Friday, July 13, 2012

ဂစ်တာ



ရိုးရိုး ဂီတာ
ဂစ်တာ (guiter) သည် ဂီတ တူရိယာ တစ်ခုဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကပင် ပုံစံမျိုးစုံ ဖြင့်တည်ရှိခဲ့သည်။ များသော်အားဖြင့် ဂီတာသည် ကြိုးခြောက်ချောင်းပါတက်ပြီး လေး၊ ခုနှစ်၊ ရှစ်၊ ဆယ် နှင့် ဆယ်နှစ် ချောင်းတပ် ဂီတာများလည်း ရှိသည်။

သမိုင်းကြောင်း
ယနေ့  ဂစ်တာတွေရဲ့ ခေတ်စားမှူ့သက်တမ်းဟာ တိုတောင်းသေးတယ်လို့ ယူဆနိုင်ပေမဲ့ နှစ်ပေါင်းထောင်နဲ့ချီတဲ့ ရှည်လျားသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါတယ်။ အာရှမိုင်းနားလို့ ခေါ်တဲ့ဒေသမှာ ဘီစီ ၁၀၀၀ခန့် နဲ့  အီဂျစ်မှာ အေဒီ ၆၀၀ ခန့်လောက်က ဂစ်တာနဲ့ နီးစပ်သော ရုပ်ကြွင်းတွေကို တွေ့ ရှိခဲ့ပါတယ်။ သမိုင်းအထောက်အထားတွေ အရ ဂစ်တာရဲ့  အစောဆုံးတူရိယာဟာ အာရပ်နိုင်ငံတွေကနေ စတင်ဆင်းသက်ပေါက်ဖွားခဲ့ပြီး ဂစ်တာဆိုတဲ့  ဝေါဟာရဟာ ရှေးဂရိလူမျိုးတွေ အမြတ်တနိုး တီးခတ်ခဲ့ကြတဲ့ ကီသာရာ(KITHARA) တူရိယာမှ ဆင်းသက်လာတယ်လို့  လက်ခံထားကြပါတယ်။ အေဒီ ၇၁၁ မှာ မူးဝါး(MOOR)လို့ ခေါ်တဲ့  လူမျိုးစုတွေဟာ အာဆီးရီးယန်း၊ ပါရှန်းနဲ့  ဟီးဘရူးနိုင်ငံတွေကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ကြပြီးတော့ ဂစ်တာဖြစ်လာမယ့် တူရိယာလို့  မှန်းဆရမယ့် ရက်ဘတ်(REBEC) တူရိယာ အပါအ၀င် ကြိုးတပ်တူရိယာ အမျိုးမျိုးကို စပိန်နိုင်ငံကို ယူဆောင်သွားကြပါတယ်။ အဲ့ဒီတူရိယာဟာ ယနေ့ခေတ် ကျွန်တော်တို့မြင်တွေ့ နေရတဲ့  ဂစ်တာပုံစံနဲ့  လုံးဝမတူသေးဘဲ အရွယ်အစား သေးငယ်ပြီး တယောနဲ့ပိုတူပါတယ်။

ဂစ်တာရဲ့ ပုံသဏ္ဌာန် နှင့်ဖွဲ့စည်း ပြုလုပ်ထားပုံဟာ တီးခတ်တဲ့ အခါ လွယ်ကူစေဖို့  နှင့်ခေတ်မှီစေဖို့  တို့ အတွက် ကိုယ်ကြိုက်သလို လုပ်ကြတဲ့ အတွက် သူရဲ့ ခိုင်မာတဲ့ သမိုင်းကြောင်းဟာေ၀၀ါးမှေးမှိန်ခဲ့ရပါတယ်။ ၁၂ရာစုမှာ ဖြစ်ပွားခဲ့တဲ့ ကရူးဆိတ်စစ်ပွဲတွေကနေ ခုခေတ်ဂစ်တာနဲ့  နဲနဲပါးပါးတူတဲ့ ကြိုးတပ်တူရိယာတခုဟာ ဥရောပ တစ်လွှားမှာ ပြန်နှံ့သွားခဲ့ပါတယ်။ အဲ့ဒီတူရိယာဟာ နှစ်ပင်စီပူးထားတဲ့ ကြိုး၎စုံ၊ စုစုပေါင်းကြိုး ၈ချောင်း တပ်တဲ့ တူရိယာဖြစ်ပြီး ဂစ်တန် (GITTERN) လို့ ထင်ရှားခဲ့ပါတယ်။ စောင်းသမား ခရီးသွားတွေ၊ ကဗျာဆရာ ခရီးသွားတွေ၊ အဆိုတော်ခရီးသွားတွေဟာ အဲ့ဒီတူရိယာနဲ့တွဲပြီး သူတို့ရဲ့ ခံစားဖွဲ့သီဆိုမှူ့တွေကို အလယ်ခေတ် (AD 600-1450) တလျှောက်လုံး သီဆိုတီးမှူတ်ခဲ့ကြပါတယ်။

ဂစ်တာရဲ့ တိကျခိုင်မာတဲ့ သမိုင်းကြောင်းကိုတော့ ၁၃ရာစု စပိန်နိုင်ငံက မူးဝါးလူမျိုးတွေရဲ့ သီဆိုဖျော်ဖြေပွဲတွေကနေ စတင်လာခဲ့ပါတယ်။နှစ်ပေါင်း ၃၀၀လောက် ကြာသွားပြီးတဲ့နောက် ၁၆ရာစု စပိန် နိုင်ငံမှာ တီးခတ်တဲ့ ပုံစံသစ်၊ ဟန်သစ်တွေ အပြိုင်အဆိုင်တိုးတက်လာပြီး ဂစ်တာအမျိုးအစားအနေနဲ့ အနည်းဆုံး ၃မျိုးလောက် ခေတ်စားခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ၁။ ကြိုး၆စုံ ၊ စုစုပေါင်း ၁၂ကြိုးတပ် ဗီဟူလာ(VIHVELA) အဲ့ဒီတူရိယာနဲ့ တွဲဖက်တီးခတ်ဖို့  သင်္ကေတဇယားနဲ့ရေးတဲ့ နှစ်ယောက်တွဲတီးလုံး၊ သီချင်း၊ အကသီချင်းတွေ အပါအ၀င် စုစုပေါင်း စာအုပ် ၇ အုပ်ထုတ်ဝေ ခဲ့ပါတယ်။ ၂။ ကြိုး၅စုံ၊ စုစုပေါင်း ၁၀ကြိုးတပ် ဂစ်တာရာအက်စပါနိုလာ(GUITRRA ESPANOLA) ၁၆ရာစု အဆုံးပိုင်းကနေ ၁၇ ရာစုတလျှောက်လုံး ခေတ်စားခဲ့ပြီး လူးတ်(LUTE) တူရိယာရဲ့ နေရာမှာ အစားထိုး အသုံးပြုခဲ့ပါတယ်။ ဂစ်တာရာအက်စပါနိုလာကော့ဒ်နဲ့  တီးဖို့ အတွက်ပဲ အသုံးပြုခဲ့ပြီး၊ ၁၇ ရာစုနှောင်းပိုင်းမှာတော့ ပြင်သစ်ကို စိမ့်ဝင်ပျံနံ့ သွားခဲ့ပါတယ်။ ၃။ ကြိုး၎စုံ၊ စုစုပေါင်း ကြိုး၈ချောင်းတပ် ဂစ်တာရာ(GUITARRA) တို့ ဖြစ်ပါတယ်။

