Sunday, October 14, 2012

အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း
(PART 3)



Facebook စာမျက်နှာတစ်ခုတွင် “မောင်တောနယ်မှ လဝက နှင့် အင်တာဗျူး” ဟူသောခေါင်းစဉ်ဖြင့်၊ စာတစ်ပုဒ် ဖတ်ရသည်။ ရေးသားသူနှင့် စာပြုမှတ်တမ်းကို by,Myo Set on Saturday, June 23, 2012 at 11:27pm ဟုတွေ့ရ သည်။ ထိုဖေါ်ပြပါစာအရ လက်ရှိ နယ်စပ်မျဉ်းများပေါ်တွင် နေထိုင်ရသော ရခိုင်သူရခိုင်သားတို့၏ ယနေ့မျက်မှောက် အခြေအနေကို မှန်းဆနိုင် မည်ဖြစ်သည်။ သူ့ရေးသားမှုများအတိုင်းဖေါ်ပြပါမည်။

““ နတလကနေပြီးတော့ အိမ်တွေဆောက်ပေးတယ်။ ရွာတွေတည်ပေးတယ်ပေါ့နော်။ မြန်မာ ပြည်က အခြေအနေမဲ့တွေ၊ ထောင်ထွက်တွေဘာတွေလည်းပါတာပေါ့လေ။ နေစရာမရှိရင် နွားတစ်ရှဉ်း၊ ထွန်တစ်တုံးနောက် လယ်ဘယ်နှစ်ဧက၊ အိမ်တစ်လုံးပေးမယ်။ လာနေကြ။ လာနေပြီးတော့ နောက်ပိုင်း ကြတော့ ဒဏ်မခံနိုင်တဲ့ လူတွေကတော့ ပြန်ပြေးတာပေါ့။ ဘင်္ဂါလီတွေကို နွားတွေ၊ လယ်တွေ ရောင်းပြီး ပြန်ပြေးတယ်။

 မီးရှို့ခံရတဲ့ လယ်တွေက နတလ ရွာတွေများတယ်။ နတလက လုပ်ပေးထားတဲ့ ရွာတွေ များတယ်။ ရခိုင်ရွာတွေလည်း ရှိတော့ ရှိတယ်ပေါ့။ ရခိုင်ကလည်း သူ့အစုလေးနဲ့ သူနေတာပါ။ ဘင်္ဂါလီနဲ့ မရောဘူး။ သူ့အစုလေးနဲ့သူနေတာ။ ကျွန်တော်တို့လှည့်ကင်းတွေဘာတွေ သွားရင် ရခိုင်တွေနဲ့ တော်တော်လေး ရင်းရင်းနှီးနှီးနေခဲ့တယ်။ သူတို့သဘောထားတွေက မဆိုးဘူး။ ဒါပေမဲ့ သွေးကြီးတယ်။ ဘင်္ဂါလီနဲ့ ပတ်သက်တဲ့ ထိခိုက်မှုတွေ သူတို့မှာ အများကြီးခံစားခဲ့ရပြီးသွားပြီလေ။ ရခိုင် ကတော့ ရှင်းရှင်းပြောရရင် တိုင်းရင်းသားထဲမှာ ပါတဲ့အတွက်ကြောင့် ခပ်ပေါ့ပေါ့ပဲနေတယ်။ သိပ်ပြီးတော့ အလေးအနက်မထားဘူး။ ဖြစ်လာလို့ရှိရင်တော့ ချက်ချင်းထပြီး တုန့်ပြန်တာမျိုးပေါ့။ သွေးပူတဲ့အချိန် လေးပဲ။ ဘင်္ဂါလီတွေကအမြဲအဲဒါကို စိတ်ထဲမှာ အမြဲရှိတယ်။ အဲတော့ ထစ်ကနဲ ဆိုရင် သေတာပဲ။ အရင်ခေတ်ကလည်း သေတာပဲ။

ရခိုင်ရွာတွေအဲလိုနဲ့ပျောက်သွားတာတွေအများကြီးရှိတယ်။ ရခိုင်တွေ က ရွာကိုစွန့်ပြီး ထွက်ပြေးသွားတယ်။ ဘင်္ဂါလီတွေက ၀င်နေတယ်။ လယ်တွေလည်းယူလိုက်တယ် အဲလိုမျိုးပေါ့နော်။ အခုလည်းအဲလိုပဲဖြစ်မှာပဲ ဒုက္ခသည်ဆိုပြီးတော့ မောင်တောမြို့ပေါ် တက်လာတယ်။ ဘူးသီးတောင်မြို့ပေါ် တက်လာတယ်။ ရသေ့တောင်မှာ တက်လာတယ်ပေါ့နော်။ ရွာတွေလယ်တွေ ဒီအတိုင်းထားခဲ့ရတယ်။ ထားခဲ့လို့ရှိရင် ဘင်္ဂါလီကပဲ တက်ယူသွားမှာပဲ။ သူတို့မရှိအောင်က လူကြီးတွေ အနေနဲ့လည်း ခေါင်းခဲမှာပဲ။ ဘင်္ဂလားဒေ့ရှ်ကလည်းလုံးဝလက် မခံဘူး။ သူတို့နဲ့အသားအရောင်၊ အသွေးရောင်၊ မျိုးရိုးဗီဇ၊ ဘာသာစကားအကုန် တူတယ်။ ကိုးကွယ်တဲ့ဘာသာလည်း တူတယ်။ အဲဒါကိုတောင်သူတို့နိုင်ငံ သားမဟုတ်ပါဘူးဆိုပြီးတော့။ ကျွန်တော်တို့ဆီမှာ သူတို့နဲ့ တူတာတစ် ယောက်မှမရှိဘူး။ ရခိုင်နဲ့က ရုပ်ကခပ် ဆင်ဆင်တူတာပဲရှိတယ်။ ဘာသာစကားမတူဘူး။ 

1988 ခုနှစ်တွင်လည်း မောင်တောမြို့သည် သမိုင်းရဟတ် တစ်ပတ်လည်သလို 1942ခုနှစ်က အဖြစ်ဆိုး မျိုးနှင့် ကြုံကြိုက်လုနီးဖြစ်ခဲ့သည်ကို တွေ့ရသည်။ ထိုအချိန်က မောင်တောမြို့နယ် သံဃနာယက ဥက္ကဌက၊ ဗဟိုသံဃနာယက အဖွဲ့ထံ တင်ပြသည့်စာတွင် -

““ 13-5-88 သောကြာနေ့ည ကိုးနာရီကျော်တွင် ကုလားငါးသောင်းခန့် မောင်တောမြို့ကို တောင်ဘက်၊ အရှေ့ဘက်၊ မြောက်ဘက်တို့မှ ၀ိုင်းရံပြီး၊ ရခိုင်ဗုဒ္ဒဘာသာများကို သတ်ပစ်ရန် ကြိုးပမ်းခဲ့ ကြပါသည်။ ယင်းနေ့က အမှတ်(၄)ရပ်ကွက်ရှိ မြို့သစ်ဘုန်းကြီးကျောင်းကို လက်တင်ဖျက်ဆီးခဲ့ကြပြီး၊ ဗဟိုကျောင်းတိုက်ကို ၀န်းရံထားခဲ့ကြပါသည်။ ပြည်သူ့ရဲတပ်ဖွဲ့နှင့် အမှတ်(၂)လုံထိန်းတပ်ရင်းတို့၏ အချိန်မီတားဆီးနိုင်မှုကြောင့်၊ ရခိုင်များ ကွပ်မျက်ခံရမည့် ဘေးမှ လွတ်မြောက်ခဲ့ပါသည်။ ၎င်းတို့၏ လုပ်ရပ်သာအောင်မြင်ခဲ့ပါက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူနှစ်သိန်းခွဲကို ချက်ချင်း သွင်းယူပြီး၊ မွတ်ဆလင် နယ်မြေအဖြစ်သိမ်းပိုက်ကာ၊  ဘင်္ဂလားဒေ့ရှ်၏ အစိတ်အပိုင်းအဖြစ် သွပ်သွင်းရန် ကြိုးစားသော ယုတ်မာသည့်ကြံစည်မှုကြီးဖြစ်ပါသည်” ဟုတင်ပြထားပါသည်။

1946 တွင်၊ Jami-a-tul Ulema-e Islam အဖွဲ့ပေါ်ပေါက်လာသည်။ ၎င်းအဖွဲ့သည် 1947 ခုနှစ် (မြန်မာ့ လွတ်လပ်ရေး မရမီ ရှေ့တစ်နှစ်) တွင် “ကရာချိ” သို့သွားကာ ပါကစ္စတန်လွတ်မြောက်ရေးလှုပ်ရှားနေသော မွတ်ဆလင် ခေါင်းဆောင်နှင့်တွေ့ဆုံပြီး (ဘူးသီးတောင်-မောင်တော-ရသေ့တောင်) တို့ကို ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းခွင့်ပြုရန် တောင်းဆိုခဲ့သည် (Dr.Mohammed Yunus, A History of Arakan, 1994.P-123)၊ ဆိုသော မှတ်တမ်းနှင့်၊ လွတ်လပ်ရေးခေတ်ဦး၊ ရန်ကုန်အစိုးရကာလ၊ (1949-50)တွင် ဘူးသီးတောင်နှင့် ရသေ့တောင်တို့မှာ၊ မူဂျာဟစ်သူပုန် များလက်အောက်တွင် ကျရောက်ခဲ့ရသည်၊ မူဂျာဟစ်တို့၏ ရည်မှန်းချက်မှာ၊ သီးခြားအစ္စလာမ်မစ်နိုင်ငံ တည်ထောင်ရေး ပင်ဖြစ်သည်။ (Hugh Tinker: The Union of Burma- page 34)ဆိုသောမှတ်တမ်းများအရ မောင်တောမြို့နယ် သံဃနာယက ဥက္ကဌ၏ လျှောက်ထား တင်ပြချက်သည် ဖြစ်တန်ချေရှိမရှိ ဆက်စပ်ကြည့်နိုင်သည်။

