရှား နိုင်ငံက ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ သံတမန်လမ်းနဲ့ သံတ
မန်ရပ်ကွက်ကြီးကို ဦးသန့်နာမည်ပြောင်းပေးခဲ့ကြတာပါ။ အမေရိ
ကန်နိုင်ငံ၊နယူးရောက်မြို့၊ကုလသမဂ္ဂအဖွဲ့ချုပ်ဘေးကအရှေ့မြစ်ထဲ
မှာရှိတဲ့ ကျွန်းကလေးကိုလည်း ဦးသန့်ကျွန်းလို့အမည်ပေး ဂုဏ်ပြု
ထားပါတယ်။

ကမ္ဘာမှာအမြင့်ဆုံးလို့ဆိုရမဲ့၊ ရဖို့လည်းအလွန်ခက်ခဲလှတဲ့ နို
ဘယ်ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်
လည်းရရှိထားပါတယ်။ နှစ်ပေါင်းများစွာ မြန်မာတွေ အထင်သေးခံရ
ပေမဲ့ ဒီနှစ်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် နိုင်ငံတိုင်းလို
လိုမှာ မြန်မာတွေကို အရင်လိုနှိမ်တဲ့၊ အထင်သေးတဲ့အကြည့်မျိုးနဲ့
မကြည့်ကြတော့ပါဘူး။

ဦးသန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို ကမ္ဘာကျော်လူသိမ
များပေမဲ့ တော်တဲ့၊ ထက်တဲ့မြန်မာလူမျိုးတွေက နိုင်ငံတိုင်းလိုလိုမှာ
ရှိကြပါတယ်။ မလေးရှားက အစိုးရနဲ့ ပုဂ္ဂလိကဆေးတက္ကသိုလ်ကော
လိပ်တွေမှာ မြန်မာဆရာဝန်ကြီတွေအတော်များများ တာဝန်ယူသင်
ကြားပေးနေကြတာပါ။ မလေးဆရာဝန်တွေကိုယ်တိုင် ဒို့ဆေး
ကျောင်းသားဘ၀က ဒို့ ဆရာတွေက မြန်မာ ဆရာတွေပဲလို့ ၀န်ခံပြော
ဆိုလေ့ရှိပါတယ်။ ဒီလိုပဲ မာလာယာ၊တေလာ၊မိုနပ်ခ်ျ၊အိုင်မမ်ယူ
စတဲ့တခြားတက္ကသိုလ်တွေမှာလည်း တခြားဘာသာရပ်တွေကို မြန်မာ
ဆရာတွေ သင်ကြားပို့ချပေးနေပါတယ်။

နိုင်ငံကလည်း သဘာဝအနေအထားရာသီဥတု၊ သယံဇာတပစ္စည်း ပေါကြွယ်ဝတယ်။
ဒီနိုင်ငံမှာ မွေးတဲ့ မြန်မာလူမျိုး တိုင်းရင်းသားတွေကလည်း

တော်တယ်၊ ထက်တယ်၊ ကျြော်ကားတယ။် ဒီတြော့မန်
မာလူမျိုးလို့ပြောရတာ ရှက်စရာ၊ ဂုဏ်ငယ်စရာမရှိပါဘူး။ ခေါင်းကို
မော့၊ လက်မထောင်ပြီး ၀ံ့ဝံ့ကြွားကြွားပြောနိုင်ပါတယ်။ ဒို့နိုင်ငံ ဒို့လူ
မျိုးဟာ ဘယ်သူနှင့်မဆို ယှဉ်နိုင်တယ်။ ရင်ဘောင်တန်းနိုင်တယ်။