 တိုးတက် ကျယ်ပြန့်လာမှု
၁၇ ရာစုမှာတော့ ဂစ်တာရဲ့အခန်းကဏ္ဍဟာ အရှိန်အဟုန်နဲ့ ပြန့်ပွားဖို့  အစပျိုးတဲ့ကာလ တခုပဲ ဖြစ်ပါတယ်။ ကော့ဒ်နဲ့ တီးတဲ့စနစ်တွေကနေ အနုစိတ်ပိုမိုချဲ့ထွင်ပြီးတော့ ပိုပြီးစိတ်ဝင်စားဖို့  ကောင်းတဲ့လက်ချောင်းတွေနဲ့ တီးခတ်ရတဲ့ ဂန္တ၀င်ဂစ်တာ(CLASSICAL) တီးခတ်ဟန်တွေက အစားထိုးဝင်ရောက်ခဲ့ပါတယ်။ ၁၈ ရာစုမှာတော့ ပြောင်မြောက်ထူးချွန်တဲ့ ဂစ်တာပညာရှင်တွေ ပေါ်ထွန်းလာခဲ့ကြပါပြီ။ ဂီတပညာရှင်ကြီး ပါဂါနီနီ (NICCOLO PAGANINI 1788-1840) ဟာ တယောသာမက ဂစ်တာကိုလည်း ကျွမ်းကျင်တတ်မြောက်တဲ့ ပါရမီရှင်တဦး ဖြစ်ခဲ့ပါတယ်။ သံစုံတီးဝိုင်းကြီးတွေရဲ့ ဂီတခေါင်းဆောင်တွေဖြစ်ကြတဲ့ ဟေဒင် (FRANZ JOSEPH HAYDN 1732-1809)၊ ရူးဘတ်၊ (FRANZ SCHUBERT 1797-1828)၊ ၀က်ဘာ (CARL MARIA VON WEBER 1786-1926)၊ ရိုဆိုနီ (GIOACHINO ROSSINI 1792-1868) တို့ ဟာ ဂစ်တာအတွက် ဂီတသင်္ကေတ တွေကို ရေးစပ်တီထွင် ပေးခဲ့ကြပါတယ်။ထိပ်တန်းလက်မှူ့ ပညာရှင်ကြီးဖြစ်တဲ့ စထရာဒီဗားရီးယပ် ဟာ သူ့ရဲ့နာမည်ကျော် တယောတွေနည်းတူ ဂစ်တာတွေကိုလည်း အထူးပြုလုပ်ပေးခဲ့ပါတယ်။

၁၉ ရာစု အစောပိုင်းမှာ စပိန်နိုင်ငံသား ဖာနန်ဒိုဆော (FERNANDO-SOR 1778-1839) ဟာ အပြည်ပြည်ဆိုင်ရာ အတိုင်းအတာအထိ ကျော်ကြားအောင်မြင်ခဲ့တဲ့ ဂစ်တာပညာရှင်တဦး ဖြစ်ခဲ့ပြီး သူနဲ့ ခေတ်ပြိုင်တွေ ဖြစ်ကြတဲ့ ဒီယွန်ဆီယိုအာကွေဒို (DIONISIO AQUADO)၊ မဲတီအိုကာကက်ဆီ (MATTEOCARCASSI)၊ ဖာဒီနန်ကာရူလီ (FERDINAND CARULLI)၊ မူရိုဂျူလီယန်နီ (MAURO GIULIANI) တို့ဟာလည်း နာမည်ကျော် ဂစ်တာပညာရှင်ကြီးတွေ ဖြစ်ခဲ့ကြပါတယ်။ ဖာနန်ဒိုဆောနဲ့ သူ၏ ခေတ်ပြိုင်တွေဟာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ပို့ချခြင်း၊ ဂီတပွဲတွေ တင်ဆက်ခြင်း စတဲ့ကြိုးပမ်းမှူတွေနဲ့ ဂစ်တာပညာကို ပြန့်ပွားဖို့  လုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်း ဖရန်စစ်စကိုတားရက်ဂါ (FRANCISCO TARREGA 1852-1909) ဟာ အထူးချွန်ဆုံး ဂစ်တာသမားလို့သတ်မှတ်ခံခဲ့ရပြီး မျက်မှောက်ခေတ် ဂန္တ၀င် ဂစ်တာသမား တွေကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