13-5-88  ဟူသောရက်စွဲသည် ရိုးရိုးတိုက်ဆိုင်မှုတစ်ခုဟုဆိုရန် ခက်ပါမည်။ အဘယ့်ကြောင့်ဆိုသော် 1942 ခုနှစ်က ရခိုင်-ကုလား အဓိကရုဏ်းတွင် မွတ်ဆလင်များက ရခိုင်များကို ဘူးသီးတောင်၊ မောင်တောနယ်မြေမှ မောင်းထုတ်ခဲ့သောနေ့သည် 13-5-42 ဖြစ်နေသောကြောင့်ဖြစ်သည်။ ထိုနေ့ကို အထိမ်းအမှတ်ယူက 1988တွင် ဒုတိယ အကြိမ်ကြံစည်ခြင်းဖြစ်နိုင်ပါသည်။

1988 စက်တင်ဘာလတွင် မောင်တောမြို့မ၊ ကညင်တော အထကကျောင်းတွင် စစ်တွေမှရောက်ရှိလာသော ဒီမိုကရေစီသပိတ်တိုက်ပွဲ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးတရားဟောပြောရာတွင် မောင်တောမှ ဘင်္ဂါလီခေါင်းဆောင် ဒေါက်တာထွန်းအောင် က 1988ခုနှစ် မေလ၊ မွတ်ဆလင်အင်အားပြ ဆန္ဒပြမှုကြီးသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒီမိုကရေစီအခွင့်အရေးအတွက် လှုပ်ရှားမှုဖြစ်ကြောင်း ဟောပြောသွားခဲ့သည်ဟု မှတ်တမ်းများက ဖေါ်ပြသည်။

2012 ရခိုင်အဓိကရုဏ်းကြီး ဖြစ်အောင် လှုံ့ဆော်သူအဖြစ် အစိုးရက ထိန်းသိမ်းတရားစွဲဆိုထားသူ UNHCR ရုံးက ဒေါက်တာ ထွန်းအောင်(နုရ်ဟောက်)အား ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၁၄၇ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ လိမ်လည်မှု ပုဒ်မ ၄၂၀ ၊ ၄၆၈ ၊ ပုဒ်မ ၆(၁)၊ ပုဒ်မ ၁၅၃ စသည့် ပုဒ်မ တို့ ဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။ ယခုတရားစွဲဆိုခံထားရသည့် UNHCR ရုံးက ဒေါက်တာ ထွန်းအောင်(နုရ်ဟောက်)သည် 1988ခုနှစ်က ဟောပြောခဲ့သူ ဒေါက်တာထွန်းအောင်ပင်ဖြစ်လေသလားဟု ဆက်စပ်စဉ်းစားမိသည်။

ခင်ဦးသာ| July 11, 2012 | Hits: 1,753 ၏ “ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ” ခေါင်းစဉ်ဖြင့် ရေးသားထားသော အွန်လိုင်းစာမျက်နှာတွင် အောက်ပါအတိုင်း တွေ့ရှိခဲ့ရသည်။

၂၀၁၂ ၊ ဇူလိုင် ၆ ရက်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုများ ဖြစ်ပွားသည့်ကာလအတွင်း ကမ္ဘာ့ကုလသမဂ္ဂ(UN)နှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့(INGO) ၀န်ထမ်း၁၀ဦးသည် အာဏာပိုင်များ၏ဖမ်းဆီးခံထားရကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီပေးရေး ကွပ်ကဲမှုရုံး(UNOCHA) က ထုတ်ပြန်သည်။

၂၀၁၂ ၊ ဇွန် ၂၈ ရက်။

ရခိုင်ဒေသ ဒုက္ခသည်များအား ကျန်းမာရေး ကိစ္စ ကူညီပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) မှ ဆရာဝန် ၆ ဦးနှင့်ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ၀န်ထမ်း ၆ ဦး စုစုပေါင်း ၁၂ ဦး ဖမ်းဆီးခံထားရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ က ယမန်နေ့(ဇွန်လ၂၇ရက်နေ့)တွင် ပြောဆိုကြောင်း အမေရိကန် ထိပ်တန်းသတင်းစာ The New York Times သတင်း က ဖော်ပြထားသည်။

 မေလ နှင့် ဇူလိုင်လ အတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ်သက် ၍ ရန်ကုန် မြို့  နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးခွဲတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် မငြိမ်သက်မှုတွင် ကုလ ၀န်ထမ်း ၅ဦး နှင့် ကုလလက်အောက်ခံWFPမှ ၀န်ထမ်းတစ်ဦးသည် သွေးထိုးလှုံ့ ဆော်ခဲ့၍ ဖမ်းဆီးထားကာ ဥပေဒေအရ
အရေးယူဆောင်ရွက်မည့် ကိစ္စကိုလည်း ပြောကြားခဲ့သည်။

စိတ်ဝင်စားစရာ အကောင်းဆုံးမှာ မီးတောက်ကြီးဖြစ်စေခဲ့သည့် တောင်ကုတ်မြို့တွင် မွတ်ဆလင် ဘာသာဝင် (၁၀)ဦးသတ်ဖြတ်ခံရခြင်းပင်ဖြစ်သည်။ ဤစာတမ်းရေးသားနေသည့် 2012 ဂျူလိုင်လရောက်သည့်တိုင် အံ့သြဖွယ်ကောင်း သော ထိုအဖြစ်အပျက်အတွက် ၊ လူသတ်မှု/လူသေမှု/ရုန်းရင်းဆန်ခတ်မှု စသဖြင့် မည်သည့်ပုဒ်မများဖြင့် တရားစွဲတင်မည် ဆိုသည်ကို ရေရေရာရာ မသိရသေး။

“တောင်ကုတ် လူသတ်မှု ဒေသခံများနှင့် မပတ်သက်ဟု ဆို” ခေါင်းစဉ်ဖြင့်၊ ရေးသူ by Lu Cifer on Tuesday, June 26, 2012 at 10:01pm · ဟူသော အွန်လိုင်းမှဖတ်လိုက်ရသော စာတစ်ပုဒ်သည်တောင်ကုတ်ဒေသခံတို့၏ အသံ ဖြစ်ပါသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဇွန်လ ၃ ရက်နေ့ညက လူ ၁၀ ဦးအား သတ်ဖြတ်ခဲ့သူများ သည် တောင်ကုတ်ဒေသခံများ မဟုတ်နိုင်ကြောင်း သိရသည်။

ထိုလူသတ်မှုနှင့်ပတ်သတ်၍ တောင်ကုတ်မြို့မှ လူ ၅၀ ကျော်အား ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲနှင့် မြို့နယ်အာဏာပိုင် အဖွဲ့ဝင်များက အဓိက စစ်ဆေးမေးမြန်းခဲ့ပြီး မှတ်တမ်းတင်ကြောင်း၊ သို့သော် အမှုအခင်း၌ ပါဝင်ခဲ့သူများ၏ အမည်စာရင်းကို တိတိကျကျ မသိသေးကြောင်း စစ်ဆေးခံခဲ့ရ သည့် တောင်ကုတ်ဒေသခံများက ပြောသည်။

လူသတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို MP-4၊ မိုဘိုင်းဖုန်း စသည့် အီလက်ထရောနစ် ပစ္စည်း များဖြင့် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများကို အဏာပိုင်များက ရရှိထားကြောင်း၊ ၎င်းဗီဒီယိုရုပ်သံ ဖိုင်တွင် ပါဝင်နေသည့်သူများကို အဓိက ခေါ်ယူစစ်ဆေး မေးမြန်းခြင်းဖြစ်ကြောင်း စစ်ဆေးခံခဲ့ရသူ တဦးက ပြောသည်။

 “ဗီဒီယိုဖိုင်မှာ မြင်ရသူတွေက အခင်းဖြစ်နေတာကို ကြည့်နေသူတွေပဲ ဖြစ်နေတယ်။ တကယ် ပြစ်မှုကျူးလွန်သူတွေက လူအုပ်ကြီးရဲ့ အလယ်မှာဆိုတော့ ဘယ်သူဘယ်ဝါမှန်း မသဲကွဲဘူး။ ဖြစ်စဉ်တခုလုံးကို ခြုံကြည့်ရင် လူသတ်မှု ကျူးလွန်သူတွေဟာ ကျနော်တို့ တောင်ကုတ်မြို့ခံတွေ မဟုတ်ဘူးလို့ ယူဆရပါတယ်” ဟု စစ်ဆေးခံခဲ့ရသူက ဆိုသည်။

 အခင်းဖြစ်ပွားရာသို့ တောင်ကုတ်မြို့ ဆေးရုံအုပ်ကြီး ဒေါက်တာစံလှိုင် သွားရောက်၍ တားဆီး ဟန့်တားခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အပြင် ၎င်းအား ရိုင်းစိုင်းစွာ ပြောဆိုသူများပင် ရှိခဲ့ကြောင်း သိရသည်။

“ဒေါက်တာစံလှိုင် ရောက်လာပြီး မလုပ်ကြဖို့တားပေမယ့် ဆရာကြီးကို ရိုင်းစိုင်းတဲ့ စကားလုံး တွေနဲ့ တုံ့ပြန်မှုရှိတယ်လို့ ဆရာကြီးက ပြောပါတယ်။ အဲဒီလူတွေဟာ ကျမတို့  ဒေသခံ မဟုတ်တာ တော့ သေချာပါတယ်။ တောင်ကုတ်မြို့မှာ နေရာအစုံကလာတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ မြို့ပါ” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

 ဒေါက်တာစံလှိုင်သည် တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ်ကြီးဖြစ်ပြီး တောင်ကုတ် ဒေသခံများနှင့် ရခိုင်ပြည်သူအများစု၏ လေးစားခြင်း ခံရသူဖြစ်သည်။ ၎င်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။

 ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့်ပဋိပက္ခများသည် အကြမ်းဖက်လိုသောလူတစု၏ ပယောဂများ ပါဝင်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလမ်ဘာသာရေးအဖွဲ့၏ အတွင်းရေးမှူးချုပ် ဦးကျော်ခင်က ပြောသည်။

၎င်းအခြေအနေနှင့် ဖြစ်ရပ်များသည်၊ အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ဘိုဒို လူမျိုးစုနှင့် အခြေချ နေထိုင်လာသူ မူဆလင်များအကြား ဖြစ်ပွားနေသော အဓိဂရုဏ်းစတင်သော ဖြစ်စဉ်နှင့် ဆင်တူနေသည်ကို တွေ့ရမည်။ July 25, 2012 at 9:34 am နေ့က “နေရဉ္စရာ” သတင်းဌာနက ဖေါ်ပြထားသော သတင်းတစ်ပုဒ်တွင် အောက်ပါအတိုင်း ဖတ်ရှုရမည်ဖြစ် သည်။ http://www.narinjara.com/burmese/?p=1423

““အိန္ဒိယ Reuters က India struggles to control ethnic violence in Assam ခေါင်း စဉ်ဖြင့် ရေးသားသော သတင်းတစ်ပုဒ်တွင် ဆူပူ အကြမ်းဖက်မူမှာ လွန်ခဲ့သော သောကြာနေ့က စတင်ခဲ့ခြင်းဖြစ်ပြီး အမည်မသိ သောသူများက လူငယ် ၄ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဘိုဒိုများက အဆိုပါ သတ်ဖြတ်မူအား နောက်ကွယ်က ကြိုးကိုင်နေသူများဟု ယူဆရသူများကို လက်စားချေ တိုက်ခိုက်ရာမှ အကြမ်းဖက်ဆူပူမူ စတင်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ကြောင်း ရဲတာဝန်ရှိသူများကို ကိုးကားပြီး ဖေါ်ပြသည်။

၎င်းပြင် Reuters က ယခုနှစ်များအတွင်း အာသံပြည်နယ်တွင်နေထိုင်သော ဟိန္ဒိနှင့် ခရစ်ယာန် လူမျိုးစု များမှ ဘင်္ဂလာဒေခ်ျှ့ အခြေချ နေထိုင်လာသူများနှင့် မွတ်ဆလင် ဆန့်ကျင်ရေး စိတ်ဓါတ်များ ကြီးထွား လာကြောင်းကို ထုတ်ဖေါ် လာခဲ့ကြသည်ဟု ရေးသား ဖေါ်ပြသည်။

ဘိုဒို လူမျိုးများနှင့် ဘင်္ဂလီအခြေချ နေထိုင်သူများအကြားတွင် တိုက်ခိုက်မူများမှာ ၁၉၅၀ ခုနှစ် နောက်ပိုင်းမှ စပြီး မကြာခဏ ပေါ်ပေါက်နေကြောင်း Retures က ဆိုသည်။

ဘင်္ဂလာဒေခ်ျ့နှင့်ကပ်ရပ်တည်ရှိသော ရခိုင်တွင် ဆူပူအကြမ်းဖက်မူ ဖြစ်ပွားပြီး များမကြာမီ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်လည်း ဌာနေတိုင်းရင်းသားများနှင့် အခြေချနေထိုင်လာသူများအကြား အဓိကရုဏ်း များ ပေါ်ပေါက်လာသဖြင့် အများက အိန္ဒိယ အကြမ်းဖက်ဆူပူမူကိုလည်း စိတ်ဝင် တစား စောင့်ကြည့် နေကြသည်ဟု သိရသည်။”

1 ဩဂုတ်လ 2012 - 17:27 GMT နေ့ရက်စွဲဖြင့် ဖေါ်ပြထားသော BBC ၀က်ဘ်စာမျက်နှာ၏ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch (HRW) အစီရင်ခံစာသတင်းတစ်ပုဒ်တွင်မူ ၊ HRW  အာရှဆိုင်ရာ ဒုတိယ ဒါရိုက်တာ မစ္စတာ ဖေးလ် ရော်ဘတ်ဆန်က““ရခိုင်အမျိုးသမီးတစ်ဦး အဓမ္မသတ်ဖြတ်ခံရတဲ့ ကိစ္စအပြီး တင်းမာမှု တွေ ပြင်းထန်လာချိန်မှာ အရှိန်လျော့သွားအောင် လုပ်နိုင်မယ့် အခြေအနေတွေ ရှိခဲ့တယ်၊ နောက်ပြီး မွတ်ဆလင် ၁၀ ဦး အသတ်ခံရတဲ့ ကိစ္စမှာ ကြိုတင်တားဆီးမယ်ဆို တားဆီးလို့ ရပါတယ်””ဟုပြောဆိုကြောင်း ရေးသားထားသည်ကို ဖတ်ရှုခဲ့ရသည်။

ထိုအဖြစ်အပျက်အခြေအနေများကိုကြည့်လျှင် 2012ခုနှစ်ရခိုင်အဓိကရုဏ်းသည် မေလ ၂၈ရက်နေ့တွင် ရမ်းဗြဲမြို့ နယ် ကျောက်နီမော်ဒေသခံ ရခိုင်တိုင်းရင်းသူ မသီတာထွေး အဓမ္မကျင့်၊ပစ္စည်းလု၊သတ်ဖြတ်ခံရပြီးနောက် တောင်ကုတ် မြို့တွင် ၁၀ဦးအသတ်ခံရသည့် နောက်ဆက်တွဲဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်းမှ အစပြုသည်ဆိုသော်လည်း တကယ့်အမှန် အကြောင်းချင်းရာများသည် သည့်ထက်မက များစွာ နက်ရှိုင်းရှုတ်ထွေးခဲ့ကြောင်း ကောက်ချက်ချနိုင်မည်ဖြစ်ပေသည်။

 (အပိုင်း ၁၀)
 (၆)
ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်တို့ မြန်မာ့မြေသို့ ပြန်ဝင်ရောက်လာချိန်သည် ရခိုင်တွင် အလံနီကွန်မြူနစ်တို့ သြဇာလွှမ်းမိုးမှု အခြေခိုင်နေချိန်ဖြစ်သည်။ ရခိုင်ပြည်နယ်လူထုက  ရခိုင်ဖဆပလခေါင်းဆောင်များကို မကျေမနပ်ဖြစ်ချိန် လည်းဖြစ်သည်။ ထို့ကြောင့် အခြားတိုင်းရင်းသားများကဲ့သို့ ရခိုင်ပြည်နယ်ရရှိရေးကို တောင်းဆိုတိုက်ပွဲဝင်နေသော “ဦးစိန္တာ”အဖွဲ့ကို အားပေးလာကြသည်။ ရခိုင်သားတို့၏ ရခိုင်ပြည်နယ်တောင်းဆိုသံများ ကျယ်ပြန့်လာနေသည်။ ထိုအခြေအနေကို မွတ်ဆလင်တို့ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ ရခိုင်ပြည်နယ်အဖြစ် တရားဝင်ခွင့်ပြုလိုက်လျှင်၊ ထိုပြည်နယ်တွင်းရှိ မွတ်ဆလင်တို့အပေါ် ဖိနှိပ်ခံရမည်ကို စိုးရွံ့လာကြသည်။ ထို့ကြောင့်ပင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်တို့က “ခွဲထွက်ရေးလှုပ်ရှားမှု”များ စတင်ဆောင်ရွက်လာကြသည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရက ရခိုင်ပြည်နယ်ပေးမည်ဟု ကတိပြုလိုက်သောအခါ မွတ်ဆလင်တို့၏ မကျေနပ်မှုသည် ပိုမိုကြီးထွားလာသည်။ လှုပ်ရှားထကြွမှုများ ပြုလုပ်လာကြသည်။ မွတ်ဆလင်တို့သည် မြန်မာတိုင်းရင်း သားများ မဟုတ်ကြသဖြင့် တိုင်းရင်းသားများသာ ခံစားခွင့်ရှိသည့် “ပြည်နယ်ရပိုင်ခွင့်”ကို ခံစားခွင့်မရှိကြောင်းသိလာကြ သည်။ ထိုအခါ မိမိတို့ကိုယ် မိမိတို့“ရခိုင်တိုင်းရင်းသား မွတ်ဆလင်”များ ဖြစ်ကြောင်း ရေးသားတင်ပြလာကြသည်။ ထို လိမ်လည်တင်ပြမှုကို ပါလီမန်အမတ်ဟောာင်း ”ဂဖား”မှ စတင်ခဲ့သည်။

ရခိုင်တို့၏ပြည်နယ်တောင်းဆိုမှုအရှိန်မြင့်လာချိန်တွင်၊ မွတ်ဆလင်တို့ကလည်း“ရခိုင်တို့နှင့်တန်းတူအခွင့်အရေး ပေးရန်” တောင်းဆိုကြသည်။ တိုင်းရင်းသားအဖြစ် အခွင့်အရေးတောင်းဆိုခြင်း ဖြစ်သည်။

အင်္ဂလိပ်တို့ရခိုင်ကို သိမ်းပိုက်လိုက်သည့် 1824 ခုနှစ်အထိ ”ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းမပေါ်ပေါက်သေး။ မြန်မာနိုင်ငံသမိုင်း၊ ရခိုင်သမိုင်းစာအုပ်များ မှတ်တမ်းမှတ်ရာများတွင်လည်း ရိုဟင်ဂျာအကြောင်းမပါရှိခဲ့။ ရိုဟင်ဂျာဟူသော အသုံးအနှုန်းသည် ဒုတိယကမ္ဘာစစ်အတွင်းရောက်မှ ပေါ်ပေါက်လာခြင်းဖြစ်နိုင်သည်။ 1947 ခုနှစ်တွင် ပေါ်ပေါက်လာသည် ဟုလည်းဆိုသည်။ သည့်မတိုင်မီ မည်သည့်သမိုင်းစာအုပ်တွင်မျှ “ရိုဟင်ဂျာ”ဟူသော အမည်မပါရှိခဲ့။  သန်းခေါင်စာရင်း ကောက်ယူခဲ့သော ခုနှစ်များဖြစ်သည့် 1872၊ 1901၊ 1911 ခုနှစ်များတွင်လည်း ရိုဟင်ဂျာလူမျိုးဟု စာရင်းကောက်ယူ ရရှိ ထားမှုမရှိခဲ့။

