လူကစတင်ရင် ဘ၀ကစတင်တယ်
“လျှောက်ရင် အဆုံးအထိ လျှောက်ပါ။သေသေချာချာနားထောင်၊ရယ်မောဖို့လည်း မမေ့နဲ့။ကစားတဲ့အခါ စိတ်လွတ် ကိုယ်လွတ်ရှိပါစေ။ကျန်းမာခြင်းကို လေ့ကျင့်။အမြဲတမ်းလေ့လာသင်ယူ။
နောင်တမပါဘဲ ရွေးချယ်တတ်ပါစေ။မိတ်ဆွေတွေကိုနှစ်လိုခင်မင်။
ကိုယ်တိုင်ခေါင်းဆောင် မဟုတ်ရင်လည်း ခေါင်းဆောင်ကောင်းရဲ့နောက်ကိုလိုက်။
ကိုယ်နှစ်သက်မြတ်နိုးတာကို ကိုယ်လုပ်။
ကိုယ်လိုချင်တာအားလုံးရနေ သလိုမျိုး ဘ၀ကိုရှင်သန်နေထိုင်သွားကြရအောင်” တဲ့။
ဒါမေရီအန်းရဲ့ နာမည်ကျော် ကဗျာတစ်ပုဒ်ပါ။ တကယ်တော့ ကျွန်တော်တို့အပါအ၀င် လူတွေအားလုံးလိုလိုဟာ ကျွန်တော်တို့အမှန်တကယ်တန်ဖိုးထားတဲ့အရာတွေ၊ ကျွန်တော်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေကို အကြောင်းအမျိုးမျိုးပြပြီး ရွှေ့ဆိုင်းထားလေ့ရှိကြ တယ်။ “တကယ်လို့ အခြေအနေ တွေတည်ငြိမ်သွားရင်...”၊ “ဘွဲ့ရပြီးသွားရင်...”၊ “ဒီသင်တန်း တက်လို့ပြီးရင်...”၊ “အခုထက်ပိုပြီး ပညာတွေအများကြီးတတ်လာခဲ့ရင်...”၊ “တကယ်လို့ က လေးတွေမွေးလာခဲ့ရင်...”၊ “ကလေးတွေ အရွယ်ရောက်သွားရင်...”၊ “ငါကျန်းမာရေးပြန်ကောင်းလာခဲ့ရင်...”၊ “လက်ထပ်ပြီးရင်တော့ ...”၊ “ကွာရှင်းပြီးလို့ လွတ်လွတ်လပ်လပ်ဖြစ်သွားခဲ့ရင်...”၊ “ပင်စင်ယူပြီးတော့မှပဲ...”၊ “ရာထူးတိုးခဲ့ရင်...”၊ “လခတိုးရပြီးမှ ...”၊ “အိမ်ပိုင်ရပြီးမှ...”၊ “...”၊ “...”၊ စသည်ဖြင့် မဆုံးနိုင်တဲ့ကွက်လပ်တွေပြီးတော့မှပဲ ဘ၀ကိုတကယ်စတင်မယ်ဆိုပြီး လူတွေက ရွှေ့ဆိုင်းထားတတ်ကြတယ်လေ။
အဲဒီလို အကြောင်းပြချက်တွေနဲ့ လူတွေက သူတို့ရဲ့ စိတ်ဝိညာဉ်အတွင်းကတကယ့်တောင့်တချက်တွေကို မေ့ထားတတ်ကြတယ်။ ပြီးတော့ သူတို့ကထင်တတ်
ကြသေးတယ်။ သူတို့ရဲ့ တောင့်တမျှော်လင့်ချက်တွေနဲ့ကိုက်ညီအောင်ဘ၀ကြီးက သူ့ဘာသာလိုက်ညှိ ပေးလိမ့်မယ်ပေါ့။ အခြေအနေအ ကြောင်းတရားတွေက သူ့ဘာသာ ပေါင်းစုံလာပြီးတော့ သူတို့စိတ်ကြိုက်အနေအထားမျိုးကိုရောက် လာလိမ့်မယ်လို့လည်း စိတ်ထဲက ကြိတ်ပြီးမျှော်လင့်တတ်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းက ဘယ် တော့မှ ဒီလိုဖြစ်ရိုးထုံးစံမရှိဘူးလေ။ ဘ၀ဟာ နေမြဲ၊ သွားမြဲ၊ ဖြစ် ပျက်မြဲအတိုင်းပဲ ဆက်ပြီးဖြစ်ပျက် သွားလေ့ရှိတယ်။ မျှော်လင့် တောင့်တချက်တွေဟာဘယ်တုန်းကမှ အလိုလို ရောက်လာရိုး ထုံးစံမရှိဘူး။ ရည်မှန်းချက်တွေနဲ့ပတ်သက်ရင် ဘ၀က ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ မျက်နှာလိုက်ရိုး ထုံးစံမရှိဘူး။
လူတွေရဲ့ အနာဂတ် မျှော်မှန်းချက်တွေ၊ အိပ်မက်တွေ၊ နှစ်သက်အားရမှုတွေ၊ ဆနပြည့်ဝမှုတွေ၊ အောင်မြင်မှုတွေ၊ စိတ်ကူး ပုံရိပ်တွေ၊ ပြည့်ဝမှုတွေ၊ ဆနဇော တွေ၊ မျှော်မှန်းချက်တွေအားလုံး ဟာ လူတွေကိုယ်တိုင်က စတင် ခြင်း မရှိဘဲနဲ့ ဘယ်တော့မှ သူတို့ ဘာသာစပြီးဖြစ်တယ်လို့ မရှိပါဘူး။
