အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း
(PART 4)

(အပိုင်း ၁၃)
(PART 4)
(အပိုင်း ၁၃)
(၇)
ရခိုင်ပြည်နယ်၏ နှစ်ပေါင်းများစွာ မငြိမ်းမချမ်းဖြစ်နေမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းထိစပ် နေခြင်းသည်လည်း အရေးပါသောအကြောင်းအချက်တစ်ရပ်အဖြစ်ပါဝင်နေသည်။ နှစ်နိုင်ငံနယ်စပ်မျဉ်းခြင်း ထိစပ် နေသော အလျားသည် (၁၂၅)မိုင်ရှိသည်။ ထိုအနေအထားတွင် နိုင်ငံနှစ်ခု၏ အခြေအနေ နှိုင်းယှဉ်ကြည့်ဖို့လိုပေမည်။ မြန်မာနိုင်ငံသည်ဧရိယာ(261,227)စတုရန်းမိုင်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်သည် (56,977)စတုရန်း မိုင်သာရှိသည်။ မြန်မာနိုင်ငံ ထက်(4.58)ဆပိုငယ်သော တိုင်းပြည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်စပ်ထားသော မောင်တောမြို့နယ်သည် ဧရိယာ (540 Sq mi) သာရှိသည်။ မြန်မာ့လူဦးရေ သန်းခြောက်ဆယ် ခန့်ရှိချိန်တွင် ဘင်္ဂလား ဒေ့ရှ်သည် 2011 သန်းခေါင် စာရင်းအရ သန်းပေါင်း တစ်ရာ့ငါးဆယ်ခန့်ရှိနေပြီဖြစ်သဖြင့် မြန်မ့ာလူဦးရေထက်(2.5)ဆ ပိုများနေပြီဖြစ်သည်။ မြန်မာသည် လူဦးရေ သိပ်သည်းဆ(191.5/sq mi) ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်သည် လူဦးရေ သိပ်သည်းဆ (2497.4/sq mi) ရှိနေခြင်းခြင်းနှင့် တိုင်းပြည်နှစ်ခု၏ ဖွား/သေနှုန်းမတူခြင်းသည်လည်း ရေရှည်တွင် ပြဿနာဖြစ်လာနိုင်ဖွယ် ရှိနိုင်မည် ဖြစ်သည်။ မွေးနှုန်းကန့်သတ်မှုမရှိခြင်း၊ အိမ်ထောင်ပြုမှုစနစ်မတူခြင်းသည် အနာဂတ်တွင် လူဦးရေပြဿနာကို ထိမ်းကွပ်ရ ခက်ခဲစေပါမည်။ ထိုမွေးနှုန်းမတူမှုကြောင့်ပင် နှစ်ပေါင်းများစွာ တောက်လျှောက် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံအဖြစ် တံခွန်ထူထားသော တရုတ်နိုင်ငံ၏စံချိန်ကို 2050ခုနှစ်တွင် အိန္ဒိယက လက်လွှဲရယူသွားတော့မည်ဟု လူဦးရေလေ့လာမှုစစ်တမ်းများက ကြိုတင်တွက်ဆထားပြီးဖြစ်သည်။သူ့နိုင်ငံ သူ့လူမျိုး၊ သူ့ဓလေ့စရိုက်၊ သူ့အိမ်ထောင်ပြုမှု၊ သူ့မွေး/သေနှုန်းများဖြင့် ချီတက်နေခြင်းသည် ထိုအခြေ အနေမျိုးကို နှစ်သက်လက်ခံထားသောနိုင်ငံ၏ သူ့အနာဂတ်ကို သူ့စိတ်တိုင်းကျပုံစံ၊စနစ်ဖြင့် ခရီးဆက်နေခြင်းသာဖြစ်၏။ ကျွန်တော်တို့ပြဿနာ မဟုတ်ပါ။ သို့သော် သူ့နိုင်ငံအတွက် သူရွေးချယ်ထားသော ထိုအခြေအနေမျိုးကို ကျွန်တော်တို့ နိုင်ငံ၏နယ်နမိတ်အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသူ သူ့နိုင်ငံသားများက ကျွန်တော်တို့မြေပေါ်တွင် ထူထောင် နေရာယူလာကြသည်။ ဤအခြေအနေကပင် မိမိလူမျိုးများကို သူ့လူမျိုးများက တွန်းဖယ် အစားထိုး ၀ါးမြိုသွားနိုင်သည့် အနေအထားတစ်ခု ဖြစ်နေစေသည်။ မည်သို့မျှ လက်သင့် ခံဖွယ်မရှိသော ကြောင်းချင်းရာပင် ဖြစ်၏။
ဇူလိုင်လ(၂၂)၇က်နေ့တွင် ရန်ကုန် မြို့၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြားသွားခဲ့သည့်စကားများတွင် လူဦးရေအရ နယ်ချဲ့ခံနေရခြင်းကို အစိုးရက ရှင်းရှင်းလင်းလင်းသိမြင်ထားကြောင်း တွေ့ရမည်ဖြစ်သည်။ ၀န်ကြီး၏ ပြောစကားမှာ-
““အရင်တုန်းကတည်းက လူကြီးတွေက အမျိုးမျိုးစဉ်းစားတယ်။ ဒီဟာက Population Density ဘာသာရပ်ပေါ့ဗျာ။ ဒီ ရိုဟင်ဂျာ တွေက Population Best Theory နဲ့ ကျွန်တော်တို့ နိုင်ငံထဲ ကို စိမ့်ဝင် လာတယ်။ အကြောင်းအမျိုးမျိုးနဲ့ ဒီလိုဝင်လာပြီးဒီမှာမိန်းမယူတယ်။ သူတို့တစ်ယောက်ထဲနဲ့ မိန်းမက လေးယောက်လောက်ယူလိုက်တယ်။ ဒီတော့ တစ်နှစ်မှာ ကလေး တစ်ယောက်ပဲမွေးနိုင်တဲ့ တိုင်းရင်း သားတွေထက်စာရင်သူတို့က တစ်နှစ်မှာကလေး လေးယောက်မွေး နေတယ်။ အဲ့ဒီမှာပဲ သူတို့က တော်တော့်ကို သာနေတယ်။ ကျွန်တော်တို့တွေကလည်း မအောင်မြင်ခဲ့ဘူး။ ပြောရရင် သူတို့ရဲ့ Population Density လူဦးရေသိပ်သည်း မှုက နဂိုကတည်းကရှိနေတဲ့ တိုင်းရင်းသား တွေရဲ့ Population Density ထက်အဆမတန်ပိုများနေတယ်။ ဥပမာ သူတို့ရဲ့လူဦးရေ သိပ်သည်းမှုက ၉၇ရာခိုင်နှုန်းလောက် ရှိပြီး ရခိုင်တိုင်းရင်းသားတွေက ၃ ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်။ ဒီတော့ ရိုဟင်ဂျာဆိုတာ ဟာ နိုင်ငံခြားသားပဲ ကျွန်တော်တို့ သမ္မတကြီးကလည်း ရဲရဲဝံ့ဝံ့ပြောတယ်။ သူတို့ကို တတိယနိုင်ငံပို့မယ် လာမခေါ်သေးရင် ခြံခတ်ထားမယ် သမ္မတကြီးကတော့ သူ့ပေါ်လစီကို အတိအလင်း ကြေငြာလိုက်ပြီ ကျွန်တော်တို့တွေအနေနဲ့ကလည်း ဒီပြဿနာနဲ့ပတ် သက်ပြီးတွေ့ဆုံပွဲ တွေ Work shop တွေလုပ်ပြီး သက်ဆိုင်ရာ ကဏ္ဍ အလိုက်ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာပါ”” ဟုဖြစ်သည်။
ဇွန်လ ၂၀ ရက်နေ့ထုတ် မြန်မာပို့စ်သတင်းဂျာနယ်ပါ ဆောင်းပါးရှင် “ဉာဏ်လင်းကို” ၏ ရခိုင်အရေးနှင့် လူသားချင်း စာနာ ထောက်ထားမှု' ဆောင်းပါးတွင် ဦးအေးသာအောင် ၏ ပြောစကားကို အောက်ပါအတိုင်းတွေ့ရပါသည်။