ရိုဟင်ဂျာသမိုင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်မှ ဘင်္ဂါလီ ပညာတတ်များက ရေးသားဖေါ်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ရိုဟင်ဂျာဟူသောအမည်ကို တိုင်းသိပြည်သိဖြစ်အောင် စတင်သောလှုပ်ရှားမှုများသည် 1960 ပြည့်နှစ်အတွင်း ကမှ စတင်ခဲ့သည်။

1960 တွင် ရိုဟင်ဂျာအမျိုးသားညီညွတ်ရေးအဖွဲ့ချုပ်က “ရိုဟင်ဂျာလူမျိုးစုရာဇ၀င် အကျဉ်းချုပ်” ကို ပုံနှိပ်ဖြန့်ဝေခဲ့သည်။ 1951 မေလထုတ် ဂါးဒီယန်းမဂ္ဂဇင်းတွင် “အမ်အေတာဟီရ်ဘသာ”က  (ဘသာ) ဟူသော မြန်မာ အမည်ဖြင့်  ဘူးသီးတောင်၊မောင်တောမြို့နယ်များရှိ စစ်တကောင်းသားမွတ်ဆလင်များကို ရခိုင်တိုင်းရင်းသား မွတ်ဆလင် များဖြစ်လေဟန် မခိုင်မာသည့် သမိုင်းအထောက်အထားများဖြင့် ရေးသားခဲ့သော ဆောင်းပါးကို ပြင်ဆင် ဖြည့်စွက် ရေးသားထားခြင်း ဖြစ်သည်။

1990 ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၂၀၀ကျော်ဖွဲ့ရာတွင် မွတ်ဆလင်ပါတီများလည်း ပါဝင်ခဲ့သည်။ ထိုပါတီများထဲက တစ်ခုဖြစ်သော “အမျိုးသားပါတီ”က 31-3-89 ရက်စွဲဖြင့် ရိုဟင်ဂျာဟုခေါ်သူများကို ရခိုင်တိုင်းရင်းသားလူမျိုးများအဖြစ် လက်ခံကြောင်း ရေးသားထားသည့် ”ရိုဟင်ဂျာနိုင်ငံရေးသမိုင်းနှင့် အနာဂတ်ရခိုင်ပြည်” ဟူသော စာတမ်းတစ်စောင်ဝေခဲ့သည်။ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ကြသော မွတ်ဆလင်ပညာတတ်များ အနေ ဖြင့် မွတ်ဆလင်နိုင်ငံများ၏ အထောက်အပံ့ကိုယူကာ “ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးလှုပ်ရှားမှု”များ ပြုလုပ်လာကြသည်။ 

1947 ကုန်ခါနီးတွင် “မူဂျာဟစ်”ပါတီကို ဖွဲ့စည်းခဲ့ကြသည်။ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာမှ ရွာသူကြီးဟောင်း “ဆူလ်တင်” ၏ ညီ “မိုဟာမက်”က ဦးဆောင်ကာ မွတ်ဆလင်လူငယ်များကို လျှို့ဝှက်စွာ စည်းရုံး၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်၏်။

ရခိုင် ကာကွယ်ရေးခေါင်းဆောင် “ထွန်းအောင်ဖြူ” နှင့် “မူဂျာဟစ်” ပါတီတို့ပူးပေါင်းကာ၊  “သပြုချောင်း”ကျေးရွာ တွင်လူထုအစည်းဝေးကျင်းပခဲ့သည်။ အဖွဲ့အမည်ကို မူဂျာဟစ်အဖွဲ့ဟုခေါ်ရန်ဆုံးဖြတ်ခဲ့ပြီး၊ နာယကအဖြစ် ထွန်းအောင်ဖြူ ကို တင်မြှောက်ခဲ့သည်။ ထွန်းအောင်ဖြူသည် ကွန်မြူနစ်ပါတီနှင့် အဆက်အစပ်ရှိသူဖြစ်၏။ “မူဂျာဟစ်” ဟူသော စကား၏ အဓိပ္ပာယ်မှာ “ မိမိတိုင်းပြည်နှင့် ဘာသာရေးအခွင့်အရေးကို တိုက်ခိုက်သောသူ” ဟုဆိုလိုသည်။ 1947 တွင် Jami-a-tul Ulema-e Islam အသင်းက ဦးဆောင်ပြီး  တန်းစီလှည့်လည်ကြရာ “ပါကစ္စတန်အဓွန့်ရှည်ပါစေ” ဟု ကြွေးကြော်ခဲ့ကြ သည်ကို ကြည့်ခြင်းဖြင့် ၎င်းတို့ အနက်ဖွင့်သော မိမိတိုင်းပြည်ဆိုသည်မှာ “ပါကစ္စတန်” ဖြစ်ကြောင်းသိသာစေသည်။

1947 ခုနှစ် မေလ15ရက်နေ့၊ လူဝင်မှုကြီးကြပ်ရေးဌာနက တင်ပြသည့်စာတွင်  ၎င်းဒေသရှိ မွတ်ဆလင်များသည် မောင်တော၊ ဘူးသီးတောင်နယ်မြေကို frontier area သတ်မှတ်ပေးရန်နှင့် အရှေ့ပါကစ္စတန်ဧရိယာတွင် ပါဝင်ဖွဲ့စည်းပေး ရန်တောင်းဆိုဆဲဖြစ်သည်။ မူဂျာဟစ်အဖွဲ့သည်  Jami-a-tul Ulema-e Islam ဘာသာေ၇းအဖွဲ့၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖေါ်ရသော အဖွဲ့ဖြစ်သည်။ Jami-a-tul Ulema-e Islam အဖွဲ့သည် မြေပေါ်အဖွဲ့ဖြစ်ပြီး၊ မူဂျာဟစ်အဖွဲ့ သည်မြေအောက်အဖွဲ့ဖြစ်သည်။ ၄င်းတို့၏ အဓိကရည်ရွယ်ချက်မှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နယ်မြေ များကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ခွဲထုတ်ပြီး ပါကစ္စတန်နိုင်ငံနှင့်ပူးပေါင်းရန်ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရမီက ဖွဲ့စည်းခဲ့သော မူဂျာဟစ်ပါတီသည် လွတ်လပ်ရေးရပြီးနောက် အင်အား တောင့်တင်းလာခဲ့သည်။

1948 စက်တင်ဘာ(30)ရက်နေ့တွင် ဘူးသီးတောင်နှင့် (3)မိုင်အကွာ၊ ဆင်အိုးပြင်ရွာတွင် မူဂျာဟစ်တို့ စတင်စခန်းချပြီး၊ “ပါကစ္စတန်ဂျီနာဗတ်” (ပါကစ္စတန်အဓွန့်ရှည်ပါစေ) ဟူသော ကြွေးကြော်သံကို ကုလား ဘာသာဖြင့် အဆက်မပြတ်အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။

1948တွင် “မွတ်ဆလင် လွတ်မြောက်ရေးအဖွဲ့ညီလာခံ” ကို မောင်တောမြို့နယ်၊ ဂရဗျင်ရွာတွင် ကျင်းပခဲ့ရာ၊ အဖွဲ့အမည်ကို “မူဂျာဟစ်ပါတီ” ဟုတရားဝင်ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည် (DR491(56)ံHCR)။ အဖွဲ့၏ စစ်ရေး ခေါင်းဆောင်မှာ Jaffar Kawal ဖြစ်ပြီး၊ လက်ထောက်မှာ “ဟူစိန်”ဖြစ်သည်။ ၎င်းတို့၏တောင်းဆိုချက်များထဲတွင်

-       ကုလားတန်မြစ်အနောက်ဘက်ကမ်းနှင့် နတ်မြစ်အရှေ့ဘက်ကမ်းကြားဒေသကို မွတ်ဆလင်တို့၏ National Home အဖြစ် သတ်မှတ်ပေးရန်။

-       ရခိုင်ရှိမွတ်ဆလင်များကို တိုင်းရင်းသားစာရင်းထဲထည့်သွင်းပေးရန် ဆိုသည့်အချက်များပါသည်။

1951ဇွန်လတွင် မောင်တောမြို့နယ်၊ “အလယ်သံကျော်”ရွာ မူလတန်းကျောင်းတွင် အရပ်ရပ်ကိုယ်စားလှယ် များပါသော “မွတ်ဆလင်ညီလာခံ”ကို ကျင်းပခဲ့သည်။ ၎င်းအစည်းအဝေးက တောင်းဆိုချက်(14)ချက်ပါဝင်သော အစိုးရသို့အိပ်ဖွင့်ပေးစာကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားတင်ပြခဲ့သည်။ “ဖွဲ့စည်းပုံဥပဒေအရ မွတ်ဆလင်များ၏ တောင်းဆိုချက်များ”ဟု ရေးသားထားသည်။ ၎င်းတောင်းဆိုချက်များထဲတွင်

-       ရခိုင်မြောက်ပိုင်းကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်။ ချင်းတောင်တန်းများ၊ ကချင်ဒေသများနည်းတူ “လွတ်လပ်သော မွတ်ဆလင်ပြည်နယ်”အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန်၊ ယင်းပြည်နယ်တွင် ပြည်ထောင်စုအစိုးရကွပ်ကဲမှုဖြင့် ပြည်နယ်စစ်တပ်၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်လုံခြုံရေး အဖွဲ့များ ထားရှိရန်။

