Sunday, September 30, 2012

လွမ်းလွမ်းတတ အမှတ်တရ
(အာအိုင်တီ)
(part 2)



သြဘာလမ်း
သြဘာလမ်းကတော့ မြန်မာကျော်အထင်ကရ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ မှတ်တိုင်တစ်ခုပါပဲ၊ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးများလက်ထက်က ဘွဲနှင်းသဘင်ကို အဆောင်၁ရဲ့ ပထမထပ် Assembly Hall မှာ ကျင်းပတယ်လို့ သိရတယ်။ ဘွဲနှင်းသဘင်မှာ ဘွဲအပ်နှင်းပြီးရင် ဆရာကြီးတွေ ဦးဆောင်တဲ့ ဘွဲ့ရကျောင်းသားတွေ ဒီလမ်းမှာ လမ်းလျှောက်ကြတယ်။ အဲဒီမှာ နဘေးမှာ ရှိတဲ့ ၀ရန်တာကနေ မိဘဆွေမျိုး သူငယ်ချင်းများက ချီးမြှောက်တဲ့အနေနဲ့ သြဘာလက်ခုတ်တီးကြလို့ ဒီလမ်းကို သြဘာလမ်းလို့ ခေါ်တယ်ဆိုတာ စက်မှု တက္ကသိုလ်မတက်ခင် ကြိုတင်ဖတ်မိထားတဲ့ ဆရာနွမ်ဂျာသိုင်းရဲ့ တခါတုန်းက တက္ကသိုလ်မှာ ကျွန်တော်ဖတ်မိခဲ့ဖူးပါတယ်။


ကာတွန်း တင်အောင်နီကလည်း ပြာလောင်ရုပ်ပြကာတွန်းမှာ ရေးခဲ့ဖူသလား သေတော့ မသေချာပါဘူး။ ဘွဲရတွေသာ လျှောက်လှမ်းတဲ့ ဒီလမ်းကို ကျောင်းတက်နေဆဲ ကျွန်တော်တို့တစ်တွေ လျှောက်လမ်းရင် အဆောင်၁ ၀ရန်တာများဆီကနေ ကျောင်းသားတွေက ၀ိုင်းဝန်းပြီး  ဟေ့ကောင် အရူး၊ သောက်ပေါ စသဖြင့် နစ်နာစေလိုတဲ့ ဆန္ဒမဟုတ်ပဲ အပျော်သဘောမျိုး လက်ခေါက်မှုတ် လက်ခုတ်တီး လှောင်ပြေင်ကြတာပေါ့။ အဲဒီလို သြဘာလမ်းကို လမ်းလျှောက်ပြီးသွားတယ်ဆိုရင်တော့ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ခေတ်က ဆရာဦးသက်လွင် (မော်ကွန်ထိမ်း) ရဲ့ အခန်းကို ဖိတ်ကြားလွှာလို့ ရောက်လာပါလိမ့်မယ်။ ဘယ်လိုပဲ ဆရာက ခေါ်ဆူပေမဲ့ နှစ်စဉ်နှစ်တိုင်း သြဘာလမ်းကို အလောင်းအစားနဲ့ လျှောက်လမ်းတဲ့သူ၊ အူကြောင်ကြောင်နဲ့ လျှောက်မိတဲ့သူတွေ ရှိစမြဲပါပဲ။

အယ်လ်စီအာ လို့ခေါ်တယ် မိန်းခလေး နားနေဆောင်
ကျွန်တော်တို့စက်မှုတက္ကသိုလ်က မိန်းခလေးတွေရဲ့ အခွင့်အရေးကို အမြဲတမ်းဦးစားပေးပါတယ်နော်။ အဆောင် ၁ရဲ့ အမြင်ဆုံး ဒုတိယထပ် (၃ထပ်)မှာ မိန်းခလေးတွေအတွက် သီးသန့် နားနေဆောင်ဆိုပြီး ပြုလုပ်ပေးထားတယ်။ သြဘာလမ်းလို နာမည်မကြီးပေမဲ့ အယ်စီအာထဲကို ဖြတ်လျှောက်တဲ့ ယောကျာ်းလေးတွေလဲ ရှိခဲ့ဖူးပါတယ်။ ကျွန်တော်ကတော့ ကျောင်းပြီးသွားတဲ့ အချိန်ထိ အဲဒီအယ်စီအာကို ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ တခါမှ မလေ့လာမိခဲ့ဘူး။ ဒါကြောင့် အတိအကျတော့ မပြောတတ်ဘူးလေ။