"'မြန်မာနိုင်ငံအတွင်း၌ တရားမဝင် ဝင်ရောက် နေထိုင်သည့် နိုင်ငံသားများရှိသည့်အတွက် ယင်းတို့ကို နိုင်ငံသားဥပဒေအတိုင်း ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်း၊ ယခု ပဋိပက္ခ ဖြစ် ပွားနေသော မောင်တော နယ်မြေတွင် တိုင်းရင်းသား အစစ်အမှန် ၃ ရာခိုင်နှုန်း လောက်သာရှိနေ သည့်အတွက် ကျည်ဆန်တစ်တောင့် ပစ်စရာမလိုဘဲ နယ်မြေများ စွန့်လွှတ်ထားရသည့်သဘော ဖြစ်နေ ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ အနေနှင့် စွန့်လွှတ်ရမည့် ယင်းနယ်မြေကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် သက်ဆိုင်ရာလုပ်ရပ်များနှင့် အစီအမံများလုပ်ပေးရန်လိုကြောင်း၊ ယင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် နိုင်ငံတော် အစိုးရမှသာ တာဝန်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတော် အစိုးရ နှင့်အတူ နိုင်ငံရေး ပါတီ များ၊ တိုင်းရင်းသား ပါတီများ၊ ၈၈ ကဲ့သို့သော အဖွဲ့အစည်းများ အားလုံး စုပေါင်းပြီး ဆောင်ရွက်မည်ဆိုလျှင် ပိုမို အကျိုးသက်ရောက်မှုနှင့် ထိရောက်မှုရှိမည်ဟု သုံးသပ် ကြောင်း ဦးအေးသာအောင်က ထပ်မံ ဖြည့်စွက် ပြောကြားသည်။" ဟုဖြစ်ပါသည်။
လူဦးရေပေါက်ကွဲမှုနှုန်းကြီးမြင့်သော တစ်ဘက်နိုင်ငံက အခြေခံလက်မဲ့လူများသည် မြေယာကျယ်ဝန်းရာ၊ စိုက်ပျိုး လုပ်ကိုင်စားသောက်ရန် ပိုအခွင့်လမ်းသာရာ မြန်မာနိုင်ငံသို့ လှိမ့်ဝင်နေခဲ့သည်မှာ သူတို့ကိုအင်္ဂလိပ်များခေါ်သွင်းလာ ကတည်းက ယခုတိုင်ထိ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၏။
ထိုနှစ်များအတွင်း စစ်တကောင်း ဘင်္ဂါလီတို့ မြန်မာ့မြေ ပေါ်တွင် ပြုမူဆောင်ရွက်ခဲ့သည်များကို စေ့ငုကြည့်လျှင် ခြေချစရာ တစ်နေရာရရေးအတွက် ရခိုင်ပြည်နယ်ကို မရမက ခြေကုပ်ယူကာ သူတို့ကိုယ်ပိုင်နယ်မြေရရှိရေးကြိုးပမ်းနေကြသလောဟု တွေးတောဖွယ်ရာပင်ဖြစ်သည်။
ဒေါက်တာမင်းဇော်ဦး၏ ဆောင်းပါးတစ်ပုဒ်တွင် ““ ဘင်္ဂလားဒေ့ရှ်သည် သဘာဝ ဘေးအန္တရယ်အရိုက်ခတ်ခံရဆုံး တိုင်းပြည်ဖြစ်နေကြောင်း၊ UNDP အဆိုအရ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့်၊ ဘင်္ဂလားဒေ့ရှ်နယ်မြေ၏ 17.5ရာခိုင်နှုန်းသောမြေများ ရေအောက်ရောက်ကိန်းရှိနေပြီး၊ ရေဖုံးမည့်ဧရိယာသည် ကမ်းရိုးတန်းဒေသ (ရေမျက်နှာ ပြင် မြင့်တက်မှု အမြင့်ဆုံးဒေသသည် မြန်မာနှင့်နီးသော စစ်တကောင်း (Cox’s Bazar) ကမ်းရိုးတန်း) ဖြစ်သည်။ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ပညာရှင်များ၏ ခန့်မှန်းချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံလူဦးရေ သန်းလေးဆယ်သည် “သဘာဝ ပတ်ဝန်းကျင် ဘေးသင့် ဒုက္ခသည်” ဖြစ်လာနိုင်သည်။ တစ်နှစ်ကို အနည်းဆုံး 7.8မီလီမီတာနှုန်း မြင့်တက်လာ နေသည်။ ရေရှည်တွင် ထိုအရပ်ဒေသ၏ “သဘာဝပတ်ဝန်းကျင် ဘေးသင့်ဒုက္ခသည်” ပြဿနာက မြန်မာသို့ ရိုက်ခတ် လာနိုင် သည်ဟု ထောက်ပြထားသည်မှာ ဂရုပြုဖွယ်အချက်အလက်များဖြစ်သည်။
လက်ရှိ အဆက်မပြတ် တိုးဝင်လာနေသောလူဦးရေသည် သူတို့နိုင်ငံတွင် သဘာဝဘေးအန္တရယ်ကြုံခြင်း၊ လုပ်ကိုင်စားသောက်စရာ မြေယာဆုံးပါးခြင်းထပ်မံကြုံလာရဦးမည့်အခြေအနေတို့ဖြစ်လာလျှင်၊ လုပ်ငန်းကိုင်ခွင့်သာရာ၊ မြေယာရှိရာအရပ်(မြန်မာနိုင်ငံဘက်ခြမ်း)သို့ သွန်ကျ/အခြေချလာကြဦးမည့်အခြေအနေဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လက်ရှိလူဦးရေအများဆုံးသည် နယ်စပ်ခြင်းထိစပ်နေရသော မောင်တောမြို့နယ်ဖြစ်သည်။ နယ်စပ်နှင့် နီးကပ်သော ရခိုင်မြောက်ပိုင်းသည် ပြည်နယ်၏ လူဦးရေအထူထပ်ဆုံးမြို့နယ်များဖြစ်ကြသည်။ မောင်တော ၀န်းကျင်တွင် တစ်ဘက်နိုင်ငံနှင့် ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ လူမှုဓလေ့စရိုက်၊ ပုံပန်းအသွင်သဏ္ဍာန်တူသော မွတ်ဆလင်လူဦးရေသည် ရခိုင်ဒေသခံလူဦးရေအထက် အဆပေါင်းများစွာ ပိုများနေပြီဖြစ်သည်။
မြန်မာ့မြေပိုင်နက်ဖြစ် သော်လည်း တစ်ဘက်နိုင်ငံကဲသို့ဖြစ်နေသည်မှာ ယခုမှမဟုတ်၊ ပါလီမန်ခေတ်ကတည်းကဖြစ်ကြောင်း ထိုကာလက ပါကစ္စတန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသော “ဦးဖေခင်” ဘူးသီးတောင် သို့လာရောက်ခဲ့သည့် ခရီးစဉ်တွင် “ ယခုစကားပြောရာ၌ တိုက်ရိုက်ဗမာစကားမသုံးရဘဲ၊ စကားပြန် ကြားမှာထားကာ၊ ပြောဟောရသဖြင့် သူသည် မြန်မာ နိုင်ငံတော်၏ တစ်နေရာသို့ ရောက်နေသည်ဟု မထင်ဘဲ အရှေ့ပါကစ္စတန်ပြည် တစ်နေရာသို့ ရောက်နေသလားဟုပင် ယုံမှားသံသာဖြစ်မိကြောင်း” ဟု ပြောကြားသွားခဲ့သည့်စကားက ညွှန်ပြနေပါသည်။
(အပိုင်း ၁၄)
1-11-83 နေ့စွဲဖြင့် တင်ပြသူ-ကြည်း (၉၇၉၁) ဗိုလ်မှူးလှမြိုင်၊ အမှတ်(၉၂)ခြေလျှင်တပ်ရင်း၏ “နိုင်ငံခြားသားများ ၀င်ရောက်မှုနှင့် ရခိုင်ပြည်နယ်မှ ဖြစ်ရပ်အခြေအနေအချို့” အမည်ရှိ တင်ပြချက်၊ အပိုဒ် (၉)(၁၀) တို့တွင် ပါရှိသော အချက်များသည်လည်း 1983ခုနှစ်ဝန်းကျင်၏ မောင်တောမြို့နယ် နယ်စပ်ဒေသ၏ ပကတိအနေအထားများဖြစ်သည်ကို တွေ့မြင်ရသည်။ ( http://minus.com/lqjqQCiM2pKlp)