-       စစ်တွေမြို့ကို ရခိုင်ပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းမြို့တော်ဟုသတ်မှတ်ကာ မြို့နှင့် ဆိပ်ကမ်းကွပ်ကဲမှုကို ရခိုင်နှင့် မွတ်ဆလင် ငါးဆယ်ရာခိုင်နှုန်းစီ စီမံခန့်ခွဲအုပ်ချုပ်ခွင့်ပြုရန်။ ပထမဆုံးမြို့တော်ဝန်နှင့် တိုင်းမင်းကြီး ကို မွတ်ဆလင်လူမျိုးထဲမှ ခန့်ထားရန်။

-       လက်နက်ကိုင်တပ်ဖွဲ့စည်းပေးရန်၊ ထိုတပ်ဖွဲ့တွင် မွတ်ဆလင်ငါးဆယ်ရာခိုင်နှုန်းပါဝင်ရန်။

-       ဗဟိုအစိုးရအဖွဲ့တွင်မူ ၀န်ကြီးခန့်အပ်ထားရန်။

-       တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားပြည်နယ်နှင့်တိုင်းများနည်းတူ ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့် ရရန်။

-       မွတ်ဆလင်ကောင်စီ ထားရှိခွင့်ပြုရန်။

-       အစ္စလာမ် အထက်တန်းကျောင်းများနှင့် ကောလိပ်ကျောင်းများ တည်ထောင်ခွင့်ပြုရန် စသည်တို့ဖြစ်သည်။

ရခိုင်မြောက်ပိုင်းကို တောင်းဆိုရာတွင် စစ်တွေကိုပါ ထည့်သွင်းတောင်းဆိုခဲ့သည်ကို တွေ့ရသည်။ ထိုညီလာခံ၏ တောင်းဆိုချက်သည် ယနေ့ထက်တိုင်လှုပ်ရှားနေသော ဘင်္ဂါလီမွတ်ဆလင်များ၏ နိုင်ငံရေးလမ်းကြောင်းနှင့် ပင်မရည်မှန်း ချက်ပင်ဖြစ်သည်။

“မူဂျာဟစ်”အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည့် ကနဦးကာလများတွင် အဖွဲ့၏ ရံပုံငွေအဖြစ် 1942 က ရခိုင်နှင့် အခြား တိုင်းရင်းသားများထွက်ပြေးသွားရ၍ ကျန်နေရစ်ခဲ့သည့် လယ်မြေ များကို ဘင်္ဂါလီများအား သီးစားချပေးပြီး ထိုမှရသည့် ၀င်ငွေအမြောက်အများကို အသုံးပြုသည်။ အစိုးရအမှုထမ်းများနှင့် ပူးပေါင်းပြီး၊ “အူရဒူ၊ အာရဘီ စာသင်ကျောင်းများရံပုံငွေ” ဟု အမည်ခံကာ ငွေကြေးများ ကောက်ခံခဲ့သည်။ ထိုနည်းလမ်းများဖြင့် ရရှိလာသော ရံပုံငွေများကို မြေအောက်မူဂျာဟစ် များအတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာဝယ်ယူရေးတွင် အသုံးပြု ခဲ့ကြသည်။  

ထိုခေတ်ကာလကတည်းက တည်ရှိဖွံ့ဖြိုးခဲ့သော အာရဗီကျောင်းများ၏ အခြေအနေနှင့် ဆောင်ရွက်မှုများကို “မောင်တောမြို့နယ်၊ အာရဗီကျောင်းများ အခြေအနေ” စာတမ်းတွင် အောက်ပါအတိုင်းဖေါ်ပြထားသည်။

“1962 ခုနှစ်က အာရဗီ အထက်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်း (၁၆) ကျောင်း၊ မူလတန်း ကျောင်း(၂၇၆)ကျောင်းရှိရာမှ 1980ပြည့်နှစ်တွင် အာရဗီတက္ကသိုလ် (၂)ကျောင်း၊ အထက်တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၈)ကျောင်း၊ မူလတန်းကျောင်း(၃၀၀)ကျော် ရှိလာသည်ကို တွေ့ရသည်။

ကျောင်းသားဦးရေမှာ 1990 တွင် အာရဗီတက္ကသိုလ် ၌ (၂၀၀)၊ အာရဗီအထက်တန်းကျောင်း၌ (၁၇၅၀)၊ အာရဗီအလယ်တန်းကျောင်းတွင်(၁၈၈၀)၊ အာရဗီမူလတန်းကျောင်းတွင် (၂၃၁၉၀)ရှိကြောင်း သိရသည်။ အဓိကသင်ကြား ပေးသည်များမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ရန်၊ ၀တ်ပြုရန်၊ အာရဗီဘာသာသင်ရန်အပြင် အာရပ်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများ၏ ယဉ်ကျေးမှုထုံးတမ်းဓလေ့များ၊ အတွေးအခေါ်များကိုသာ အဓိကထားသင်ကြား ပေးသဖြင့်၊ မြန်မာအသိုင်းအ၀ိုင်းနှင့် ဝေးသည်ထက် ဝေးလာ သည်ကို တွေ့ရသည်။ ၎င်းတို့၏ ၀တ်ပုံစားပုံ၊ နေထိုင်ပြုမူဆောင်ရွက်ပုံ များမှာ မြန်မာတို့နှင့် လုံးဝမတူသကဲ့သို့၊ မြန်မာတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း  လုံးဝလက်ခံ လိုစိတ်မရှိဘဲ၊ မြန်မာများနှင့်ခြားနားသော အသွင်များဖြစ်လာသည်ကို တွေ့ရသည်။ မောင်တောမြို့နယ် ရှိဘင်္ဂါလီများ မှာ ကိုယ်ပိုင်အနုပညာတေးဂီတလည်း မရှိကြောင်းတွေ့ရသည်”

မြန်မာ့မြေပေါ်တွင် ရောက်ရှိမွေးဖွားလာသော ဘင်္ဂါလီများ၏ “အမျိုးသားရေးဆက်စပ်မှု” (national sense of belonging) သည်  မြန်မာနိုင်ငံထက် တစ်ဖက်နိုင်ငံကို တွယ်ဆက်ထားကြကြောင်းတွေ့ရှိရမည်ဖြစ်သည်။ 1990နှစ်ဆန်း ပိုင်း ကတည်းက စ၍် (Al-Haramain Islamis Foundation) အဖွဲ့သည် စစ်တကောင်းနယ်ထဲက ရိုဟင်ဂျာများကို ထောက်ပံ့ခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ (ဘူးသီးတောင်/မောင်းတော) က ဘာသာရေးကျောင်းများသို့လည်း ထောက်ပံ့ နေကြောင်း ခန့်မှန်း ရသည်။

ယခင်အစိုးရလက်ထက်က မြန်မာပြည်အရှေ့မြောက်ဘက်နှင့် အရှေ့ဘက် (ကချင်၊ ကိုးကန့်၊ ၀၊ မိုးလား) ဒေသ တို့တွင် တရုတ်စာပေသင်ကြားပေးနေခြင်းအပေါ်၊ ကန့်ကွက်ခြင်း တားမြစ်ခြင်းများရှိခဲ့သည်။ တိုင်းရင်းသားများလည်း ယနေ့တိုင် သူတို့ကိုယ်ပိုင်တိုင်းရင်းသားစာပေများသင်ကြားခွင့်ရရှိရေးအတွက် တောင်းဆိုနေကြဆဲဖြစ်သည်ကို မြင်ကြား နေရသည်။ ထိုသို့သော အခြေအနေအောက်တွင် မောင်တောမြို့နယ်ရှိ အာရဗီကျောင်းများကိစ္စသည် ထူးခြားစွာ ဖြစ်ပေါ် တိုးတက်နေသည်ကို တွေ့ရမည်။

(အပိုင်း ၁၁)

1990 ပြည့်နှစ်စာရင်းအရ မောင်တောမြို့နယ်တစ်ခုတည်းတွင်ပင်လျှင် ဗလီပေါင်းသုံးရာကျော်ရှိခဲ့သည်။ ထိုကဲသို့သောအရပ်ဒေသမျိုးတွင် အစ္စလာမ်ဘာသာ၏လွှမ်းမိုးမှု အားကြီးနေမည်မှာသေချာသည်။ ထို့ကြောင့် ဘာသာ ရေး ဆရာတတို့၏ သြဇာသည်လည်း ကြီးမားကျယ်ပြန့်ပါလိမ့်မည်။

ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များ၏ လုပ်ဆောင်ချက်မှန်သမျှသည် မော်လ၀ီဆရာများ၏ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်နေကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့(မော်လ၀ီဆရာများ) ဖြစ်ချင်သောဆန္ဒကို  မွတ်ဆလင် များက လိုက်ပါ အကောင်ထည်ဖေါ်နေရသည်နှင့်တူ၏။ ဘာသာရေးဖြင့် အရာရာကို ထိန်းချုပ်ထားသည့် သဘောပင်ဖြစ် သည်။

ဘူးသီးတောင်၊မောင်တောဒေသတွင်  မွတ်ဆလင်ဘာသာဝင်အမျိုးသမီးများသည်  ခေါင်းမြီးခြုံရမည်၊ ဗီဒီယို ကြည့် ခွင့်မရှိဟု မော်လ၀ီဆရာများကသတ်မှတ်ထားသည်။  ၎င်းဆရာတို့အနေဖြင့် နိုင်ငံတကာမွတ်ဆလင်များနှင့် ကွန်ယက် ဆက်နွယ်မှုရှိနေသဖြင့် သူတို့၏ စီမံဆောင်ရွက်ချက်များသည် စနစ်တကျချမှတ်ထားသော စီမံကိန်းများအတိုင်း  ဖြစ်နေ  သည်။ မော်လ၀ီဆရာအချို့သည် ပြည်ပတွက်သင်တန်းအဆင့်ဆင့်တက်ပြီး ပြန်လာကြသူများဖြစ်ကြောင်းသိရသည်။

31-3-2009 မောင်တောမြို့နယ်တရားရုံး၏ အမှုအမှတ်၃၇၂ တွင် ဖေါ်ပြထားသော မော်လ၀ီဆရာများ၏ နိုင်ငံရေးနှင့် အာရဗီကျောင်းများအပေါ်ချမှတ်လုပ်ဆောင်နေသော စီမံကိန်းများကို အောက်ပါအတိုင်း တွေ့ရမည်။