စည်ပင်တိုးတက်လာကာစ အမေရိကန်မှာ စွန့်စားသွားလာသူတွေ၊ နယ်မြေသစ်ရှာဖွေသူတွေဟာ လှည်းတန်းရှည်ကြီးတွေနဲ့ လှည့်လည်သွားလာကြပြီး စခန်းချ အပန်းဖြေတဲ့အခါ မီးပုံဘေးတွေမှာ ဂစ်တာတီးပြီး အမောဖြေ ခဲ့ကြပါတယ်။ ဒီလိုနဲ့ ဂစ်တာတွေဟာလည်း အမေရိကန်၏ နေရာ အနှံ့အပြားလိုက်ပါခဲ့ရပြီး ၁၉ရာစု အကုန် ၁၉၀၀ပြည့်နှစ် တစ်ဝိုက်မှာတော့ အမေရိကန်လူမည်းတွေရဲ့ ရင်တွင်းခံစားချက်တွေက ပေါက်ဖွားလာတဲ့ အာဖရိကနွယ်တဲ့ ရက်ဂေးနဲ့ ဘလူးစ် အမျိုးအစားတွေဟာ အစပျိုးအားယူနေပြီဖြစ်ပါတယ်။ ကျေးလက်တောနေသူတွေရဲ့ ပျော်ပွဲရွှင်ပွဲတွေတိုင်းမှာလည်း ဂစ်တာနဲ့တယောဟာ မပါမဖြစ် အသုံးပြုနေကြပါပြီ။ ဖာနန်ဒိုဆောကနေ စတင်ပြန့်ပွားခဲ့တဲ့ ဂန္တ၀င်ဂစ်တာ တီးဟန်တွေဟာလည်း အဆင့်ဆင့်တိုးတက်လာခဲ့ပြီး စပိန်လူမျိုး အဲန်ဒရက်ဇရိုးဘီးယား (ANDRES SEGOVIA 1893-1987) ရဲ့ ၁၉၂၈ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ဂန္တ၀င်ဂီတပွဲ ကစပြီး ဂစ်တာကို ကမ္ဘာက အာရုံစိုက် လာကြပါတယ်၊ ဇရိုးဘီးယားဟာ သူ့ဘ၀တလျှောက်လုံး ဂစ်တာကို အမြတ်တနိုး တီးခတ်ခဲ့ပြီး ဂစ်တာဂန္တ၀င်တေးသီချင်းပေါင်း များစွာကို ဖွဲ့ဆိုရေးစပ် ခဲ့ပါတယ်။ သူ့ရဲ့ဂစ်တာ လေ့ကျင့်ခန်းတွေကို အမေရိကန်မှာရှိတဲ့ ကျောင်းပေါင်း ၁၆၀၁ ကျောင်းမှာ သင်ကြားပို့ချနေဆဲပါ။ ၁၉၃၀ ပြည့်နှစ်မှာတော့ ဂစ်တာရဲ့ ဖြစ်ပေါ်ပြောင်းလဲမူကို တဟုန်ထိုးတိုးတက်စေတဲ့ ဖြစ်ရပ်တခုကတော့ ရှာလီခရစ်စတင်ဟာ ဂစ်တာရဲ့အသံကို ပစ်ကပ် (PICK UP) တပ်ဆင်ပြီး အထူးချဲ့ထွင်ပေးတဲ့ အသံချဲ့စက်နဲ့ တွဲဖက်ပေးနိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဂစ်တာသံရဲ့ အတိုးအကျယ်ကို လိုအပ်သလို လုပ်နိုင်တဲ့ အနေအထားကို တဆင့်ပြီးတဆင့် ပြောင်းလဲတိုးတက်ရောက်ရှိ လာပါတော့တယ်။

ဂစ်တာအမျိုးအစားများ
ကလက်စီကယ်ဂစ်တာ(Classical Guitar)



Brands Yamaha Yamaha GC21C Rosewood Classical Guitar Style
ကလက်စီကယ်ဂစ်တာကို ဖလဲန်မန်ကိုးဂစ်တာလို့လည်းခေါ်ကြပါသေးတယ်။ ဒီဂစ်တာတွေမှာ ၁၊၂၊၃၊ ကြိုးတွေဟာ နိုင်လွန် ကြိုး တွေဖြစ်ပြီး ၄၊၅၊၆ ကြိုးတွေကတော့ ပိုးမျှင်ပေါ်မှာ ၀ါယာပတ်ထားတဲ့ ကြိုးတွေဖြစ်ပါတယ်။ သူ့နည်းနဲ့သူ တီးခတ်ဖို့အတွက်သာ ဖြစ်ပြီး သံမဏိကြိုးတွေတပ်တီးခြင်း၊လက်ခတ်နှင့် ရမ်သမ်တီးခတ် ခြင်းတို့လုပ်ရင် ဂစ်တာပျက်စီးတတ်ပါတယ်။ ကျွမ်းကျင်သူများတီးပါက စန္ဒရားသံ၊စောင်သံများလို နားဝင်ပီယံဖြစ်ပါတယ်။ စပိန်ရိုးရာဖလဲန်မန်းကိုး ဂစ်တာဟာလဲ တည်ဆောက်ပုံခြင်း တူညီပြီး ဂစ်တာကိုယ်ထည်ကို အသာအယာ ထုခေါက်လေ့ရှိတဲ့ အတွက် လက်တင်ပလစ်စတစ်ပြားကပ်လေ့ရှိပြီး ဂစ်တာကီးကို တယောကီးလို သစ်သားဒလက်တွေတပ်ဆင်တတ်ကြ ပါတယ်။










 ဟော်လို(သို့) အခူးစတစ်ဂစ်တာ(Hallow,Acoustic,Flat top,Steel String Guitar)


Guitar Wallpaper

အသုံးအများဆုံး ဂစ်တာဖြစ်ပြီး သူ့အမည်တွေကတော့ (Hollow,Round whole,Acoustic,Flat top,Steel string) တို့ဖြစ်ကြပါတယ်။ အခူးစတစ်ဂစ်တာကို တစ်ယောက်တည်းရော အပေါင်းအသင်းတွေနဲ့ပါ ၀ိုင်းဖွဲ့တည်းခတ်နိုင်ပါတယ်။ ကလပ်စီကယ် နဲ့ ဖလဲန်းမန်းကိုးတီးနည်းတွေကို ချွင်းချက်ထားပြီး ဖိုခ့်၊ကန်းထရီး၊ရောခ့်တေးသွားတွေကို လက်ချောင်းနဲ့ဖြစ်စေ၊ လက်ခတ်နဲ့ဖြစ်စေ တီးခတ်နိုင်တဲ့အပြင် အသံချဲ့စက်နဲ့ တွဲဖက်ဖို့ ပစ်ကပ်အသေ(သို့)အရှင်တပ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။ များသောအားဖြင့် ၆ကြိုးတပ်ဂစ်တာတွေပဲ ထုတ်လုပ်လေ့ရှိပြီး ၈ကြိုးနဲ့ ၁၂ကြိုးဂစ်တာတွေကလည်းထုတ်လုပ် ကြပါတယ်။ အခူးစတစ်ဂစ်တာတွေမှာ အရွယ်အစားကြီးမားတဲ့ ဂျမ်ဘိုဂစ်တာတွေဟာ ကောင်းမွန်တဲ့ ဘေစ့်သံ ထွက်ရှိပြီး ရမ်သမ်တီးတဲ့ အခါမှာလည်း မြိုင်မြိုင်ဆိုင်ဆိုင် ရှိပါတယ်။ ဒါပေမယ့် စတင်တီးခတ်သူတွေအတွက်ကတော့ ဂျမ်ဘိုဂစ်တာတွေနဲ့ မသင့်တော်ပါဘူး။ အမေရိကန် အိုဗေးရှင်း(Ovation)၊ ဖဲန်ဒါ(Fander)၊ ဂစ်ဘဆင်(Gibson)နဲ့ ဂျပန် ယာမာတာ(Yamaha) ဂစ်တာတွေဟာ အလွန်ကောင်းတဲ့ ဂစ်တာတွေဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့နှိင်ငံခြားဖြစ် ဂစ်တာတွေဟာ ပြည်တွင်းဖြစ်ဂစ်တာတွေရဲ့ အသံလောက်မကောင်း တာတွေရှိပါတယ်။