မူရင်းဖေါ်ပြချက်မှာ အောက်ပါအတိုင်းဖြစ်၏။
မူဆလင်ဘာသာဝင် ဘင်္ဂါလီများ ၀င်ရောက်မှုအခြေအနေ။
၉။ မိမိနိုင်ငံအတွင်းသို့ ၀င်လာမစဲ ၀င်ရောက်လာလျှက်ရှိနေကြသော မွတ်ဆလင်တို့၏ ပင်ရင်းနိုင်ငံမှာ၊ ဘင်္ဂလားဒေ့ရှ် ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်မှ မွတ်ဆလင်များသည် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် ပထ၀ီအနေအထားအရ အလွန်လွယ်ကူပါသည်။ လွယ်ကူရုံမျှသာမကသေးဘဲ၊ ၀င်လာ ကြသော မွတ်ဆလင်များအတွက် လုံခြုံရေးမှအစ၊ စားဝတ် နေရေးအထိ စိတ်ပူပင်စရာမလိုပါ။ ယင်းတို့ အတွက် မတောင့်မတ၊ မကြောင့်မကျရဘဲ ဖြစ်ပေါ်နေသည့်အခြေအနေ တစ်ရပ်မှာ ယင်းတို့ဝင်ရောက် လာသည်နှင့် တပြိုင်နက် ယင်းတို့၏ဇာတ်တူသားများ တည်ဆောက်ထားပြီးဖြစ်သော၊ အမာခံနယ်မြေ အတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်၊ လုံခြုံစွာရောက်ရှိနိုင်ခြင်းကြောင့်ဖြစ်ပါသည်။
၁၀။ ဘင်္ဂလားဒေ့ရှ်အစိုးရတွင် အလုပ်လက်မဲ့ ငတ်မွတ်ခေါင်းပါးသည့် ပြဿနာမှ အကြမ်းဖက်မှု များ၊ ရာဇ၀တ်မှုများ၊ ဒုစရိုက်မှုများဖြစ်ပေါ်လျှက်ရှိပါသည်။ ထိုကဲ့သို့အစိုးရတွင် လူထုစားဝတ်နေရေး ပြဿနာ ကြီးထွားနေစဉ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်များနှင့်၊ မြန်မာနိုင်ငံအတွင်းမှ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်များ၊ အစိုးရ၀န်ထမ်းပညာတတ် မွတ်ဆလင် များ၏ သာသနာရေး၊ ဘာသာရေး၊ လူမျိုးရေးထူထောင်ရန် ပူးပေါင်းလှုပ်ရှားမျှုားအရ၊ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နိုင်ငံရေးပြဿနာကို တနည်းတစ်ဖုံအားဖြင့် ၀င်ရောက်ဖြေရှင်းပေးသကဲ့သို့ ဖြစ်ပေါ်လာ ပါသည်။
၁၁။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ မြို့နှင့်ကျေးရွာများအတွင်း အူရဒူဘာသာ၊ ဘင်္ဂါလီ ဘာသာများဖြင့် စိတ်ဝင်စားဖွယ်ရာ စာရွက်စာတမ်းများကမ်းလှမ်းခြင်း၊ တေးသီချင်းများဖြင့် သီဆို တီးမှုတ် လှုံ့ဆော်ခြင်း များပြုလုပ်လျှက်ရှိပါသည်။ ထိုသို့ပြုလုပ်ကြရာတွင်၊ ရေးသားမှု၊ သီဆိုမှုများ၏ အဓိပ္ပာယ်ဖေါ်ဆောင်ချက်အကျဉ်းကို မိတ်ဆက်ပေးရသော် - ““ သင်တို့နေထိုင်ရာဒေသ သည် သင်တို့အားလုံး၏ မိဘ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးသားချင်းများ အဆမတန်အင်အား ကြီးမား တိုးတက်လာမှုကြောင့် စားနပ်ရိက္ခာ ချို့တဲ့လျှက်ရှိပါသည်။ သင်တို့နှင့် နီးကပ်လျှက်ရှိသော တစ်ဘက်ကမ်းမှ မြန်မာနိုင်ငံသည် ဆန်ရေစပါး၊ စားနပ်ရိက္ခာများ စားမကုန်နိုင်အောင် စုပုံလျှက်ရှိ ပါသည်။ စားသောက်စရာ ပေါများရုံမျှသာ မကသေးဘဲ သွားလာနေထိုင်ရေးအတွက်လည်း စိုးရိမ်ပူပန် စရာလုံးဝမရှိပါ။ လမ်းဘေးရေဘုံဘိုင်နှင့် ရေတွင်းရေကန်များတွင်လည်း ချောမောလှပသည့် လှပျိုဖြူ အမျိုးသမီးများကို လုံချည်ရင်လျားနှင့် ရေခပ်လျှက်ရှိသည်ကိုတွေ့မြင်နိုင်ပါသည်။ သင်တို့စားဝတ်နေ ရေး အေးငြိမ်းသာယာစေဖို့ သွားနိုင်ကြသည်။ သင်တို့၏ဘ၀ တိုးတက်ကြီးပွားရေး တစ်ခုတည်း သာမက အလွန်လှပချောမောပြီး ချစ်စဖွယ်အမျိုးသမီးအချောအလှများ ကိုလည်း အိမ်ထောင်ပြု၍ အစ္စလာမ်ဘာသာပြန့်ပွားစေရန် သာသနာ့အကျိုးကို ဆောင်ရွက်လော့။””
(ပထ၀ီအနေအထားအခြေအနေ၊ အလုပ်အကိုင်ရှားပါးမှုအခြေအနေအရ “ရေကြည်ရာမြက်နုရာ”သို့ ရွှေ့ပြောင်း နေထိုင်ကြသူများ(migration) ရောက်ရှိလာခြင်းသည်
ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်သော်လည်း၊ အတားအဆီးမဲ့ ကလေး မွေးဖွားနှုန်းများသော လူမျိုးစုတစ်စုသည် နေထိုင်စားသောက်ရပ်တည်ရေးအတွက်သာမက ရည်ရွယ်ချက်ရှိရှိ သွေးထိုး လှုံ့တစ်ခု အောက်တွင် အမြောက်အများ ပြောင်းရွှေ့ဝင်ရောက်လာခြင်းက နိုင်ငံအတွက် မသေးလှသော အနာဂတ် အန္တရာယ်တစ်ခု ဖြစ်၏။
ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်သော်လည်း၊ အတားအဆီးမဲ့ ကလေး မွေးဖွားနှုန်းများသော လူမျိုးစုတစ်စုသည် နေထိုင်စားသောက်ရပ်တည်ရေးအတွက်သာမက ရည်ရွယ်ချက်ရှိရှိ သွေးထိုး လှုံ့တစ်ခု အောက်တွင် အမြောက်အများ ပြောင်းရွှေ့ဝင်ရောက်လာခြင်းက နိုင်ငံအတွက် မသေးလှသော အနာဂတ် အန္တရာယ်တစ်ခု ဖြစ်၏။
အမှန်မှာ ရိုဟင်ဂျာတို့၏ တရားမ၀င်ခိုးဝင်သောပြဿနာ (လူကုန်ကူးမှုပြုလုပ်နေခြင်းအပါ) သည် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ သြစတေးလျ၊ အိန္ဒိယ၊ ဆော်ဒီ၊ ပါကစ္စတန်၊ ယူအေအီး စသောနိုင်ငံများတိုင် ပျံ့နှံ့နေပြီဖြစ်သည်။ နယ်ခြင်းထိစပ်နေသော မြန်မာနိုင်ငံကမူ ထိုဒဏ်ကို အခံရဆုံးဖြစ်နေသည်။)
မြန်မာနိုင်ငံအတွင်းသို့ မွတ်ဆလင်များ လက်ရှိဝင်ရောက်လာသည့်အခြေအနေ
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသည် အများအားဖြင့် ရေပတ်လည်ဝိုင်းရံလျှက် လည်းကောင်း၊ အနည်းဆုံး ရေကြောင်းလမ်းပွင့်လျှက်ရှိနေခြင်းကြောင့် လည်းကောင်း၊ နယ်စပ်ဖြင်း ထိစပ်လျှက်ရှိသော နေရာဒေသတို့ အားမဆိုထား၊ နယ်ဆက်စပ်မှုရှိသော အတွင်းပိုင်းမြို့နယ်များ သို့ပင် ၀င်လာမစဲရှိနေကြသည်။ ၀င်ရောက်ရန် လွယ်ကူသည့် အလျှောက် ၀င်ပုံဝင်နည်းမှာလည်း