မော်လ၀ီဆရာတို့သည် မြန်မာနိုင်ငံရေး၏ ရှေ့အလားအလာကိုခန့်မှန်းကာ နိုင်ငံရေးလမ်း ကြောင်းကို ချပေးခြင်းဖြင့် ၎င်းတို့လှုပ်ရှားရမည့်အခြေအနေကို စနစ်တကျတွက်ချက်ဆောင်ရွက်ခြင်း များရှိသည်ကို တွေ့ရသည်။ ၎င်းတို့အနေဖြင့် ပါတီဖွဲ့စည်းခွင့်မရှိသဖြင့် အလားအလာကောင်းသည့် ပါတီနှင့် ပူးပေါင်းရမည် ဟူသည့် သဘောကိုကြိုတင် စီစဉ်ထားပြီးဖြစ်သည်။ လူငယ်များနှင့်ပတ်သက်၍ လည်း ရိုဟင်ဂျာလူမျိုးအကြောင်းကို မွတ်ဆလင်ဘွဲ့ရဆရာများနှင့်၊ ကျူရှင်ဆရာများက တစ်နေ့လျှင် တစ်နာရီခန့် ကျောင်းသားများကို ဟောပြောရမည်ဖြစ်ကြောင်း၊ စွယ်စုံပညာသင်ကျောင်းများဖွင့်လှစ်ပြီး မိမိလူမျိုးဇစ်မြစ်ကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်ကို တွေ့ရသည်။

 ဘာသာရေးအဖွဲ့များအနေဖြင့် အာဖဂန်သို့ သင်တန်းတက်သူများ၊ လက်နက်ကိုင်အဖွဲ့အနေ ဖြင့် သွားသူများ ရှိသည်ကို သိရသည်။ အဓိက ကြိုးကိုင်လှုပ်ရှားနေသူများသည် မော်လ၀ီဆရာများ ဖြစ်နေသည်ကို တွေ့ရသည်။

မော်လ၀ီများအနေဖြင့်၊ အာရဗီကျောင်းများကို အများအပြားတည်ထောင်ကာ၊ ၎င်းတို့သွားလိုသည့် လမ်းကြောင်း ကို ထိုကျောင်းများမှတစ်ဆင့် စတင် အကောင်ထည်ဖေါ်ဆောင်နေကြခြင်းဖြစ်သည်။

1948ခုနှစ် ဇွန်လတွင် “မူဂျာဟစ်အစိုးရ”အမည်တပ်ကာ ဘင်္ဂါလီ၊ အူရဒူစာတို့ဖြင့်ရေးထားသော စာရွက်စာတမ်း များဖြန့်ဝေကာ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်များရှိ မွတ်ဆလင်ဘာသာဝင်တို့ အနေဖြင့် မူဂျာဟစ်တို့ နှင့်လက်တွဲကာ တိုက်ပွဲဝင်ကြဖို့ နှိုးဆော်ခဲ့သည်။ မူဂျာဟစ်တို့ တိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ်ရှိ ဗုဒ္ဓဘာသာဝင် ရခိုင်ကျေးရွာများ မကြာခဏပြိုပျက်ခဲ့ရသည်။ ကျေးရွာအချို့မှာ မူဂျာဟစ်တို့လက်ချက်ကြောင့် လုံးဝပျောက်ကွယ်ခဲ့ရပြီး ရွာအမည်သာ ကျန်ရစ်တော့သည်အထိ ဖြစ်ခဲ့ရသည်။

ထိုအချိန်များက မြန်မာအစိုးရ၏ အုပ်ချုပ်မှုပိုင်းအားနည်းခြင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်း များတွင် မူဂျာဟစ်များ သိသိသာသာအင်အား တောင့်တင်းလာခဲ့၏။ ထိုစဉ်က ရခိုင်ပြည်နယ် ဒေသအများစုသည် မူဂျာဟစ်များနှင့် အခြားရောင်စုံသူပုန်များ၏ လက်အောက်သို့ရောက်ရှိသွားခဲ့ရသည်။

မူဂျာဟစ်တို့အား ချေမှုန်းတိုက်ခိုက်ခဲ့ရသော တိုက်ပွဲများနှင့်ပတ်သက်၍ ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦး၏ အင်တာဗျူးကိုလည်း ဖတ်လိုက်ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် နာယကတစ်ဦးဖြစ်သော မြန်မာ့တပ်မတော်၏ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးနှင့် VOA မှ ဦးရော်နီငြိမ်းတို့ မေးဖြေပြုလုပ်ခဲ့သော အင်တာဗျူးဖြစ်သည်။ အောက်ပါအတိုင်းဖေါ်ပြထားပါသည်။

ဦးရော်နီညိမ်း ။     ။ အန်ကယ့်ကို တစ်ခု မေးကြည့်ချင်တာက အင်္ဂလိပ်ကနေပြီးတော့မှ ဂျပန်ကို ပြန်တိုက်ဖို့အတွက် သူတို့(ဘင်္ဂါလီ) တွေကို လက်နက်တပ်ဆင်ပြီးတော့မှ မြန်မာနိုင်ငံထဲကို လွှတ်လိုက်တယ်။ အန်ကယ်တို့ရဲ့ ဖက်ဆစ် တော်လှန်ရေး ဗမာ့တပ်မတော်နဲ့ ပေါင်းပြီး တိုက်ဖို့ (သို့မဟုတ်) အင်္ဂလိပ်တပ်နဲ့ ပေါင်းပြီး တိုက်ဖို့သဘောနဲ့။ ဒါပေမဲ့ သူတို့တွေက ဂျပန်နဲ့လည်း သေချာမတိုက်လိုက်ရဘူး၊ လက်နက်တွေနဲ့ ကျန်ခဲ့တယ် ဆိုတဲ့ သဘောလား။ အဲဒါ အန်ကယ် သိသလောက် ပြောပြပေးပါ ခင်ဗျ။

ဦးတင်ဦး ။     ။ ဟုတ်တယ်၊ အဲဒီတုန်းက အရှေ့ပါကစ္စတန်ဆိုပြီး ဖွင့်လိုက်တဲ့အချိန်မှာ ဒီဘက် က နောင်သောအခါ (ဘင်္ဂါလီ) ခေါင်းဆာင်ဖြစ်မဲ့ ပုဂ္ဂိုလ်တွေက အရှေ့ပါကစ္စတန်နဲ့ တဆက်တည်း တတွဲတည်း မေယုမြစ် (Mayu River) ရဲ့ အနောက်ဘက်မှာ မေယုနယ်ပေါ့၊ မေယု နယ်ဆိုတာ ဘူးသီးတောင် မောင်တော ပါပဲ။ အဲဒီမေယုနယ်ကို district (ခရိုင်) တစ်ခုအနေနဲ့ အရှေ့ပါကစ္စတန် ထဲကို ပါစေချင်တဲ့ သဘောရှိတယ်။ အဲဒီအတွက် ပြောတာ ဆိုတာတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း မစ္စတာဂျင်းနားတို့(ပါကစ္စတန်) ခေါင်းဆောင်တွေအားလုံးက ဒီဘက်(အရှေ့ပါကစ္စတန်နဲ့ ဆက်စပ်နေ တဲ့ မြန်မာနိုင်ငံဘက်ခြမ်း) နဲ့ ပတ်သက်တာတွေကို လုံးဝ စိတ်ပါဝင်စားခြင်း မရှိဘူး။ နောက်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ပြတ်ပြတ်သားသား နေလိုက်တယ်။

သို့သော်လည်းပဲ ဒီဘက်မှာက ခုနက ကျန်ရစ်ခဲ့တဲ့ လက်နက်တွေနဲ့ ပတ်သက်တာတွေ၊ အရင် တုန်းက (ဂျပန် ကိုတိုက်ဖို့ လွှတ်လိုက်တဲ့) ဒီဘက်ကို Bengal (ဘင်္ဂလား) ဘက်ကနေ ပါလာတဲ့သူ (ဘင်္ဂါလီ)တွေကလည်း ရှိနေကြတော့ သူတို့ကဆက်ပြီးတော့ မေယုကမ်းခြေ၊ မေယုမြစ်ရဲ့ အနောက် ဘက် ကမ်းကို သူတို့က စိုးမိုးထားရမယ် ဆိုပြီးတော့၊ မူဂျာဟစ်ဒင် (အာရဗီ (Arabic) ဘာသာစကားနှင့် ဘာသာရေးအရ ခုခံစစ်ပွဲဆင်နွှဲသူ တစ်ဦးတစ်ယောက်အား မူဂျာဟစ်(Mujahid)၊ တစ်ယောက်ထက် မက အများဆိုလျှင် မူဂျာဟစ်ဒင် Mujahidin, Mujahedeen) ဆိုပြီးတော့၊ မူဂျာဟစ်တွေ ပေါ်ပေါက် လိုက်တာပေါ့။

အဓိပ္ပာယ်ကတော့ အဲဒီမှာရှိတဲ့နယ်မြေနဲ့ ဆက်စပ်ပြီးတာ့ မေယုနယ်ဆိုတာကို ထူထောင်ချင်တဲ့ သဘောတွေရှိတယ်။ အဲဒီအခါကျတော့ နိုင်ငံရဲ့အချုပ်အခြာကို ထိခိုက်လာတာကတစ်ကြောင်း၊ အဲဒီဟာက အန္တရာယ်လည်းကြီးမားနေတာက တစ်ကြောင်း၊ ဗိုလ်ချုပ်ကျော်ဇော (ယခု တရုတ်နိုင်ငံ တွင် နေထိုင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော် သုံးကျိပ်ဝင် အငြိမ်းစားဗိုလ်မှူး ချုပ်ကျော်ဇော) ခေါင်းဆောင်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၅) (သနက ၅) က သွားပြီးတော့ ဒီမူဂျာဟစ်တွေကို နှိမ်နင်းတိုက်ခိုက်ချေမှူန်းလိုက်ရတယ်။