ဒီလိုအဖက်ဖက်က ပြည့်စုံနေလို့လဲ ဒို့နိုင်ငံကို Golden Land
(ရွှေနိုင်ငံ) လို့ တင်စားခေါ်ဝေါ်ကြသလို ဒို့ကိုလည်း “ရွှေ” လို့ခေါ်
ခဲ့ကြတာပါ။ ဒါပေမဲ့ ဒို့နိုင်ငံဟာ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်
ခေါင်ြဖစ်ြပီး ဒို့ တတွေမျက်နှာ ငယ်ခဲ့ရတာ  နှစ်ရာစု တစ်ဝက်မျှ ရှိခဲ့ပါပြီ။
လွန်ခဲ့တဲ့ ၆၅ နှစ်ခန့်က ဗိုလ်ချုပ်အောင်ဆန် မကျဆုံးမှီနောက်
ဆုံးပြောခတဲ့  မိန့်ခွန်းမှာ  ဒို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် သူများက 
တလှမ်းလှမ်းရင် ဒို့တတွေက ၄ ၊ ၅၊ ၁၀ လှမ်း လှမ်းမှဖြစ်မယ်လို့မှာ
ကြားခဲပ့ါတယ။် အမျှော်အ မြင်ြကီးမားစွာနဲ့ ဗိုလ်ချုပ်ကမှာကြားခဲ့ပေ
မဲ့ ဗိုလ်ချုပ်ပြောစကားကို မလိုက်နာနိုင်ခဲ့ကြပါဘူး။ ဆယ်စု၊ နှစ်စု၊
သုံးစု နီးပါး ရပ်နေခြဲ့က၊ အထီးကျန်နေခြဲ့ကပါတယ။် ဒါ့ကြောင့်လည်း
တချိန်က ဒို့ နိုင်ငံရဲ့ နောက်မှာ ကျန်နေခဲ့တဲ့ အိမ်နီးချင်း နိုင်ငံတွေဟာ
ဒို့ကိုကျော်သွားခဲ့ကြပါပြီ။ ခရုစားပြီးနှေးတယ်ဆိုတဲ့နိုင်ငံတောင်မှ
ဒို့ရှေ့အတော်ဝေးဝေး ရောက်သွားပါပြီ။ သူတို့ကိုကျော်ဖို့ မဆို
ထားနဲ့ မီဖို့တောင် အတော်ကြိုးစားလုပ်ကြပါအုံးမယ်။

၂၀၁၂ ခုနှစ်မှာတော့ ဒို့နိုင်ငံကြီးဟာ ပြောင်းလဲစပြုသလိုရပ်
နေရာကနေ ရွေ့စပြုလာပါပြီ။ ရွေ့ပင်ရွေ့ငြားပေမဲ့ ခရုရွေ့သလို
ရွေ့လို့ မရပါဘူး။ ဗိုလ်ချုပ် မှာကြားခဲ့တာထက်ပိုပြီး  နှစ်ဆ၊ သုံးဆ လုပ်
ကြပါမှ အရွေ့မြန်ပြီး ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်ကနေ
တချိန်တုံးက ရွှေအတည့်ပြီးတဲ့ ရွှေနိုင်ငံကြီးကို ပြန်တည်ဆောက်နိုင်
ကြပါမယ်။

ဒီလိုရွေ့တဲ့နေရာမှာလည်း ...
ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့  မြန်မာစာ ဖတ်စာထဲက ကဗျာလေးလို......
ဇွန်ပန်းရုံအနီး
လှည်းဘီးကျွံနေသည်
ကူ၍တွန်းပေးကြပါ
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

သမ္မတကြီး ဦးသိန်းစိန် တယောက်တည်း၊ ဒေါ်အောင်ဆန်းစု
ကြည်နဲ့ နှစ်ယောက်တည်းတွန်းလို့ မရနိုင်ပါဘူး။ ပြည်သူတရပ်လုံး
ပြည်တွင်း ပြည်ပမှာရောက်နေကြတဲ့ နိုင်ငံသားအားလုံး တိုင်းရင်း
သားပေါင်းစုံ အထူးသဖြင့် မျိုးဆက်သစ် လူငယ်တွေပါ ပါဝင်ပြီးအား
အင်အပြည့်နဲ့ တွန်းပေးကြပါ။

ဘယ်နိုင်ငံ၊ ဘယ်ဒေသပဲရောက်နေ၊ ရောက်နေ ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုးကိုမမေ့ကြပါနဲ့။ကိုယ်တတ်နိင်တဲ့ဘက်ကကိုယ်လုပ်နိုင်
စွမ်းရှိသ၍ပံ့ပိုးကူညီပေးကြပါ။တွန်းအားလေးတွေကူပေးကြပါ။
ဒို့နိုင်ငံကြီးရွှေနိုင်ငံ ပြန်တည်ထောင်ပြီးတဲ့အခါမှာ ဒို့တက္ကသိုလ်
ရဲ့ ရာပြည့်ပွဲတော်ကြီးကိုလည်း ခြိမ့်ခြိမ့်သဲသဲ စည်စည်ကားကား
မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပကြပါစို့။

သက်ဆွေ
၁၁၊ ၁၁၊ ၁၂
(အပြင်စီးမဂ္ဂဇင်း)

No comments:

Post a Comment