အေးအေးမှန်မှန် တစ်စိမ့်စိမ့်ဝင်နေခြင်းနှင့်၊ အစုလိုက်အဖွဲ့လိုက်
အခြိမ်းအချက်ပြုလုပ်၍ ကြိုတင်စီစဉ်သော စနစ်ဖြင့် ၀င်ရောက်ခြင်း ဖြစ်သည်။
ဖေါ်ပြပါ နည်းလမ်းနှစ်သွယ်တို့တွင် အကျုံးဝင်သော နည်းလမ်းခွဲအချို့မှာ၊ မွတ်ဆလင်ဘင်္ဂါလီ များ အခြေပြုရောက်ရှိထားပြီးသော မြို့နယ်ကျေးရွာများသို့၊ ချိန်းဆိုစီစဉ်ထားကြသည့်အတိုင်း၊ လောင်း၊ လှေ၊ သမ္ဗာန်၊ကြီးများဖြင့် အစုလိုက်၊ အအုပ်လိုက် ညဘက်တွင်ရောက်ရှိလာကြပြီး၊ လက်ခံ ကြိုဆိုသည့် ဘင်္ဂါလီများနှင့်အတူ ကျေးရွာရပ်ကွက်များအတွင်းသို့ တဟုန်တည်း ၀င်ရောက်သွား ကြခြင်း၊ လက်ခံသည့် မွတ်ဆလင်များအနေဖြင့် ယင်း ကျေးရွာတွင် ဖားခုန်စနစ် အရ မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အနှံ့အပြားသို့ ဖြန့်ခွဲထွက်ခွာသွားကြပြီးဖြစ်သော၊ ဘင်္ဂါလီ နေအိမ်အလွတ်များ နေရာတွင် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ၀င်ရောက်သွားကြသော အီစွပ်၏အိမ်တွင် နောက်ထပ် အီစွပ်အသစ်အား အစားထိုး၍လည်းကောင်း၊ မိုဟာမက်၏ အိမ်တွင် နောက်ထပ် မိုဟာမက်အသစ်အား အစားထိုး၍လည်းကောင်း၊ အိမ်နှင့် လူဦးရေအပြောင်းအလဲမရှိစေရဘဲ အစားထိုးဖြည့်တင်းနေရာချထား ပေးခြင်းဖြစ်၍ တစ်စုံတရာ အခက်အခဲအနှောက်အယှက် မတွေ့ကြုံရပါ။
ဤနည်းလမ်းအရ၊ အသွင်သဏ္ဍာန်အားဖြင့်၊ မွတ်ဆလင်ကျေးရွာအုပ်စုအတွင်း၊ အိမ်ခြေနှင့် လူဦးရေတိုးလာသည်ဟု မမြင်မတွေ့စေရဘဲ၊ မိမိနိုင်ငံနေရာအနှံ့အပြားသို့ မရပ်မနားအခွင့်အလမ်း သာသာဖြင့် ၀င်ရောက်နိုင်သည့် မွတ်ဆလင်တို့၏ လှည့်ကွက်တစ်ရပ်ပင်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အစိုးရနှင့် မွတ်ဆလင်ဘာသာရေးဂိုဏ်းဆရာများ အရသာတွေ့နေသည့် ဆောင်ရွက်ပုံ တစ်နည်းမှာ မွတ်ဆလင်သက်ကြီးပိုင်းများကို မြန်မာနိုင်ငံအတွင်း သို့ သွင်းခြင်းအားဖြင့် ပြဿနာများ များပြားပါသည်။ ဘင်္ဂါလီသက်ကြီးပိုင်းများထက် လူငယ်ပိုင်းကို ၀င်ရောက်စေခြင်းဖြင့်၊ “အစ္စလာမ်ကမ္ဘာ” တည်ဆောက်ရန်လည်းကောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်း များကို ဖြေရှင်းပြီးသားအနေဖြင့်လည်းကောင်း၊ အလားအလာများကို မျှော်လင့်၍ အမြတ်ထုတ်နေခြင်း ဖြစ်သည်။
အရွယ်ရောက်သူများနှင့်သက်ကြီးပိုင်းတို့အနေဖြင့် မြန်မာတိုင်းရင်းသား ဘာသာစကား ကျွမ်းကျင်မှု၊ ဟန်ပန် ဓလေ့ထုံးစံ တတ်သိနားလည်းမှု၊ တိုင်းရင်းသားတို့နှင့် ရောနှောထိတွေ့ရန် မလွယ်ကူမှု၊ စသည်တို့ကို အဆင်ပြေစေရန် နှစ်ကာလအားဖြင့် များစွာလိုအပ်ပြီး၊ အခက်အခဲပေါင်းစုံ နှင့် ကြုံတွေ့ရမည့်အပြင်၊ ၀င်ရောက်လာစဉ် လောလောလတ်လတ်တွင်လည်း စားဝတ်နေရေး အခက် အခဲတွေ့ရမည်ဖြစ်သည်။
သို့ဖြစ်၍ အသက်(၆)နှစ်မှ (၁၅)နှစ်အတွင်းရှိကလေးများကို (၅)ယောက်မှ (၁၀)ယောက်၊ (၁၀)ယောက်မှ (၃၀) ယောက်အထိ အစုလိုက်အပြုံလိုက် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့များသို့ တင်ပို့လာကြသည်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့များရှိ မွတ်ဆလင် အမျိုးသားများက ထိုကလေးများကို မိမိတို့မွေးဖွားသော ကလေးငယ်များအနေဖြင့် လက်ခံ၍ တစ်ရွာမှ တစ်ရွာသို့ လက်ဆင့်ကမ်းပြီးနောက်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှတစ်ဆင့် အခြား တိုင်းနှင့် ပြည်နယ်များသို့စေလွှတ်ကြသည်။
ထိုကလေးငယ်များအား မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်ရှိ ဗလီများ၊ စီးပွားရေးအဆင်ပြေသော မွတ်ဆလင်ကျေးရေ တက်များ၊ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ ကုန်စုံဆိုင်များသို့ပါမကျန် ဖြန့်ခွဲ ပို့ဆောင်၍ ပျောက်ကွယ်သွားကြပါသည်။
ဤမွတ်ဆလင်ကလေးငယ်များသည် ၂နှစ်အတွင်း တိုင်းရင်းသား ဘာသာစကား တတ်ကျွမ်းမှု နှင့် ဓလေ့ထုံးစံ ဟန်ပန်အနေအထားတို့သာမက၊ စီးပွားရေးမျက်စိပါ ပွင့်လင်းအောင် လေ့ကျင့်ထား ပြီးသား ဖြစ်သွားကြပါသည်။
အရွယ်ရောက်လာကြသည့် ယင်းမွတ်ဆလင်လူငယ်များအား မြန်မာနိုင်ငံမှ တိုင်းရင်းသူ အမျိုး သမီး တစ်ဦးဦးနှင့် အိမ်ထောင်ပြုနိုင်ပါက၊ ယင်းအိမ်ထောင်အား စားသောက်နေထိုင်ရေးအတွက် ငွေကြေးထောက်ပံ့ရန်နှင့် တိုင်းရင်းသူ အမျိုးသမီးတစ်ဦးအား အိမ်ထောင်ပြု၍ အစ္စလာမ်သာသနာပြုနိုင် သည့်အတွက် ၊ သီးခြားဆုချီးမြှင့်ငွေများကို “အူလ်မာ” အဖွဲ့ကြီးလက်အောက်ရှိ၊ လူမှုရေးအဖွဲ့အား တာဝန်ပေး ဆောင်ရွက်စေသည်။
ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်တို့သည် ၎င်းတို့၏ ရပ်ကွက်၊ ကျေးရွာ၊ ဒေသများတွင် ဖေါ်ပြပါ “အူလ်မာ”အဖွဲ့ကြီး ကိုဖွဲ့စည်းထားပြီး၊ ယင်းအဖွဲ့ကြီး၏ လက်အောက်ရှိ အဖွဲ့ငယ်များမှာ၊ ဗလီ အုပ်ချုပ်ရေးအဖွဲ့၊ ဘာသာ သာသနာ ပြန့်ပွားရေးအဖွဲ့နှင့် လူမှုရေးအဖွဲ့တို့ဖြစ်သည်။ ထို့အပြင် မွတ်ဆလင်ထုတစ်ခုလုံး၏ ကျရောက်လာမည့် အန္တရာယ်ကို ကာကွယ်ရေးနှင့် လုံခြုံရေးတို့အတွက်၊ အခြားသော လျှို့ဝှက်အသင်းများကိုလည်း အထူးလျှိ့ဝှက်စွာ ဖွဲ့စည်းထားကြောင်း သိရပါသည်။