 ဒိုဘရို (သို့) ရက်ဇဲန်နေတာဂစ်တာ(Dobro,Resonator Guitar)


ဒီဂစ်တာတွေဟာ ရိုးရိုးဂစ်တာတွေနဲ့ တည်ဆောက်ပုံနဲနဲကွာပါတယ်။လက်ခတ်နဲ့ လိဒ်၊ရမ်သမ်တီးခတ်နိုင် သလို ဂစ်တာကို ပက်လက်ထားပြီး ဘယ်လက်က သတ္တုတုံးငယ်နဲ့ ဖိပြီးလည်းတီးခတ်ကြပါတယ်။ ပက်လက်တီးရတဲ့ ဂစ်တာတွေမှာ ကြိုးနဲ့ လက်ပေါက်ပြားကို နဲနဲပိုခွာထားကြပါ တယ်၊ ဂစ်တာရှေ့ဖုံးမှာ သတ္တုပြားအ၀ိုင်းကြီးတပ်ထားပြီး ကိုယ်ထည်နဲ့ဂွင်ကျတဲ့ အသံတုန်နှုန်းတွေကို တုန့်ပြန်မှုကောင်းအောင်လုပ်ထားပါတယ်။ ဟာဝိုင်အီ ဂစ်တာသမားတွေဘလူးစ် နဲ့ ဂျဲဇ် ဂစ်တာသမားတွေရဲ့ အသည်းစွဲဂစ်တာတစ်မျိုးဖြစ်ပါတယ်။

ဆီမီ - အခူးစတစ်ဂစ်တာ(Semi - Acoustic Guitars)














ဒီဂစ်တာရဲ့ အခြားနာမည်တွေကတော့ ပလက်ထရမ်ဂစ်တာ (Plectrum guitar) အာ့တောပ့်ဂစ်တာ (Archtop guitar) နဲ့ အက်ဖ်ဟိုလ်းဂစ်တာ (F hole guitar) တို့ဖြစ်ကြပါတယ်။ဆောလစ်ဂစ်တာတွေထက် ပေါ့ပါးပြီးရိုးရိုးဂစ်တာလိုတီးခတ်နိုင်တဲ့ အပြင်ဂစ်တာအသံချဲ့စက်နဲ့လည်း တွဲဖက်တီးခတ်နိုင်ပါတယ်။ဒီနေ့ ဘလူးစ် နဲ့ ဂျဲဇ်ဂစ်တာ အကျော်အမော်တွေရဲ့ လက်စွဲဂစ်တာတစ်မျိုးဖြစ်ပါတယ်။

 ဆောလစ်ဂစ်တာ (Solid Guitars)


812v pacifica electric guitar


ဒီဂစ်တာတွေကို အီလက်ထရစ်ဂစ်တာ (Electric guitar) လို့လည်းလူသိများကြပါတယ်။ဂစ်တာအသံချဲ့စက်နဲ့ပဲ တီးခတ်ဖို့ ပုံစံထုတ်လုပ်ထားတဲ့ အတွက် အသံအရည်အသွေးဟာ ပစ်ကပ်တွေပေါ်မှာပဲ မူတည်ပါတယ်။ကြိမ်နှုန်းတုန့်ပြန်မှုကတော့ လက်ပေါက်ပြား၊ကိုယ်ထည်နဲ့ ပစ်ကပ်အထားအသို ပေါ်မှာမူတည်ပါတယ်။ ဆောလစ်ဂစ်တာတွေနဲ့ ဆီမီ - အခူးစလစ်တစ်ဂစ်တာတွေဟာ တီးခတ်တဲ့ အခါမှာ လွယ်ကူပြီး သက်တောင့်သက်သာ ရှိအောင်ထုတ်လုပ်ထားတဲ့ အပြင် ကြိုးအထူအပါးလည်းစိတ်ကြိုက် ရွေးပြီးတပ်ဆင်နိုင်တာကြောင့် ခေတ်ပေါ်ဂစ်တာသမားတွေအားလုံးက နှစ်သက်စွာ အသုံးပြုကြပါတယ်။နာမည်ကြီးဆောလစ်ဂစ်တာတွေကတော့ ဂစ်ဘဆင်၊ဖဲန်ဒါ၊အိုင်ဘားနက်ဇ်၊ယာမာယာ တို့ဖြစ်ကြပါတယ်။

 စတိန်းဘာဂျာ ဆောလစ်ဂစ်တာ (Steinberger Solid Guitars)



ဒီဂစ်တာတွေနဲ့ ရိုးရိုးဆောလစ်ဂစ်တာတွေရဲ့ အဓိက ကွာခြားချက်ကတော့ ကီးတပ်ဆင်ထားတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ စတိန်းဘာဂျာစနစ်မှာ ကီးဟာဂစ်တာရဲ့ခေါင်းပိုင်းမှာမရှိပဲ ကိုယ်ထည်မှာတပ်ဆင်ထားတာကလွဲလို့ ကျန်တာဘာမှမပြောင်းလဲမှုမရှိပါဘူး။ဆောလစ်ဂစ်တာတွေဟာ ကိုယ်ထည်ပုံသဏ္ဌာန်လွပ်လပ်မှုမရှိတာကြောင့် မျှားဦးပုံ၊ ရဲဒင်းပုံ၊ စာတိုက်ပုံးပုံ၊ အရိုးခြောက်ပုံ၊ အမျိုးသမီးပုံ စတဲ့ ပုံဆန်းတွေထုတ်လုပ်လေ့ရှိပါတယ်။ဒါပေမယ့် ဘယ်ဂစ်တာပဲ ဖြစ်ဖြစ် ပုံဆန်းဖို့ထက် အသံနဲ့ တီးခတ်ရလွယ်ကူမှုရှိဖို့ ပိုအရေးကြီးပါတယ်။

ကီတာရာဂစ်တာ (The Kitara guitar)




Kitara နောက်ဆုံးပေါ် ဒီဂျစ်တယ် toch screen ကြိုးမဲ့ လျှပ်စစ်ဂစ်တာပါ....