ကျွန်တော်ငယ်ငယ်တုန်းက အိပ်မက်တစ်ခုရှိခဲ့တယ်။ “ငါ
ကြီးလာရင် အနုပညာသည်တစ် ယောက်ဖြစ်ချင်တယ်”ပေါ့။ အတော်အရွယ်ကြီးလာတဲ့အထိလည်း ဒီအိပ်မက်က အိပ်မက်အတိုင်းပဲ ရှိနေပါသေးတယ်။ ဒါနဲ့ တစ်ရက်မှာတော့ အဲဒီဝါကျကို“ငါဟာအနုပညာရှင်တစ်ယောက် ဖြစ်တယ်”လို့ ပြောင်းပစ်လိုက်တယ်။ ကျွန်တော့်အမြင်ပြောင်းသွားတာနဲ့ ဘ၀ကလည်းတစ်ခါ
တည်းလိုက်ပြောင်းသွားတော့တယ်။ ကျွန်တော်ကိုယ့်ဘ၀ ကိုယ်နောက် ကြောင်း ပြန်ကြည့်လိုက်တဲ့ အချိန် ကျတော့ ကျွန်တော်ဟာ ကိုယ့် ကိုယ်ကိုယ် သတိမထားမိဘဲ အနု ပညာရှင်တစ်ယောက်ရဲ့ ဘ၀ပုံစံ အတိုင်းနေထိုင်မိလျက်သားရှိနေတာကို သွားပြီးသတိထားမိလာတယ်။ ကျွန်တော်သွားနေတဲ့ ဘ၀ လမ်းကမြင်တတ်တဲ့ မျက်လုံးတွေ နဲ့ ကြည့်မှသာ ထင်ထင်ရှားရှား မြင်နိုင်တဲ့လမ်းကြောင်း ဖြစ်နေပါတယ်။
အနုပညာရှင် တစ်ယောက်အဖြစ် ဘ၀ကို စလိုက်တာဟာ ကျွန်တော့်နှလုံးသားရဲ့ တောင့်တ ချက်တွေကို ဖွင့်ထုတ်အကောင်အထည်ဖော်လိုက်တာလည်းဖြစ်ပါတယ်။ အရင်တုန်းက တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတဲ့ ကျွန်တော့် ရဲ့ ဖန်တီးမှုလက်ရာတွေက ရဲရဲ တင်းတင်းထင်ထင်ပေါ်ပေါ် ဖြစ်လာကြတယ်။ ဆုပ်ဆုပ်ကိုင်ကိုင်ပိုပြီးရှိလာတာ သေချာတယ်။ကျွန်တော်ဟာ ဘ၀ရဲ့ပိတ်ထားခဲ့ တဲ့ တံခါးတစ်ချပ်ကိုတွန်းဖွင့်လိုက် ပြီး ကိုယ့်အိပ်မက်အတိုင်းကိုယ်တ ကယ်နေထိုင်နိုင်ပါလားဆိုတာကို သွားတွေ့ရတယ်။
လူတိုင်းရဲ့ဘ၀မှာနေ့စဉ်နေ့တိုင်း မဖြစ်မနေလုပ်နေရတဲ့ အလုပ်တွေအများကြီးရှိနေတတ်ပါတယ်။ ဒါတွေကြားထဲကမှ ကိုယ်တကယ်ရည်ရွယ်တဲ့ ပန်းတိုင်အတွက် မဖြစ်မနေလုပ်ဆောင်သွားဖို့ က အရေးအကြီးဆုံးအလုပ်ဖြစ်တယ်ဆိုတာ သိထားဖို့လိုတယ်။ လူ့ဘ၀ရဲ့ စက္ကန့်တိုင်း၊ စက္ကန့်တိုင်းမှာ ကိုယ့်ရဲ့ ဘ၀ရည်ရွယ်ချက်ကို ပွေ့ဖက်ထွေးပွေ့ထားနိုင်ဖို့ လိုတယ်လေ။ ဘ၀ဟာ သင့်ဘက်ကစတင်လိုက်တာနဲ့ အမှန်တကယ် စတင်တာဖြစ်ပါတယ်။
အိပ်မက်မက်ချင်တယ်ဆိုရင် အခုကစပြီး မက်လိုက်ပါတော့။စိတ်ကူးတစ်ခုရှိတယ်ဆိုရင် ဖွင့်ထုတ်ပြီး အကောင်အထည် ဖော်လိုက်တော့။တပ်မက်တမ်းတမှုတစ်ခုရှိ တယ်ဆိုရင် အဲဒါကို အသိအမှတ် ပြုလိုက်ပါတော့။
မစ်ရှင်တစ်ခုရှိတယ်ဆိုရင် သစ္စာရှိရှိ အကောင်အထည်ဖော် ပါတော့။ရဲရင့်မှုတစ်ခုရှိနေတယ်ဆိုရင် အကောင်အထည်ဖော်လိုက်ပါတော့။အချစ်တစ်ခုရှိနေတယ်ဆိုရင် ထုတ်ဖော်ဖွင့်ဟလိုက်တော့။အရင်းအမြစ်တွေရှိနေတယ် ဆိုရင် ထုတ်ပြီးသုံးစွဲလိုက်တော့။ပေါကြွယ်ဝမှုတွေရှိနေရင် မျှ ဝေလိုက်တော့။ ဘ၀ဟာ သင်အမှန်တကယ်
နေထိုင်တဲ့ အချိန်မှာ အမှန်တကယ် စတင်ပါတယ်။
အိန်ဂျယ်လင်း
7 days news journal
အတွဲ (၁၀)၊ အမှတ်(၄၃)
Ref: 'From Life Begins When You Do ' by Mary Anne Radmacher

No comments:
Post a Comment