အထက်ဖေါ်ပြပါ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က တာဝန်ရှိသူတစ်ဦး၏ တင်ပြချက်စာတမ်းထဲတွင် လူဦးရေ ပေါက်ကွဲနေသာ နိုင်ငံတစ်ခုနှင့် ပိုင်နယ်ခြင်းထိစပ်နေခြင်း၊ ယင်းနယ်စပ်မျဉ်းမှတစ်ဆင့် ဘာသာ၊ ယဉ်ကျေးမှု မတူသူများ က စိမ့်ဝင်စိုးမိုးရန် (သို့မဟုတ်) ၎င်းတို့အခြေချနေထိုင်ရှင်သန်စေရန် ကြိုးပမ်းမှုများကြောင့် နိုင်ငံအန္တရာယ်ကျရောက် နေမှုကို မြင်နိုင်ပါသည်။ ခေတ်အဆက်ဆက်သော အစိုးရများသည် ပြည်တွင်းနိုင်ငံရေးအခြေအနေများကြောင့် ထိုအချက်များကို သိမြင်သော်လည်း ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့၊ မဟန့်တား မကာကွယ်နိုင်ခဲ့သည်ကို ရှင်းလင်းစွာ သိမြင်ရမည်ဖြစ်သည်။
(အပိုင်း ၁၅)
ထိုမျှသာမက ရိုဟင်ဂျာကွန်ရက်တို့၏ ဆက်နွယ်ဖြန့်ကျက်ထားမှုသည်လည်း အထူးဂရုပြုဖွယ်ရာဖြစ်ကြောင်း၊ ဒေါက်တာဇော်မင်းဦး၏ ရိုဟင်ဂျာပဋိပက္ခ၊ အမျိုးသားလုံခြုံရေးနှင့် လက်တွေ့မူဝါဒဆိုင်ရာ စိန်ခေါ်မှု ဆောင်းပါး၌ရှင်းလင်း တင်ပြထားသည်ကို အောက်ပါကောက်နှုတ်ချက်များတွင်တွေ့ရှိနိုင်ပါသည်။ (က) RSO ၏ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်မှု
(ခ) လက်ရှိ နိုင်ငံတကာ ကွန်ယက်
(ဂ)ဘင်္ဂလားဒေ့ရှ် အစိုးရ၏ လက်ရှိအခန်းကဏ္ဍ
(ဃ)မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာတို့၏ ပေါက်ကွဲပွင့်အန်ထွက် လာနိုင်သည့် အခြေ အနေရှိနေ။
(င) မြန်မာနိုင်ငံ၏ နိုင်ငံရေး တံခါးဖွင့်ဝါဒ ဆိုသောအချက် ငါးချက်ပေါင်းဆုံလျှင် လုံခြုံရေးအရ စိုးရိမ်ဖွယ်ရာ ဖြစ်ရမည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ဖွယ် အလားအလာရှိနေ။
2000ပြည့်နှစ်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်တွင် အခြေစိုက်သော ရိုဟင်ဂျာအဖွဲ့များ ထဲတွင် ( Arkan Rohingya National Organization/ ARNO) နှင့် RSO နှစ်ခုလောက်သာ ထင်ထင်ရှားရှားရှိ။ နောက်ပိုင်းမှာ ထိုနှစ်ဖွဲ့ ကွဲပြဲ။
RSO/ARNO နှစ်ဖွဲ့စလုံး အရှေ့အလယ်ပိုင်းနိုင်ငံများထံမှာ အကူအညီရရန် ကြိုးစား ခဲ့ကြ။
1980 ကျော်ကတည်းက RSO(RohinGya Solidarity Organization/ RSO) အနေဖြင့် အာဖန်ဂန်နစ္စတန်၊ ပါကစ္စတန်နိုင်ငံများရှိ အကြမ်းဖက်အဖွဲ့များနှင့် အဆက် အသွယ် ရှိခဲ့။
ဆော်ဒီအခြေစိုက် (Al-Haramain Islamis Foundation) က ထောက်ပံ့ထားသော ကျောင်းများသည် အစွန်းရောက်ဘာသာကြီးစိုးရေးကို အခြေခံသော Wahhabi လမ်းစဉ်ကို ရိုက်သွင်းပေးသော ကျောင်းများဖြစ်။ ပါကစ္စတန်ရောက် ရိုဟင်ဂျာသုံးသိန်းခွဲခန့်မှ အများစု သည် ထိုကျောင်းများတွင် တက်ရောက်နေ။
1990နှစ်ဆန်းပိုင်းကတည်းကစ၍် (Al-Haramain Islamis Foundation) အဖွဲ့သည် စစ်တကောင်းနယ်ထဲက ရိုဟင်ဂျာများကိုထောက်ပံ့ခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ (ဘူးသီး တောင်/ မောင်းတော) က ဘာသာရေးကျောင်း များသို့လည်း ထောက်ပံ့နေကြောင်း ခန့်မှန်း ရသည်။
အမေရိကန်က အာဖဂန်ကို ထိုးစစ်ဆင်ချိန်တွင် ပါကစ္စတန်ထောက်လှမ်းရေး (Inter-service Intelligence/ISI) နှင့် ဘင်္ဂါလားထောက်လှမ်းရေး (Directorate General of Force intelligence/DGFI) တို့ လက်ဝါးချင်း ရိုက်ပြီး အာဖာဂန်ရောက်နေသော နိုင်ငံတကာ စစ်သွေးကြွများကို (၂၀၀၁ဒီဇင်ဘာ)တွင် သင်္ဘောစီးလုံးဖြင့် ဘင်္ဂါလား စစ်တကောင်းသို့ပို့။ ထိုစစ်သွေးကြွများက RSO စခန်းများတွင် ခိုလှုံ။ လက်နက်ကိုင်သင်တန်းများ ပို့ချနေ။ ယခုအချိန်ထိ ထိုစစ်သွေးကြွများ စစ်တကောင်းနယ်တွင် ရှိနေနိုင်သေးဟု ခန့်မှန်းရ။
2005တွင် နိုင်ငံတကာဖိအားကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်တကောင်း အကြမ်းဖက်သမားစခန်းကို ၀င်သိမ်း။ RSO များ ထိုင်းနယ်စပ်ကသွင်းလာသည့် လက်နက်များ TNTC4 ဖောက်ခွဲရေးယမ်းများမိ။ ဖေါက်ခွဲရေးပစ္စည်း အဖြစ် ထုတ်လုပ်နိုင်သော ဓါတုအရည် စည်၁၃လုံးနှင့် ဆာလ်ဖျူရစ်အက်စစ်များမိ။ JMB က RSO များကို လက်လုပ်ဗုံး (Improvised Explosive Devices-IED) များ လုပ်နိုင်ရန်၊ သင်တန်းပေးခဲ့ကြောင်း ဖေါ်ထုတ်သိရှိ။
JMB(Jammat-ul Mujahideem Bangladesh) ဆိုသည်မှာ 2005 သြဂုတ်လက ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးရှိ မြို့နယ် (၆၄)မြို့နယ်အနက် (၆၃)မြို့နယ်တွင် တစ်နာရီအတွင်း ဗုံးအလုံးပေါင်း500 ကို ချိန်ကိုက်ဖေါက်ခွဲနိုင်ခဲ့ သော အဖွဲ့ဖြစ်။
အိန္ဒိယထောက်လှမ်းရေးအဆိုအရ၊ 2004တွင် အယ်ကေဒါနှင့် တိုက်ရိုက်ဆက်စပ် နေသော စစ်စခန်း(၁၃)ခု ဘင်္ဂလားဒေ့ရှ်တွင်ရှိနေပြီး၊ အများစုမှာ မြန်မာနိုင်ငံနှင့် နီးသော စစ်တကောင်းနယ်ထဲတွင်ဖြစ်။