သာမာန်ဂစ်တာများမှာပါရှိတဲ့ သမားရိုးကျ သံမဏိကြိုးများအားတီးခတ်ရာတွင်သုံးသည့် ပလက်ထရမ်
( plectrum ) မလိုပဲ ၎င်းအစား လက်ချောင်းထိပ်ဖျားလေးများဖြင့် တို့ ထိတီးခတ်နိုင်မည့် ကြိုးခြောက်
ချောင်းပုံစံသရုပ်ပြပါရှိမည့် ဖန်သားမျက်နှာပြင်တစ်ခုပါရှိမှာဖြစ်ပါတယ်...
ကြိုးညှိစရာမလိုတာမို့ တီးခတ်ရာမှာပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်...

ဂစ်တာရွေးချယ်ခြင်း
စတီးမယ့်သူအတွက်ဂစ်တာကောင်း၊ မကောင်း အရေးမကြီးဘူးလို့ထင်တတ်ကြပါတယ်။ အမှန်ကတော့ အတ်ာလေးအရေးကြီးပါတယ်။ မတီးတတ်သေးတော့ ဂစ်တာရွေးရာမှာ အခက်အခဲ ရှိနိုင်ပေမယ့် အလွယ်တကူသိနိုင်တဲ့ ယေဘူယျအချက်လေးတွေကိုဖော်ပြပါ့မယ်။ဥပမာ - ဈေးတူတဲ့ ဂစ်တာသုံးလုံးရွေးချယ်မယ်ဆိုကြပါစို့ ၊သုံးလုံးစလုံးရဲ့ အသံညီနေအောင်ညိုပေးဖို့ အကူအညီင်္တောင်းပါ။ပြီးပြီဆိုလျှင် ကျနော်ပြောတဲ့အချက်လေးတွေနဲ့ စစ်ဆေးကြည့်ရမှာပါ။

-    တစ်လုံးစီကိုလက်အားညီမျှအောင်ချိန်ဆပြီး တီးကြည့်ပါ။ - ပိုကျယ်တဲ့ဂစ်တာက ပိုကောင်းပါတယ်။
-    ဂစ်တာတစ်လုံးစီကို မကြည့်ပါ။ - ပိုပြီးပေါ့တဲ့ ဂစ်တာက ပိုကောင်းပါတယ်။
-    လက်ပေါက်ပြားရဲ့ ၁၄ကွက်မြောက်လောက်မှာ ကြိုးနဲ့လက်ပေါက်ပြားရဲ့ အကွာအဝေးကိုချိန်ဆကြည့်ပါ။ - ကြိုးပိုနိမ့်တဲ့ဂစ်တာကပိုကောင်းပါတယ်။
-    လက်တံကိုနှိုင်းယှဉ်ကြည့်ပါ။ - မတုတ်လွန်း မထူလွန်းတဲ့ဂစ်တာက ပိုကောင်းပါတယ်။
-    ကြိုးတစ်ချောင်းစီကို ကိုယ်ထည်ဘက်ကို တစ်ကွက်ချင်းနှိပ်ကြည့်ပါ။ - ကြိုးမညိတဲ့ ဂစ်တာကပိုပြီးကောင်းပါတယ်။
-    နောက်ဆုံးအချက်ကတော့ သိကြတဲ့အတိုင်း ပိုပြီးလက်ရာသပ်ရပ်တဲ့ဂစ်တာကပိုကောင်းပါတယ်။

ဂစ်တာအဟောင်းဆိုလျှင်လည်းဒီအချက်တွေနဲ့ ကိုက်ညီမှုရှိမရှိချိန်ဆပြီး ၀ယ်နိုင်ပါတယ်။ ပထမဆုံးသော ကိုယ့်ရဲ့ ဂစ်တာကို အလေးထားရွေးချယ်ဖို့မှာရတာက မသင့်လျှော်တဲ့ ဂစ်တာနဲ့စမိရင် စိတ်ပျက်လက်လျှော့လေ့ရှိကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ပုံဆန်းတာကိုမကြည့်ဘဲ ကိုယ်နဲ့အဆင်ပြေဖို့ကို အလေးထားရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။

ဂစ်တာနှင့် ဂီတအဖွဲ့များ၏ ထိုးဖောက်လာမှု
ရော့ခ်အင်ရိုး (ROCK AND ROLL) လူငယ်အဆိုတော် ပရက်စလေဟာ ၁၉၅၆ မေလမှာ ထုတ်ဝေခဲ့တဲ့ (HEART BREAK HOTEL) ဓါတ်ပြားနဲ့ ထိပ်ဆုံးကို ရောက်ရှိခဲ့ပြီး သူ့ရဲ့ဂစ်တာလွယ်ပြီး သီချင်းဆိုဟန်တွေကြောင့် လူငယ်ထုကြားမှာ ဂစ်တာဟာ အရှိန်အဟုန်နဲ့ ပြန့်ပွားခဲ့ပါတယ်။ ၁၉၆၀ နှစ်တွေမှာ ရိုးရာဘလူးစ် (TRADITIONAL BLUES) နဲ့ ခေတ်ပေါ်ဂီတ (WHITE POP MUSIC) ရောမွှေထားတဲ့ (RHYTHM AND BLUES (or) R n B) ဂီတ အမျိုးအစား ခေတ်စားလာခဲ့ပြီး လူမည်း ဂစ်တာသမား ချပ်ဘာရီ (CHUCK BERRY) ရဲ့ လက်သံတွေဟာ အင်္ဂလိပ်ခေတ်ပေါ် ဂီတအုပ်စုတွေ အပေါ်မှာ သြဇာလွှမ်းမိုး သက်ရောက်ခဲ့ပါတယ်။