 ပင်မဆောင်အပေါ်ဆုံးထပ် အလယ်ခန်းမကြီးသည် ကျောင်းသူများနားနေခန်း LCR


ခရေပင်လမ်း နဲ့ ချစ်သူတို့လမ်း
ဒီလိုနဲ့ ကျွန်တော်တို့တစ်တွေ ပထမနှစ်ကို ပျော်ရွှင်စွာဖြတ်သန်းပြီးတဲ့ နောက် ဒုတိယနှစ်ရောက်ကျတဲ့ အခါမှာ တချို့တွေကလည်း ကျောင်းထဲမှာပဲ ချစ်သူရည်းစားတွေရကြပါတယ်။ တနှစ်မှ ၁၅%သာလက်ခံတဲ့ အမျိုးသမီးတွေထဲကနေ ကြံဖန်ပြီး ရလာတဲ့ ချစ်သူစုံတွဲတွေလဲ မနည်းလှပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီလို ရှားရှားပါးပါးထဲမှာ မပါခဲ့ဘူးလေ။

ဒါပေမဲ့ အဲဒီလို စုံတွဲလေးတွေ ကြည်နှုးကြရာ နေရာလေးတွေကိုတော့ ကျွန်တော်တို့ သွားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို နှောက်ယှက်ဖိုပေါ့။ အဆောင်၁ ကနေ ကန်တင်းဘက်ကို အဆင်း၊ ကားပတ်ကင်နဲ့ ဘတ်စကက်ဘောကွင်းက ညာဖက်မှာ ရှိတယ်။ ဘယ်ဘက်မှာကတော့ မြေနီလမ်းလေးရှိတာပေါ့။ အဲဒီမြေနီလမ်းနဘေးမှာ ခရေပင်တွေ စီတန်းပေါက်နေတာ ဟိုဘက် အဆောင်၂ အစွန် ရူပဗေဒဌာနအထိ ရှိတာပေါ့။



ဆောင်းတွင်း ဇန်န၀ါရီ၊ ဖေဖော်ဝါရီလတွေမှာ မြုနှင်းမှုန်တွေ မှိုင်းဝေပြီး ခရေပွင်ကြွေရနံတွေကြောင့် ချစ်သူတွေအတွက် တူစုံလက်တွဲ လမ်းလျှောက်လို့ အလွန်ကောင်းတာပေါ့။ ချစ်သူမရှိတဲ့ ကျွန်တော်တို့တောင်မှ အဲဒီအချိန် ခရေပင်လမ်းမှာ လမ်းလျှောက်ဖြစ်ရင်တောင်မှ လွမ်းသလိုလို ဆွေးသလိုလို ဖြစ်ခဲ့ဖူပါတယ်။အဲဒီခရေပင်လမ်းဆုံးက ချစ်သူတို့လမ်းနဲ့ အဆောင် ၂အဆုံးမှာ  သွားဆုံတယ်လေ။

ချစ်သူတို့လမ်းဆိုတာကတော့ ဂျီဟောကနေ ကျောင်းဆောင်တွေဆီကိုအလာ အဆောင်၅ မရောက်ခင် တွေ့ရတဲ့ မြေနီလမ်းပေါ့။ အဲဒီမြေနီလမ်းလေးက နဘေးမှာ အဆောင် ၅၊ ၆၊ ၇ နဲ့ ညာဖက်မှာ သစ်ပင်လေးတွေ အုပ်မှိုင်းလို့ ရှိတာပေါ့။ အဆောင် ၅ကနေ ၇ ဆိုတာက ညနေရောက်ရင် လူခြေပြတ်တာမိုလို့ ဂျီဟောကနေ ချစ်သူနှစ်ဦး အေးအေးဆေးဆေး လမ်းလျှောက်စကားပြော ဘ၀ရှေ့ရေးတွေ တိုင်ပင်လို့ ကောင်းတဲ့ လမ်းလေးပေါ့။ ဘ၀ရှေ့ရေတိုင်ပင်တာနော်. တခြား ဟိုဟိုဒီဒိတွေ မတွေးပါနဲ့နော်။

အထင်ကရ အမှတ်တရနေရာတွေထဲမှာ ကျွန်တော်တို့ရဲ့ ကန်တင်းတွေကလည်း အမှတ်တရဖြစ်စေခဲ့တာပဲလေ။ အဲဒီကတည်းက နာမည်ကြီးတဲ့ ဆိုင်တွေကို ပြောရရင်တော့

မောင်ခြိမ့် (၉၃)

No comments:

Post a Comment