RSO ခေါင်းဆောင် ဒေါက်တာမူဟာမတ်ယူနပ်စ် သည်ဘင်္ဂလားဒေ့ရှ်တွင် အခြေစိုက်နေထိုင်ပြီး နိုင်ငံတကာ ခရီးစဉ်များ သွားလာခွင့်ရရှိနေဆဲဖြစ်။
ရိုဟင်ဂျာများ၏မွန်းကြပ်သောလူမှုဘ၀သည်“အကြမ်းဖက်လမ်းကြောင်းပေါ်”သို့တွန်းပို့နေသောအနေအထားဖြစ်။
ထိုသို့သော အခြေအနေမျိုးတွင်1-8-2012 နေ့စွဲဖြင့် ““ အစ္စလမ်မစ် သမ္မတ ရိုဟင်ဂျာနိုင်ငံတော်”” (New Sovereign State in ASEAN “Islamis Republic of Rahmanland” a Independent State of Rohingya People)”” ဟူပြီး အာဆီယံနိုင်ငံများထဲတွင် နောက်ထပ်အချုပ်အခြာအာဏာပိုင်သော လွတ်လပ် သည့် နိုင်ငံတော်အသစ်တစ်ခုအဖြစ်ဖေါ်ပြကြေငြာထားသည့် ကြေငြာချက်တစ်စောင်ထွက်ပေါ်လာခဲ့သည်။ သူတို့ကြေငြာချက်တွင် ဖေါ်ပြထားသည့် နိုင်ငံအကျယ်အ၀န်းဧရိယာမှာ(16,042Km2)ရှိပြီး၊ မြို့တော်မှာ “စစ်တွေ”ဖြစ်သည်။ သမ္မတ အဖြစ်(Amir Llhan Kamil)နှင့်ဒုတိယသမ္မတမှာ(Farid L Shyaid ) ဟု ဖေါ်ပြ ထားသည်ကိုတွေ့ရမည်ဖြစ်သည်။
နိုင်ငံတကာ ဥပဒေအရလည်းကောင်း၊ သမိုင်းကြောင်းအရလည်းကောင်း မည်သို့မျှဖြစ်နိုင်ဖွယ်မရှိသော လုပ်ရပ် (နိုင်ငံထူထောင်မှု) တစ်ခုဖြစ်သော်လည်း ထိုအချင်းအရာ အဖြစ်အပျက်သည် ယခုမှ ကောက်ကာ ငင်ကာ ဖြစ်ပေါ်လာသော ကိစ္စတစ်ရပ်တော့ မဟုတ်ပါ။ နှစ်ကာလပေါင်းများစွာ ကြာကတည်းက တစိုက်မတ်မတ် ကြိုးပမ်းလာခဲ့သော လှုပ်ရှားများဖြစ်နေ ကြောင်း သတိမူမိကြဖို့ လိုပါမည်။
ယခုကဲ့သို့ ပွင့်လင်းမြင်သာမှုရှိသောကမ္ဘာ့အခြေအနေအောက်တွင် ထိုအရေးကိစ္စများအား ပြတ်သားစွာ ရှင်းလင်းမထားနိုင်ခဲ့လျှင် နောင်လာမည့် ခုနှစ်သက္ကရာဇ်များတွင်လည်း အလားတူ ကြိုးပမ်းမှုမျိုး ၊ နိုင်ငံအချုပ် အခြာအာဏာကို ထိပါး လာမှုမျိုးကို ဆက်တိုက်ကြုံတွေ့နေရဦးမည်မှာ သေချာလှပါသည်။
နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာနှင့် လူသားခွင့်အရေးဟူသည့် ထက်မြသည့် အသွားနှစ်ဘက်ကြား တွင် အပွန်းအပဲ့ အထိအခိုက်နည်းနိုင်သမျှနည်းသည့် နည်းလမ်းကိုရှာဖွေကျင့်သုံးရမည်ဖြစ်သော်လည်း ထိုအရှုပ် ထုပ်ကို သေချာစွာ မဖြေရှင်းနိုင်ခဲ့လျှင် နိုင်ငံပြိုကွဲရမည့်အရေးနှင့်ပင် ကြုံတွေ့လာနိုင်သော အနေအထားဖြစ်နေ သည်ဟု ဆိုချင်ပါသည်။
ထိုသို့သော ကြိုးပမ်းအားထုတ်မှုများသည် ယခုမှသာမဟုတ်၊ ယခင်ကတည်းက ရှိခဲ့ဖူးကြောင်း ဤစာတမ်း၏ရှေ့ပိုင်းတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
1948ခုနှစ်တွင် မွတ်ဆလင်လွတ်မြောက်ရေးအဖွဲ့ညီလာခံက “မူဂျာဟစ်” ပါတီကို တရားဝင်ဟု ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးနောက်၊ ကုလားတန်မြစ်အနောက်ဘက်ကမ်းနှင့်၊ နတ်မြစ်အရှေ့ဘက်ကမ်း ”ကြားဒေသ” ကို “မွတ်ဆလင်တို့၏ National Home အဖြစ် သတ်မှတ်ပေးရန်” တောင်းဆိုခဲ့ဖူးသည်။
1951 ဇွန်လတွင်၊ “အလယ်သံကျော်”ရွာ မူလတန်းကျောင်းတွင် ကျင်းပခဲ့သည့် “မွတ်ဆလင်ညီလာခံ” ၏ တောင်းဆိုချက်(၁၄)ချက်တွင်၊ “ရခိုင်ပြည်နယ်မြောက်ပိုင်းကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ၊ မွတ်ဆလင် ပြည်နယ်အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန်” တောင်းဆိုခဲ့ဖူးသည်။
1966တွင် “ကာဆင်”၏ မွတ်ဆလင်လက်ကျန်များ ပြန်လည်လှုပ်ရှားလာသည့်အခါ၊ ထိုမူဂျာဟစ်တို့၏ နည်းဗျူဟာသစ်ကို ဦးဆောင်အကောင်ထည်ဖေါ်ခဲ့သူ ဖဆပလအမတ်ဟောင်း (ကျန်းမာရေးဝတ်ကြီးဟောင်း) စူလတန်မာမွတ်နှင့် ၎င်းနောက်ကွယ်ရှိ မော်လ၀ီဆရာများ ၏ အဓိက ရည်ရွယ်ချက်မှာ၊ . . “မေယုကမ်းသွယ် ( မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်၏ အနောက်ဘက်ခြမ်း) တစ်ခုလုံးကို အာကစ္စတန်(Arkistan) အမည်ဖြင့် နိုင်ငံသစ်တစ်ခု ထူထောင်ရန် ဖြစ်ခဲ့သည်။
1974 တွင်ဖွဲ့စည်းခဲ့သော “ရိုဟင်ဂျာ လွတ်လပ်ရေးတပ်ဖွဲ့” (Rohingya Indenpendence Force) ၏ ပင်ရင်းရည်ရွယ်ချက်သည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနီးတွင် လွတ်လပ်သော မွတ်ဆလင်ပြည်နယ်ထူထောင်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ခဲ့သည်။
2012ခုတွင်လည်း အလားတူလှုပ်ရှားမှုမျိုး ထပ်မံတွေ့လာရပြန်ပါသည်။ ထိုကြေငြာချက်၊ လှုပ်ရှားမှု သည် အရေးမပါဟု ယူသော်ရမည်ဖြစ်သော်လည်း စဉ်ဆက်မပြတ်လုပ်ကိုင်နေခဲ့ကြသော အရှိန်အဟုန်မပျက် သည့် ပြည်ဖျက်လှိုင်းတစ်ခုရှိနေသေးကြောင်း သတိပေးနေသေည့် အချက်ပြသင်္ကေတစ်ခုဖြစ်ကြောင်းကိုတော့ လက်ခံကြရမည် ဖြစ်ပါသည်။
(အပိုင်း ၁၆)
ထိုသို့ဖြစ်ပျက်နေမှုများနှင့်အတူ “ရိုဟင်ဂျာ ဆိုသူတွေကို စုဆောင်းနေတယ်လို့ စွပ်စွဲခံရတဲ့ စစ်သွေးကြွ ခေါင်းဆောင်ကို ဘင်္ဂလာရဲက ဖမ်းဆီး၊ ရမန်ယူ” ဟူသော ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ဖတ်ရှုခဲ့ရပြန်သည်။ သတင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဘင်္ဂလာဒေခ်ျ့ ရဲအဖွဲ့က သြဂတ်စ်လ ၁၆ ရက်နေ့ က ဖမ်းဆီးလိုက်တဲ့ JeM စစ်သွေးကြွ အဖွဲ့ခါင်းဆောင်လို့ ယူဆရသူ တစ်ဦးကို စစ်ဆေးဖို့ တရားရုံးက ရဲအဖွဲ့ကို ရမန် (၆) ရက် ပေးလိုက်တယ်လို့ သိရပါတယ်။