ဒီ သနက(၅)အတွက် လိုအပ်တဲ့ စစ်သည်အင်အားကို စစ်ရေးလေ့ကျင့်မှုအတွက် မေမြို့ (ပြင်ဦးလွင်) မှာရှိတဲ့ training depot (BATD – Burma Army Training Depot)  လေ့ကျင့်ရေး တပ်မှာ လေ့ကျင့်ပေးပြီးတော့ သူတို့ကို မြန်မြန်ကျောင်းဆင်းပေးပါလို့ ပြောတဲ့အတွက် အဲဒီ train (လေ့ကျင့်ရေး) လုပ်နေကြတဲ့အထဲက တပ်ခွဲနှစ်ခွဲကို လေယာဉ်ပျံနဲ့ အဲဒီတုန်းက အင်ဒိုနီးရှားကလာတဲ့ (သယ်ယူပို့ဆောင်ရေး) Zero Zero One လေယာဉ်ကြီးတွေ  ကက်သရင်းနား (Katherina) လေယာဉ်ကြီးတွေနဲ့ ကျနော်တို့က ခူသယ်ခေါက် သယ် (ရခိုင်ပြည်နယ်ကို) ပို့တယ်။ ကျနော်ကိုယ်တိုင် ပို့ရတယ်။ ကျနော်ကိုယ်တိုင်ပဲ ဒီလေယာဉ်တွေအပေါ်မှာ လိုက်ပြီးတော့ နေ့ချင်းပြန် ချက်ချင်းပို့ဖူး တယ်။

1950ခုနှစ်တွင် “မေယုအော်ပရေးရှင်း”ချမှတ်ကာ အစိုးရက မူဂျာဟစ်ဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ထိုထိုးစစ်များက ရခိုင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်သူပုန်များ အင်အားကို လျှော့ချနိုင်ခဲ့သည်။

1951ခုနှစ်၊ မတ်လတွင် ရခိုင်တိုင်းမြောက်ပိုင်းရှိ သောင်းကျန်းသူများကို စတင်ထိုးစစ်ဆင်ခဲ့သည်။ ထိုထိုးစစ်များ ကြောင့် မူဂျာဟစ်တို့ အရှေ့ပါကစ္စတန်သို့ ထွက်ပြေးကြသော်လည်း၊  ထိုးစစ်ရုပ်သိမ်းချိန်များတွင် ထကြွမြဲ ထကြွကြ ပြန်သည်။

1952ခုနှစ် ဇွန်လ(၁၀)ရက်နေ့တွင် “အဗ္ဗဒူကာဆင်”ကြီးမှူးသော မူဂျာဟစ်များက မောင်တောနှင့် ဘူးသီးတောင် မြို့များရှိ အစိုးရရုံးများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ 

1952 ခုနှစ်၊ အောက်တိုဘာလတွင်  “မေယုစစ်ဆင်ရေး” ကို ပြန်လည်စတင်သည်။ နိုဝင်ဘာလအရောက်တွင် မူဂျာဟစ်ဌာနချုပ်ရှိရာ “လက်ပန်တောင်”ကိုသိမ်းပိုက်ရမိသည်။ ထို့ကြောင့် “အဗ္ဗဒူကာဆင်”ဦးစီးသော မူဂျာဟစ်တို့ များစွာ အင်အားချိနဲ့သွားခဲ့သည်။ ထိုကာလသည် တပြည်လုံးအတိုင်းအတာအရ ရောင်စုံသောင်းကျန်းမှုများ ထကြွ နေသဖြင့် စစ်ဆင်ရေးကာလအပြီးတွင် စစ်ကြောင်းများပြန်ရုပ်သိမ်းခဲ့ရပြန်သည်။ စစ်ကြောင်း ရုပ်သွားသည်နှင့် မူဂျာဟစ် များက ယခင်အတိုင်းပင် ရခိုင်ကျေးရွာများကို ထိပါးနှောက်ယှက် အနိုင်ကျင့်ကြပြန်သည်။

1954ခုနှစ်၊နိုဝင်ဘာလတွင် ဘူးသီးတောင်နှင့် မောင်တောနယ်မြေများတွင် တပ်မတော်က “မုတ်သုန်စစ်ဆင်ရေး” ဆင်နွှဲရာ အခိုင်အမာခြေကုပ်စခန်းများကို ချေမှုန်းနိုင်ပြီး မူဂျာဟစ်ဌာနချုပ်ဖြစ်သော “မင်္ဂလာကြီး” စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ မူဂျာဟစ်ခေါင်းဆောင် “အဗ္ဗဒူကာဆင်”သည် အရှေ့ပါကစ္စတန်သို့ ထွက်ပြေးတိမ်းရှောင်သွားရ သည်။ မူဂျာဟစ်တို့ စစ်ဦးစတင်ကျိုးချိန်ဖြစ်၏။ 1954 တွင် အင်အား 400 ခန့်ရှိသော မူဂျာဟစ်များသည် 1955 နှစ်ဦး တွင် အင်အား200 ခန့်သာရှိတော့သည်။ (1955-58)တွင် ပြောပလောက်သော အင်အားမရှိတော့ပဲ မှောင်ခို ဓားမြဂိုဏ်း သာသာဖြစ်သွားခဲ့သည်။ သို့သော် 1959ခုနှစ် သြဂုတ်လ(21)ရက်နေ့တွင်၊ မြန်မာပိုင် “တောင်ပြို”ရဲစခန်းနှင့် လူဝင်မှု ကြီးကြပ်ရေးစခန်းများနှင့် ပါကစ္စတန်လက်နက်ကိုင်(30)၊မွတ်ဆလင်အရပ်သား(168)ယောက်တို့ကို ၀င်ရောက်သိမ်းပိုက် ပြီး မီးရှို့ဖျက်ဆီးပစ်ခဲ့သေးသည်။

1960 ဦးနု၏ ဖဆပလ အနိုင်ရပြီး၊ “ရခိုင်ပြည်နယ်အဆင့်”ပေးရန်လုပ်ချိန်တွင် မူဂျာဟစ်တို့၏ ရိုဟင်ဂျာ အသွင် ပြောင်းထားသည့် နိုင်ငံရေးလှုပ်ရှားမှုများစတင်လာခဲ့သည်။ “ရိုဟင်ဂျာလူမျိုးစုရာဇ၀င် အကျဉ်းချုပ်”ကို ပုံနှိပ်ဖြန့်ဝေခဲ့ သောခုနှစ်ဖြစ်သည်။  ဘူးသီးတောင် ပါလီမန်အမတ် “အဒူဂေါ်ဖော်”(ဂဖါး)က 1960၊ဧပြီ21ရက်က ရန်ကုန်တွင် ပြုလုပ်သော သတင်းစားရှင်းလင်းပွဲတစ်ခုတွင် ရခိုင်၊ ပထန်နှင့် အာရပ်တို့ သွေးနှောရာမှ ဖြစ်ပေါ်လာသော လူမျိုးသည် ရိုဟင်ဂျာလူမျိုးဖြစ်သည်ဟုလည်းကောင်း၊ ရခိုင် ဘင်္ဂါလီ၊ အူရဒူ၊ ပါရှန်၊ အာရဘီစကားများ ရောနှော၍ ဖြစ်ပေါ်လာ သော စကားသည် ရိုဟင်ဂျာစကားဖြစ်သည်ဟူ၍လည်းကောင်း ရှင်းလင်းတင်းပြေနေသော အချိန်လည်းဖြစ်သည်။  မူဂျာဟစ် လက်နက်ကိုင်များမှာမူ အမြစ်မပြတ်သေး။

 (အပိုင်း ၁၂)

1961 ခုနှစ်တွင် မေယုခရိုင်အုပ်ချုပ်ရေးဖွဲ့စည်းပြီးနောက် ထိုးစစ်များဆင်နွဲခဲ့ရာ၊ နှစ်လအကြာတွင် ဘူးသီးတောင် တောင်ပိုင်း မူဂျာဟစ်ပါတီဥက္ကဌ “ရော်ဘီဟူလာ”၊ ဒုဥက္ကဌ“မော်စတော်ဖီ”နှင့် အဖွဲ့ဝင်290ကျော် လက်နက်ချခဲ့ရာမှ မူဂျာဟစ်တို့ အင်အားလျှော့နည်းသွားခဲ့သည်။

1962ခုနှစ် ဗိုလ်ချုပ်နေ၀င်းအာဏာရချိန်နောက်ပိုင်းတွင် ရိုဟင်ဂျာအဖွဲ့သည် မြေအောက်အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ “ခွဲထွက်ရေး”တောင်းဆိုချက်များ ကျယ်ကျယ်လောင်လောင်လုပ်လာကြပြန်သည်။

1966 ခုနှစ်ခန့်တွင် “ကာဆင်”၏ မူဂျာဟစ်လက်ကျန်မွတ်ဆလင်များ ပြန်လည်လှုပ်ရှားလာကြပြန်သည်။ ယခင် က မွတ်ဆလင်ဘာသာရေး ကြွေးကြော်သံဖြင့် “ဂျီဟတ်”စစ်ပွဲဆင်နွဲရန် လှုံ့ဆော်စည်းရုံးရေး မအောင်မြင်သည့်အခါ၊ နည်းဗျူဟာသစ်များချမှတ်ဆောင်ရွက်လာကြသည်။ ၎င်းနည်းဗျူဟာကိုအကောင်ထည်ဖေါ်ဆောင်ရွက်ခဲ့သူမှာ ဖဆပလ အမတ်အဖြစ်လည်းကောင်း ဖဆပလ၏ ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဆောင်ရွက်ခဲ့သည့် “စူလ်တန်မာမွတ်” ဖြစ်သည်။ ၎င်း၏ နောက်ကွယ်တွင် မော်လ၀ီဆရာများရှိသည်ဟု ယူဆရသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ မေယုကမ်းသွယ်(မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်၏ အနောက်ဘက်ခြမ်း) တစ်ခုလုံးကို “အာကစ္စတန်” (Arkistan) အမည်ဖြင့်၊ နိုင်ငံသစ် တစ်ခု ထူထောင်ရန်ဖြစ်သည်။ ထိုဒေသသည် ရခိုင်(Arkan) နှင့် ပါကစ္စတန်ကြားရှိ ဒေသဖြစ်သဖြင့် ထိုဒေသနှစ်ခု အမည်ပါသော ဘာသာရေးဆိုင်ရာ မွတ်ဆလင်နိုင်ငံ ထူထောင်ရန် ကြံစည်ခြင်းဖြစ်သည်။