ပရက်စလေရဲ့ သီချင်းတွေကြားမှာ ကြီးပြင်းလာတဲ့ လူငယ်တွေထဲကနေ ဖွဲ့ စည်းဖြစ်ပေါ်လာခဲ့တဲ့ အင်္ဂလိပ်ပေါ့နဲ့ ရော့အဖွဲ့ ဖြစ်တဲ့ (BEATLES 1960) ဟာ ကမ္ဘာမှာ အကြီးအကျယ် အောင်မြင်ခဲ့ပြီး ဂစ်တာကို ခေတ်ပေါ်ဂီတရဲ့ အဓိကမဏ္ဍိုင် တူရိယာ အဖြစ်ကို ရောက်ရှိအောင် ပို့ ဆောင်ပေးခဲ့ကြပြန်ပါတယ်။ (COUNTRY) နဲ့ (JAZZ) ဂစ်တာအကျော်အမော် တွေဖြစ်ကြတဲ့ ချက်အက်ကင် (CHETATKINS)၊ မာ့ခ်နော်ဖလာ (MARKNOPELER) နဲ့ ရွိုင်းကလာစ် (ROY CLARK) တို့နဲ့ ကမ္ဘာကျော် ဂစ်တာတီးဝိုင်း VENTURES တို့ရဲ့ ဂစ်တာလက်သံတွေဟာ ဂစ်တာဝါသနာရှင်တွေ အများအပြားကို ဖြစ်ပေါ်စေခဲ့ပါတယ်။ယနေ့ ကမ္ဘာမှာ အင်အားကောင်းနေတဲ့ ROCK ဂီတရဲ့ Distortion အသံတွေ. Feedback အသံတွေ၊ wah wah effect စတာတွေရဲ့ ဖခင်ကြီးတဦးကတော့ လူမည်းဂစ်တာသမား ဂျင်မီဟန်းဒရပ် (JIMMI HENDRIX 1942-1970) ဘဲဖြစ်ပါတယ်။ သူ့ရဲ့ ဘယ်ဖက်နဲ့ ဂစ်တာကို ကျွမ်းကျင်စွာ တီးခတ်ခဲ့တဲ့ ဟန်ပန်တွေဟာလည်း လူငယ်ပရိသတ်တွေကို အရူးအမူးဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

 ဂစ်တာထုတ်လုပ်ရေး
ကမ္ဘာကျော် ဂစ်တာကုမ္ပဏီကြီးများ ဖြစ်ကြတဲ့ ဂစ်ဘဆင် (GIBSON)၊ ဖန်ဒါ (FENDER) တို့ဟာလည်း ဂစ်တာအမျိုးအစား အမျိုးမျိုးကို ပုံစံပေါင်းမြောက်များစွာနဲ့ ထုတ်လုပ်ခဲ့ကြပါတယ်။ ယနေ့ခေတ် အချိန်အခါတွင် လျှပ်စစ်ဂစ်တာ (ELECTRIC GUITAR) တွေနဲ့ အသံကို အမျိုးမျိုးပြောင်းနိုင်တဲ့စက် (GUITAR EFFECT PROCESSOR )၊ အသံချဲ့စက် (AMPLIFIER) တွေကို တဆင့်ထက်တဆင့် ပိုမိုကောင်းမွန် တိုးတက်လာအောင် တီထွင်ဖန်တီး အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

ယနေ့ ဂီတအမျိုးအစားများ ဖြစ်ကြတဲ့ ဂန္တ၀င်ဂီတ (CLASSICAL)၊ စပိန်ဖလန်မန်ကို (FLAMINCO)၊ ဘလူးစစ် (BLUES)၊ ဂျက်ဇ် (JAZZ)၊ ကလပ်စစ်ရော့ခ် (CLASSIC ROCK)၊ ရော့ခ်အဲန်ရိုး (ROCK n ROLL)၊ ရစ်သန်အဲန်ဘလူးစ် (R n B)၊ ကျေးလက်ရော့ခ် (COUNTRY ROCK)၊ ဟာ့ဒ်ရော့ခ် (HARD ROCK)၊ ဟဲဗီးရော့ခ် (HEAVY ROCK)၊ မယ်တယ်ရော့ခ် (METAL ROCK)၊ လိုက်ရော့ခ် (LIGHT ROCK)၊ အော်တာရော့ခ် (ALTERNATIVE ROCK)၊ အင်ဒီရော့ခ် (ANDI ROCK) စတဲ့ အမျိုးအစားများစွာ တွေမှာ ဂစ်တာကို လုံးဝမပါမဖြစ် တီးခတ်ကြရပြီး ဂစ်တာနဲ့ပတ်သတ်တဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေ အားလုံး ကိုလည်း အပြိုင်အဆိုင် ဆက်လက်တီထွင် ထုတ်လုပ် တီးခတ်နေကြတဲ့အတွက် ဂစ်တာတူရိယာရဲ့ အခန်းကဏ္ဍဟာလည်း နောင်နှစ်ပေါင်းများစွာ တိုင်အောင်ဆက်လက် ရှင်သန်နေဦးမှာပင် ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာလည်း အရည်အသွေးမီ ဂစ်တာတူရိယာ ထုတ်လုပ်သူအချို့ရှိနေပါတယ်။ အရည်အသွေးပိုင်းနှင့်ပတ်သက်ပြီး နာမည်ရသော ထုတ်လုပ်သူတစ်ဦးအား မဂ္ဂဇင်းတစ်ခုမှ(ဂျာနယ်မဟုတ်ပါ) သွားရောက်တွေ့ဆုံမေးမြန်းပြီးသတင်းရယူခဲ့ရာတွင် ဂစ်တာတူရိယာကောင်းတစ်လက် ထုတ်လုပ်နိုင်ရန် ခဲတံနှင့် ပေတန်ကောင်းကောင်းလိုကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဖလက်တံ ပေါ်တွင် ဘားများကို အကွာအဝေး တိကျစွာ တပ်ဆင်နိုင်ရန် ရည်ညွှန်းကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထွင်းအိုး ဂစ်တာထုတ်လုပ်သူများလည်းရှိနိုင်သောကြောင့် ၀ါသနာပါတတ် ကျွမ်းနားလည်သူတို့က ပြည်ပပို့ရန်အဆင့်မီမမီ အကဲဖြတ်ပြီး ဈေးကွက်ရှာဖွေပေးရန် သင့်လျော်ပါတယ်။