သံသယရှိနေတဲ့ မော်လနာ မူဟာမတ် ယူနိုး (၄၈ နှစ်) ဟာ အိန္ဒိယ အခြေစိုက် ကတ်ရှ်မီးရှား စစ်သွေးကြွအဖွဲ့ Jaish –e- Mohammed (JeM) အဖွဲ့ရဲ့ ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ ခေါင်းဆောင် ဖြစ်တယ်လို့ ဘင်္ဂလာရဲက စွပ်စွဲ ပြောဆိုပါတယ်။
သူ့ကို ဒက္ကားမြို့တော်က ဖေါ်ကီးရာပှူုရ် အရပ်မှာ သြဂတ်စ်လ ၁၆ ရက် နေ့လည်း ၁၂ နာရီ ၁၅ မှာ ရဲအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ သူဟာ ကော့စ်ဘဇားကနေ ဒက္ကားမြို့ကို လာရောက်စဉ်မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။
သူကို မြန်မာနိုင်ငံက ၀င်ရောက်လာတဲ့ ရိုဟင်ဂျာ ဆိုသူတွေနဲ့ ဒေသခံ ဘင်္ဂလီတွေကို သူတို့အဖွဲ့ထဲမှာ ၀င်ဖို့ စည်းရုံး စုဆောင်းနေသူ တစ်ဦး ဖြစ်တယ်လို့လည်း ဘင်္ဂလာဒေခ်ျ့ရဲက စွပ်စွဲ ပြောဆိုပါတယ်။
မူဟာမတ် ယူနိုးဟာ ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ(JeM) ရဲ့ အဓိက ထိပ်ပိုင်း ခေါင်းဆောင် ဖြစ်တယ်လို့လည်း ရဲက ပြောပါတယ်။
သူရဲ့ တာဝန်က ရိုဟင်ဂျာဆိုသူတွေ နဲ့ ဒေသခံတွေကို စည်းရုံး စုဆောင်းပြီး JeM ရဲ့ လှုပ်ရှားမူတွေကို ဘင်္ဂလာဒေခ်ျ့မှာ ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။
မူဟာမတ် ယူနို့ဟာ ကော့စ်ဘဇားခရိုင် ရာမူး (ပန်းဝါ) က ဖြစ်ပြီး ကောစ်ဘဇားက ဘာသာရေး ကျောင်းတစ်ခုမှာ ဆရာ ဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ အရင်ကတော့ ဘင်္ဂလာဒေခ်ျ့က မတရား အသင်းကျေညာထားတဲ့ ဘာသာရေး အစွန်းရောက်အဖွဲ့Jamaat-ul-Mujahidee (JMB) ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ JMB အဖွဲ့ထဲက ဒါဇင်ဝက်နီးပါးခန့် ရှိတဲ့ ခေါင်းဆောင်တွေကိုတော့ ဘင်္ဂလာဒေခ်ျ့က အစိုးရက ၂၀၀၇ ခုနှစ်က သေဒဏ်ချမှတ်ကာ ကွပ်မျက် ပစ်ခဲ့ပါတယ်။
သူ့လက်ရှိ လုပ်နေတယ်လို့ စွပ်စွဲ ပြောဆိုထားတဲ့ JeM အဖွဲ့ဟာ ၂၀၀၁ ခုနှစ် ဒီဇင်္ဘာလက အိန္ဒိယ ပါလီမန်ကို တိုက်ခိုက်တဲ့ နေရာမှာ တခြားအဖွဲ့တွေနဲ့ အတူ ပါဝင်ခဲ့ပြီး ပါကိစ္စတန် ကရာရှိမြို့မှာ အမေရိကန် သတင်းထောက် Daniel pearl ပြန်ပေးဆွဲ သတ်ဖြတ်မူကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့မှာ ၁၉၉၁ ခုနှစ်စပြီး နိုင်ငံခြားက စစ်သွေးကြွ အဖွဲ့ ၁၄ ခု လူပ်ရှားလျှက်ရှိနေရာမှာ ဒီအဖွဲ့လည်း တစ်ဖွဲ့ အပါအ၀င် ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိဖြစ်ပျက်နေသော အခြေအနေတို့မှာ မျှော်မှန်းထားသည်ထက် ပိုမိုရှုတ်ထွေးနက်နဲမှုများရှိနေကြောင်း၊ ပြည်ပကွန်ရက်တို့၏ ခြေရာလက်ရာများဖုံးမနိုင်ဖိမရ
ပေါ်လွင်နေကြောင်းသိသာလှပါသည်။ ထိုသတင်းနှင့်အတူ 28-7-2012 နေ့နံနက်ပိုင်း ကျောက်တော်မြို့နယ်၊ ““ပေါက်တော်ပလောင်”(မွတ်ဆလင်)ကျေးရွာမှ ကျေးရွာသားတစ်ဦးအား ဖမ်းဆီးရမိ၍ စစ်ကြောမေးမြန်းရာတွင် ဖြေကြားချက်၊ ဟုခေါင်းစည်းတပ်ထားသော ဗီဒီယိုဖိုင်တစ်ခုကို(21-8-2012) နေ့တွင် ကြည့်ခွင့်ရသည်။
သတင်း၏ရင်းမြစ်မှာ https://www.facebook.com/photo.php?v=4485787023223 ဖြစ်ပါသည်။
ထိုအထဲတွင်ပါဝင်သော စစ်ကြောမေးမြန်းချက်(မြန်မာစာတမ်းထိုး)အား ဖေါ်ပြလိုက်ပါသည်။ မေးမြန်းမှုများက ရခိုင်လို အမေးအဖြေများဖြစ်ဟန်တူသည်။
မင်းနာမည်ဘာခေါ်လဲ။
. . . . . . . . . . .။
မင်းရေကန်ကို ဘာ့ကြောင့်လာရတာလဲ။
မော်လဗီခိုင်းလိုက်တာပါ။
ဘာ! . . ဘယ်သူခိုင်းလိုက်တယ်။
မော်လဗီလုပ်ခိုင်းလိုက်တာပါ။
မင်းကို မော်လဗီခိုင်းတာလား။
ဟုတ်ကဲ့။
မင်းကို မော်လဗီ ဘာ့ကြောင့်နဲ့ ခိုင်းတာလဲ။
မဲစနစ်နဲ့။
မဲစနစ်ကျလို့ စေလွှတ်လိုက်တယ်။
ဟုတ်ကဲ့။
မော်လဗီ ဘယ်နှစ်ယောက်လဲ။
နှစ်ယောက်ပါ။
နှစ်ယောက်လား။
ဟုတ်ကဲ့။
သူတို့နာမည်ဘာလဲ။
ချော်ဘီ၊ ချော်ဘီတစ်ယောက်ပါ။
ချော်ဘီတစ်ယောက်၊ ပြီးတော့ နောက်တစ်ယောက်က?။
ဟုတ်ကဲ့။ မိုနိုဇူရတီ။
မိုနိုဇူရတီ တစ်ယောက်။ နောက်ထပ်။
ဟုတ်ကဲ့။
နှစ်ယောက်တည်းလား။
ဟုတ်ကဲ့ မရှိတော့ပါ။
မင်းတို့ရွာမှာ ဘာတွေဦးတည်ပြီး စီစဉ်ဆောင်ရွက်နေသလဲ။ လူကြီးတွေနာမည်က ဘာလဲ။
ရှူ့ကူ ပါ . . အူခ်ျပေါင်း။ ရှူ့ကူ ပြီးတော့ အူခ်ျပေါင်း။
နောက်ပြီးတော့ . .။
ရှူကူညီလေးပါ။
ရှူကူညီလေး။
ဟုတ်ပါတယ်။
မင်းတို့ရွာမှာ လက်နက်တွေရှိလား။
ရှိပါတယ်။
လက်နက်တွေရှိတယ်? ။
ရှိပါတယ်။
ဘယ်နှစ်ခုလောက်ရှိလဲ။
တစ်ရာရှိပါတယ်။
အလက်တစ်ရာ? ။
ဟုတ်ကဲ့။
အဲဒီ“လက်နက်”တွေကို ဘယ်မှာထားသလဲ။
စာသင်ကျောင်းပေါ်မှာ။
စာသင်ကျောင်းအပေါ်မှာလား။ အဲဒီစာသင်ကျောင်းက ဘယ်လိုစာသင်ကျောင်းလဲ။
ဟုတ်ကဲ့။ ဘာသာရေးကျောင်း။
ဘာသာရေးကျောင်း။ မင်းတို့ဘာသာရေးကျောင်းထဲမှာလား? ။
ဟုတ်ကဲ့။
အဲဒီ“လက်နက်”တွေကို ဘယ်မှာထားသလဲ။
ဂုံနီအိပ်နဲ့ လိပ်ပြီးတော့ အပေါ်မှာတင်ထားပါတယ်။
ဂုံနီအိပ်နဲ့ လိပ်ပြီးတော့ အပေါ်မှာတင်ထားပါတယ်? . . !