1969တွင်ဘီအေဇော်ဖောခေါင်းဆောင်သော မြေအောက်သောင်းကျန်းသူမျာသည်
 တောင်ပိုင်းနှင့်မြောက်ပိုင်း ဒေသများတွင် ဆူပူလှုပ်ရှားမှုများ ပြန်လည်စတင်လာခဲ့သည်။

1971 တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက်၊ ပြည်သူ တို့ထံ အကြံအဥာဏ်ပေးရန်တောင်းခံခဲ့သည်။ ထိုအချက်ကို အခွင့်ကောင်းယူပြီး၊  မြေပေါ်မြေအောက် မွတ်ဆလင် လှုပ်ရှားသူများ ပြန်လည်ခေါင်းထောင်လာခဲ့ကြသည်။ ၎င်းတို့က ရိုဟင်ဂျာအမည်ခံ မွတ်ဆလင်တို့အတွက် အခွင့်အရေး တောင်းသော “ရိုဟင်ဂျာလူမျိုးများက အကြံပေးဆန္ဒပြုစာတမ်း” ဟူသောအမည်ပါ စာတမ်းကို အစိုးရသို့ တင်ပြခဲ့သည်။

မောင်တောမြို့နယ်ပြည်သူများ၏ သဘောထားနှင့် အကြံပေးချက်တွင် ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ပေးရန် အကြံပြုထားသည်။(ထိုဒေသတစ်ခုလုံးကို မွတ်ဆလင်ဦးရေက အများဆုံးကြီးစိုးထားသည်။) ဘူးသီးတောင် မြို့နယ်မှ အကြံပေးချက်တွင် ဘူးသီးတောင်နှင့်မောင်တောကို မေယုခရိုင်အဖြစ်ဖွဲ့စည်းပေးရန်၊  မေယုခရိုင်ရှိ မွတ်ဆလင် များကို ရိုဟင်ဂျာလူမျိုးအဖြစ်ပြဌာန်းရန် တောင်းဆို အကြံပေးထားသည်။  

1974 ခုနှစ်တွင် တပ်မတော်ထိုးစစ်ကြောင့် ဘီအေဇော်ဖော အဖွဲ့သည် တဖြည်းဖြည်း ပြိုကွဲသွားခဲ့ရသည်။ ဘူးသီးတောင်၊ မောင်တောရှိ မူဂျာဟစ်တို့လည်း တစ်ဘက်နိုင်ငံသို့ ထွက်ပြေးကြရပြန်သည်။

1978 ခုနှစ်၊ ဖေဖေါ်ဝါရီလ(၆)ရက်နေ့မှ စတင်ပြုလုပ်ခဲ့သော “နဂါးမင်းစစ်ဆင်ရေး”တွင် သုံးလအတွင်း၌ မွတ်ဆလင်ပေါင်း နှစ်သိန်းနှင့်နှစ်သိန်းငါးသောင်းကြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ UN မှ ဒုက္ခသည် စခန်း များဖွင့်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ထို ထွက်ပြေးသွားသူများကို နှစ်နိုင်ငံ သဘောတူညီချက်အရ “ဟင်္သသာ စီမံချက်” ဖြင့် ပြန်လည် လက်သင့်ခံခဲ့သည်။  သည့်နောက်ပိုင်းတွင် ရိုဟင်ဂျာ တို့ စစ်ရေးလှုပ်ရှားမှု အရှိန်သေသွားခဲ့သည်။

1990 တွင် မြန်မာ့တပ်မတော်က ရိုဟင်ဂျာတို့ကို မောင်းထုတ်စဉ်တွင် ရိုဟင်ဂျာတို့၏ စစ်ရေးလှုပ်ရှားမှု အလွန်အားပျော့သွားခဲ့သည်။

1994တွင် မောင်တောဒေသအတွင်း၊ (Rohingya Solidarity Organization/ RSO) က ထိုးဖေါက် စစ်ဆင်ရေး လုပ်ခဲ့သော်လည်း စောစီးစွာ ချေမှုန်းခြင်းခံလိုက်ရသည်။ ၎င်းနောက်ပိုင်းတွင် ရိုဟင်ဂျာတို့၏ စစ်ရေးလှုပ်ရှားမှု မယ်မယ်ရရ မတွေ့တော့။

ထိုကာလများ(1963-2000) အတွင်း ရိုဟင်ဂျာအဖွဲ့အစည်းများအကြောင်းကို “ရဲထွန်း၏မှတ်တမ်း” ဟူသော ဘလော့ဂ်တစ်ခုတွင် အောက်ပါအတိုင်းရေးသားဖေါ်ပြခဲ့သည်ကိုတွေ့ရသည်။

“မူဂျာဟစ်အဖွဲ့၏ မူဝါဒလုပ်ထုံးများစွာပါဝင်သော မူဂျာဟစ်အဖွဲ့ဝင်ဟောင်းများ ပါဝင်သည့် ရိုဟင်ဂျာလွတ်လပ်ရေးတပ်ဖွဲ့ (Rohingya Independence Force)ကို ၁၉၆၃ခုနှစ်တွင် ဦးနေ၀င်း အစိုးရ၏ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအား ဖိနှိပ်မှုမှ ကာကွယ်ရန်နှင့် ရိုဟင်ဂျာကျောင်းသား များသမ္မဂ္ဂ (Rohingya Students Union) နှင့် ရိုဟင်ဂျာလူငယ်အဖွဲ့ချုပ် (Rohingya Youth League) ကဲ့သို့သော အဖွဲ့အစည်းများအားပိတ်ပင်မှုအား တားဆီးရန် ဖွဲ့စည်းခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်မစ် လှုပ်ရှားမှု (Pan Islamic Movement) ကိုအတုယူပြီး မျိုးချစ်ရိုဟင်ဂျာတပ် (Rohingya Patriotic Force)၊ နောက်ပိုင်းတွင် ရိုဟင်ဂျာလွတ်လပ်ရေးတပ်ဖွဲ့ (Rohingya Independence Force) ဟုသာသိရသည့်အဖွဲ့ကို ၁၉၇၄ တွင် ဖွဲ့စည်းပြန်သည်။ ယင်းအဖွဲ့သည် ဘင်းဂလားဒေ့ရှ် နိုင်ငံအနီးတွင် လွတ်လပ်သော မူဆလင်ပြည်နယ်ထူထောင်ရန် ကြိုးပမ်းခဲ့သည်။ ထို့အပြင်ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်လူမျိုးများ၏ အကျိုးစီးပွားကို ထိရောက်စွာ မဆောင်ရွက်နိုင်ပဲ အဖွဲ့ငယ်များအဖြစ် ပြန့်ကျဲသွားခဲ့သည်။

 ၁၉၈၂ခုနှစ်တွင် မျိုးချစ်ရိုဟင်ဂျာတပ် (Rohingya Patriotic Force) မှခွဲထွက်သောအဖွဲ့ သည် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) တည်ထောင်သည်။ ထိုအဖွဲ့မှ အာရကန်ရိုဟင်ဂျာမူဆလင်တပ်ဦး (Arakan Rohingya Muslim Front) က ၁၉၈၆ခုနှစ်တွင် ထပ်မံခွဲထွက်ခဲ့သည်။

 အထက်ပါအဖွဲ့အစည်းနှစ်ခုသည် ဘင်းဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းတွင် အခြေပြုလှုပ်ရှားကြ ပြီး ၁၉၉၅ခုနှစ်တွင် ပြန်လည်ပေါင်းစည်းကာ အမျိုးသားရိုဟင်ဂျာမဟာမိတ်အဖွဲ့ (Rohingya National Alliance) အဖြစ်ပူးပေါင်မိကြသည်။ ထိုအဖွဲ့သည် ၁၉၉၉တွင် အာရကန်ရိုဟင်ဂျာအမျိုးသားအဖွဲ့ချုပ် (Arakan Rohingya National Organisation) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အမည်ကို ၂၀၀၀ခုနှစ်တွင် အာရကန်ရိုဟင်ဂျာအမျိုးသား အဖွဲ့ချုပ် (Arakan Rohingya National Organisation) မှခွဲထွက်သောအဖွဲ့ငယ် ၃ခုက ထပ်မံသုံးစွဲခဲ့ ကြသည်။”

http://yehtunblog.blogspot.com/2012/06/fcaebook-rohingya-independence-force.html

 ခုနှစ်သက္ကရာဇ်များအလိုက် ဖြစ်ပျက်ခဲ့သမျှကို ကြည့်လျှင် နိုင်ငံ့အချုပ်အခြာအာဏာ တည်တံ့ရေး အတွက် ဤအရပ်ဒေသ၏ အရေးပါမှုအားရှင်းလင်းစွာ မြင်နိုင်မည်ဖြစ်သည်။ နှစ်ပေါင်းများစွာကိုယ့်မြေကိုယ့်ရေပေါ်တွင် ကြံကြံ့ခံရပ်တည်ရင်ဆိုင်နေကြသော ဒေသသားတို့အား အလေးအမြတ်ပြုသောစိတ်ဖြင့် အနောက်ဘက်တံတိုင်းကို လှမ်းမျှော် ကြည့်မိပါသည်။

ငြိမ်းအေးအိမ်

No comments:

Post a Comment