ရှေးကြိုးတပ်ဂစ်တာရဲ့ မူလအစဟာ သိပ်မရေရာပါ။ သို့သော် ၎င်းကို Lyra ဆိုတဲ့တူရိယာအဖြစ်ကနေ



စတင်ခဲ့တယ်လို့ ယုံကြည်ရပြီး ရှေးအီဂျစ် BC3000 ဆီကို ပြန်ခြေရာကောက်နိုင်သည်။ ရာစုနှစ်ပေါင်းများစွာအတွင်း Lyraဟာ (အလယ်ခေတ် Lute အပါအ၀င်) အသွင်သဏ္ဌာန် အမျိုးမျိုး အဖြစ် ဖြတ်သန်းလာခဲ့ရသည်။ ဒီလိုဖြတ်သန်းလာရင်း အလယ်ခေတ်မှာ Lute ဆိုတဲ့


[lute1.jpg]


ဗျပ်စောင်းကြိုးတပ်တူရိယာအဖြစ်ပုံပေါ်လာပါတယ်။ (Lute)ဟာ ယနေ့ ကျွန်တော်တို့ တီးနေတဲ့ ဂစ်တာရဲ့ မူရင်းနိမိတ်ပုံပါပဲ။

......................................

ဂစ်တာရဲ့မူလအစ ဖွံ့ဖြိုး တိုးတက်လာမှုနဲ့ ပတ်သက်လို့ မှန်းဆချက် နှစ်မျိုးရှိသည်။

၁ - Assyria မှာ Lute အဖြစ်နဲ့ စတင်ခဲ့ပြီး အီဂျစ်၊ ပါရှန်း နဲ့ အာရေးဗီးယား တို့ကိုဖြတ်၍ နောက်ဆုံး ၈-ရာစု ၀န်းကျင်မှာ စပိန်ကို ရောက်ရှိလာတာနဲ့

၂ - Assyria လူမျိုးတို့ရဲ့ Ketharah နဲ့


[ketharah.jpg]


ဂရိလူမျိုးတို့ရဲ့ Kitara

[kitara_takkasetti.jpg]

တို့ဟာ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာပြီး Chrottaကို

[Chrotta.jpg]

 ပြန်လည် အမည်မှည့်ခေါ်ထားတဲ့ Citara-Roman တူရိယာအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာကာ ၁၆-ရာစု စပိန်ဂစ်တာရဲ့ အနီးစပ်ဆုံး Vihula တူရိယာ

[vihuela_voorkant.jpg]
 ဖြစ်လာသည်။

.........................

၁၂-ရာစုအတွင်းမှာ စပိန်တွင် ဂစ်တာပုံစံ နှစ်မျိုး ခေတ်စားခဲ့သည်။

၁ - ဂရိ နဲ့ ရောမ တူရိယာတွေက ဆင်းသက်လာတဲ့ Guitarra Latina

[guitarra_latina.jpg]


၂ - အာဖရိကမှ အမွေဆက်ခံခဲ့တဲ့ Guitarra Morisca တို့ဖြစ်သည်။

Guitarra Latina ဟာ ကြိုး၎ကြိုး (၁ကြိုးချင်းစီ) ပါဝင်ပြီး ယနေ့ခေတ် ဂစ်တာနဲ့ ဆင်တူပါသည်။ သူ့ကို Puntrado (Plucked) Style နဲ့ အတီးများပါတယ်။

Guitarra Morissa ဟာ ကျောနောက်မှာ အ၀ိုင်းပုံနဲ့ ဘဲဥပုံ(oval shaped) တူရိယာဖြစ်ပြီး အတော်များတဲ့ နှစ်ကြိုးပူး၊ သုံးကြိုးပူး ကြိုးတွေပါရှိသည်။ သူ့ကို ကြမ်းတမ်းတဲ့ Rasgueado Style နဲ့ တီးခတ်ကြသည်။

..............................

၁၆-ရာစု စပိန်မှာ ပေါ်ပေါက်လာတဲ့ Vihuela ဟာလည်း ပုံစံမျိုးစုံရှိခဲ့သည်။ Vihuela de Mano ဟာ လက်ချောင်းလေးတွေနဲ့တီးရပြီး၊ Vihuela de Arco က ဘိုးတံနဲ့ ထိုးရကာ၊ Vihuela de Plectro ကတော့ လက်ခတ်နဲ့ တီးခတ်ရပါသည်။

ယနေ့ခေတ် ဂစ်တာဟာ Vihuela de Mano မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်သည်။ Vihuela ရဲ့ ဒုတိယမှ ဆဌမကြိုး အထိဟာ အပူးအတွဲများ ဖြစ်ပြီး၊ ပထမကြိုးကတော့ တစ်ချောင်းထဲ ဖြစ်သည်။ အသုံးအများဆုံး ကြိုးညှိနည်းကတော့ G, C, F, A, D, G (6 to 1) ဖြစ်သည်။

၎င်းကြိုးညှိနည်းဟာ ယနေ့စံသတ်မှတ်ထားတဲ့ ကြိုးညှိနည်းနဲ့ ညှိထားတဲ့ ဂစ်တာရဲ့ တတိယမြောက်အကွက်မှာ Capo ခံ၊ တတိယမြောက်ကြိုးကို အသံဝက် လျှော့ညှိထားတာနဲ့ အတူတူပဲဖြစ်ပါသည်။

၁၆-ရာစုအတွင်းမှာ Vihuela နဲ့ ဂစ်တာကို အသုံးပြုတဲ့ ကြိုးအရေအတွက်ပေါ် မူတည်ပြီး ခွဲခြားခဲ့ကြသည်။ အဲဒီအချိန်က ဂစ်တာမှာ ကြိုး၎ကြိုးရှိပြီး၊ ဒုတိယကြိုးမှ စတုတ္ထကြိုးအထိ ကြိုးအပူးများဖြစ်ကာ ပထမကြိုးကတော့ စင်းလုံးချော တစ်ကြိုးထဲသာဖြစ်သည်။ သို့သော် ၁၆-ရာစု ကုန်ဆုံးချိန်မှာ Vihuela နဲ့ သူ့ဂီတဟာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရပါသည်။

စပိန်မှာလည်း ၁၇-ရာစုအဆုံးမှာ Harpsichord

[harpsichord.jpg]


 နဲ့ ဂစ်တာတို့ ပေါ်ပေါက်လာမှုကြောင့် Lute တူရိယာဟာလည်း ပျောက်ကွယ်ခဲ့ရသည်။

.........................................

Vicente Espinel (1551-1642)ဟာ

[Vicente_Espinel.jpg]


ဂစ်တာဖွံ့ဖြိုးတိုးတက်မှုအပေါ် စိတ်ရော၊ ကိုယ်ပါ ဘ၀ကို နှစ်မြှုပ်ထားပြီး ရိုးရာ ၄ကြိုးတပ် Guitarra Latina ကို ကြိုးအပိုတွေ ထပ်ဖြည့်လိုက်ရာ အဲဒီအချိန်ကတည်းကစပြီး စပိန်ဂစ်တာ (Spanish Guitar) ဆိုပြီး အောင်မြင် လူသိများ ကျော်ကြားခဲ့ပါသည်။ အဲဒီဂစ်တာမှာ ကြိုး၅ကြိုး တပ်ထားပါသည်။

.............................

Baroque ခေတ်(1600-1750) နဲ့ Rococo ခေတ် နှစ်ခုကြား ၁၈-ရာစုအတွင်းမှာတော့ ဂစ်တာရဲ့ပြောင်းလဲတိုးတက်မှုဟာ တန့်နေတဲ့ အခြေအနေထဲ ကျဆင်းသွားခဲ့သည်။ ထိုအချိန်အတွင်း ကီးဘုတ်နဲ့ကြိုးတပ်တူရိယာ (ဂစ်တာ မပါဝင်) တွေဟာ ထိပ်တန်းသို့ ရောက်နေခဲ့ကြပါသည်။

..................................

၁၈-ရာစုနှောင်းပိုင်းမှ ၁၉-ရာစုအ၀င် ဂစ်တာကိုစိတ်ဝင်စားမှုက ပြန်လည်ခေတ်စားဖို့ စတင်လာခဲ့သည်။ ၁၈၅၀နှစ်များမှာတော့ J. Areas နဲ့ Antonio Tesses တို့ရဲ့ အကူအညီနဲ့ ခေတ်သစ်ဂစ်တာရဲ့ ပုံစံကို ရေးဆွဲလိုက်ကြပါသည်။ ဒါဟာ ယနေ့ ကျွန်တော်တို့ တီးနေတဲ့ ဂစ်တာပုံစံပဲ ဖြစ်ပါသည်။

........................

၁၉၃၁မှာ Rickenbacker ဆိုသူဟာ သူ့ကိုယ်ပိုင် ဒီဇိုင်းဖြစ်တဲ့ ဒယ်အိုးခွက်သဏ္ဃန် ကိုယ်ထည်ရှိပြီး၊ ပေါင်ပေါ်လှဲ တီးခတ်ရတဲ့ Lap-steel ဂစ်တာတွေမှာ

[lap+steel+guitar.jpg]


လျှပ်စစ်သံလိုက်သုံး Pickups

[guitar+pickups3.jpg]

ကို စတင်တပ်ဆင် အသုံးပြုလိုက်ခြင်းဖြင့် လျှပ်စစ်ဂစ်တာခေတ်ကို စတင် ဖွင့်လှစ်လိုက်ပါသည်။ နောက်တစ်နှစ်အကြာမှာတော့ ထိုလျှပ်စစ်ဂစ်တာတွေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေကာ အပေါ်ဖုံး မျက်နှာပြင်ခုံးပေါ်တပ်ထားတဲ့ Pickups ကတော့ မြင်းခွာပုံသံလိုက်သုံး Pickups ဖြစ်ပါသည်။ Electro Spanish ဂစ်တာတွေရဲ့

[electro+spanish+guitar.jpg]


 အောင်မြင်မှုက တခြားဂစ်တာ ထုတ်လုပ်သူတွေကို လျှပ်စစ်ဂစ်တာ ထုပ်လုပ်ဖို့ တပ်လှန့်ပေးလိုက်ခြင်းပါပဲ။

.....................................

၁၉၃၀နှစ်များအတွင်းမှာတော့ ဂစ်တာတွေကို Higher Octave တွေအထိ တီးခတ်နိုင်ဖို့အတွက် Cutaway တွေ တွင်တွင်ကျယ်ကျယ် လုပ်လာတာကို တွေ့ကြရမည်။၁၉၄၀နှစ်များမှာတော့ တီထွင်ဖန်တီးရှင်အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Paul Bigsby ဟာ

[PaulBigsby.jpg]


Country ဂစ်တာသမား Merle Travis အတွက် ပထမဆုံး Solid Body လျှပ်စစ်ဂစ်တာကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒီဂစ်တာဟာ သူ့ခေတ် သူ့အခါမှာတော့ ခေတ်ရှေ့ပြေးလွန်းနေတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

*****************************

1952-ခုနှစ်မှာ Gibson ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး (ယခုအချိန်အထိ ဂစ်တာသမားများ မက်မက်စက်စက် တီးနေကြတဲ့) Solid Body လျှပ်စစ်ဂစ်တာ Les Paul ကို

[Les+Paul+1952.jpg]

ထုတ်လုပ်လိုက်ပါသည်။

...............................

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဟိုးအရင်ကတည်းကနေ နောင်အချိန်အထိ ပြောင်းလဲတိုးတက်နေဦးမယ့် ဂစ်တာကို ယခုအချိန်မှာ အဓိကပုံစံ ၃မျိုး ခွဲခြားနိုင်ပါသည်။
ဒါတွေကတော့ Nylon String Classical Guitar

[Nylon+String+Classical+Guitar.jpg]


Steel String Acoustic Guitar နဲ့

[Steel+String+Acoustic+Guitar.jpg]


Solid Body Electric Guitar

[Solid+Body+Electric+Guitar.jpg]


တို့ပဲ ဖြစ်ကြပါသည်။

source......HISTORY OF GUITARဂစ်တာသမိုင်းဂစ်တာအကြောင်း,မြန်မာဝီကီ

No comments:

Post a Comment