ဟုတ်ကဲ့။
အဲဒီလက်နက်တွေဝယ်တာ ကြာပြီလား။
သောကြာနေ့။ ၀ယ်တာ . . . သုံးလလောက်ရှိပြီ။
ဝယ်တာ . . ၃ လ လောက်တောင်ရှိပြီလား။ သောကြာနေ့ရောက်တယ်ဆိုရင် ဘယ်အချိန်မှာ ရောက်သလဲ။
ဟုတ်ကဲ့။ ည ၁၁ နာရီလောက်မှာရောက်တယ်။
ည ၁၁ နာရီလောက်မှာရောက်တယ်? . . ! လက်နက်တွေကို ဘယ်က ၀ယ်တာလဲ။
ဘင်္ဂလားဒေ့ရှ်က ၀ယ်တာပါ။
ဘင်္ဂလားဒေ့ရှ်က ၀ယ်လိုက်တဲ့လက်နက်က ဘယ်လိုပုံစံနဲ့ ဒီကိုရောက်လာတာလဲ။
ဘုတ်နဲ့ လာတာပါ။
ဘုတ်နဲ့လာတာလား။
ဟုတ်ကဲ့။
ထိုနေရာတွင် ဗီဒီယိုဖိုင်၏ ပထမပိုင်း အဆုံးသတ်သွားပြီး “ဒုတိယအကြိမ်မေးမြန်းခြင်း” ဟူသော ခေါင်းစည်းဖြင့် ထိုရိုက်ကွက်ကိုပင် ပြန်ဆက်စပ်ပြ/ ထပ်မံမေးမြန်းပြထားသည်ကိုတွေ့မြင်ရသည်။
ယင်းဒုတိယအကြိမ်မေးမြန်းခြင်းတွင်
မင်းနာမည် ဘာခေါ်လဲ။
မင်းနာမည်ဘာခေါ်လဲ။ မင်းရေကန်ကို ဘာ့ကြောင့်လာရတာလဲ။
မော်လဗီခိုင်းလိုက်တာပါ။
မင်းကို ပိုက်ဆံပေးပြီးခိုင်းတာလား၊ ဘယ်လိုပုံစံနဲ့ ခိုင်းလိုက်တာလဲ။
ဘာတစ်ခုမှလည်း မပေးလိုက်ပါဘူး။
မင်းကို သူတို့ဘယ်လိုပုံစံနဲ့ စေခိုင်းတာလဲ။
မဲစနစ်နဲ့။
မဲစနစ်ကျလို့စေလွှတ်တယ်? ။
ဟုတ်ကဲ့။
မင်းမလာလို့မဖြစ်ဘူးလား။
ကျယ်ကျယ်ပြော ကျယ်ကျယ်ပြော (အနောက်မှ တစ်ယောက်ယောက်က ၀င်ပြောသံ)
မင်း မလာမဖြစ် လာကို လာရမှာလား။
ဟုတ်ကဲ့။
မင်းတို့ရွာမှာ လက်နက်တွေရှိလား။
ရှိပါတယ်။
ဘယ်နှစ်ခုလောက်ရှိလဲ။
တစ်ရာရှိပါတယ်။
အလက်တစ်ရာ ! ။ အဲဒီလက်နက်တွေကို ဘယ်မှာထားလဲ။
စာသင်ကျောင်းအပေါ်မှာ။
မင်းပြောတာသေချာရဲ့လား။
သေချာပါတယ်။
ဘယ်စာသင်ကျောင်းမှာလဲ။
ဘာသာရေးကျောင်းမှာ။
မင်းတို့ဘာသာရေးကျောင်းလား။
ဟုတ်ကဲ့။
ဘယ်နားက ကျောင်းလဲ။
ဒီဘက်ကကျောင်းမှာ။
အဲဒီသေနတ်တွေကို ဘယ်သူဦးဆောင်လဲ။ (နောက်တစ်ယောက်မေးသံ)
သေနတ်တွေကို ဂုံနီအိပ်နဲ့လိပ်ပြီး အပေါ်မှာတင်ထားပါတယ်။
အဲဒီသေနတ်တွေကို ဘယ်သူဦးဆောင်လဲ။
အူခ်ျပေါင်း၊ ရှူ့ကူ ၊ ရှူကူညီလေး ပါ . . ။
မင်းတို့ရွာမှာ မော်လဗီ ဘယ်နှစ်ယောက်ရှိလဲ။
နှစ်ယောက်ပါ။
သူတို့နာမည်ဘာလဲ။
ချော်ဘီ၊ မိုနိုဇူရတီပါ။
အဲဒီတော့ လက်နက်တွေကို ဘယ်က ၀ယ်သလဲ။
ဘင်္ဂလားဒေ့ရှ်က လာတာပါ။
ဘင်္ဂလားဒေ့ရှ်က လာတာလား။ ၀ယ်ထားတာကြာပြီလား။
၃ လ ရှိပါပြီ။
၃ လရှိပြီလား။
ဟုတ်ကဲ့။
သေနတ်တွေ ဘယ်လိုရောက်လာသလဲ။
ဘင်္ဂလားဒေ့ရှ်က ဘုတ်နဲ့လာတာပါ။
ဘုတ်နဲ့လာတာလား။
ဟုတ်ကဲ့။
ဘယ်အချိန်လောက်မှာရောက်လဲ။
ည ၁၂နာရီလောက်မှာ ရောက်ပါတယ်။
ည ၁၂ နာရီလောက်မှာ ဟုတ်လား။
ဟုတ်ကဲ့။
အဲဒီသေနတ်ကို ၀ယ်သလား၊ ပေးသလား။ (နောက်တစ်ယောက်၏ အသံ)
ပေးတာပါ။
အခမဲ့ပေးတာလား။
ဟုတ်ကဲ့။
ဝယ်တာမဟုတ်ဘူးပေါ့။
ဝယ်တာမဟုတ်ပါ။
မင်းတို့ကို အဲဒီသေနတ်တွေ ဘာလုပ်ဖို့ပေးတာလဲ။ ဘင်္ဂလားဒေ့ရှ်ကုလားက ပေးတာလား မလေးရှားကုလားက ပေးတာလား။ (နောက်တစ်ယောက်၏အသံ)
ဘင်္ဂလားဒေ့ရှ်က ပေးတာပါ။
သေနတ်ရှိတာသေချာလား။
သေချာပါတယ်။
မင်းပြနိုင်မလား။
ပြနိုင်ပါတယ်။
အလက်တစ်ရာ ဟုတ်လား။
ဟုတ်ကဲ့။
မင်းတို့ရွာမှာ သေနတ်ရှိတာကို ဘာ့ကြောင့်နဲ့ မင်းသိတာလဲ။
မြင်တာပါ။
မြင်တယ်ဟုတ်လား။
ဟုတ်ကဲ့။
မင်းအဖေဘာလုပ်သလဲ။
ရွာဆော်လုပ်ပါတယ်။
မင်းအဖေပြောလို့သိတာလား။ မင်းမြင်တာလား။
ကျွန်တော်မြင်တာပါ။
အဲဒီသေနတ်တွေကို ဘုတ်ပေါ်က ဘယ်သူတွေသယ်လဲ။ မင်းလဲပါလား။
ဟုတ်ကဲ့။ ကျွန်တော်လည်းသယ်ပါတယ်။
သေချာရဲ့လား။
သေချာပါတယ်။
မင်းသေနတ်ဘယ်နှစ်လက် သယ်လိုက်ရသလဲ။
၃ လက်ပါ။
မင်း သေနတ် ၃ လက် သယ်လိုက်တယ်ပေါ့။
ဟုတ်ကဲ့။
အားလုံးစုစုပေါင်း လက်နက် ၁၀၀ လား။
အာလုံးစုစုပေါင်း လက်နက် ၁၀၀ပါ။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရွာမှာ အစည်းအဝေး လုပ်ကြလား။
လုပ်ကြပါတယ်။
အစည်းအဝေးမှာ ဘာတွေ ဘာတွေ ပြောကြသလဲ။
သတင်း — August 18, 2012 at 11:40 am
ဤနေရာတွင် ဗီဒီယိုဖိုင်ကို အဆုံးသတ်ထားပါသည်။ ကျွန်တော်ကြည့်မိချိန်တွင်ပင် လူပေါင်းခြောက်ရာကျော် ထိုဗီဒီယိုဖိုင်ကို လက်ဆင့်ကမ်းဖြန့် (share) ထားပြီးဖြစ်နေပါပြီ။
သတင်းစီးဆင်းမှု အလွန်မြန်ဆန်သော ယနေ့ကာလတွင် on line ပေါ်တက်လာသမျှသော သတင်းများကို မှန်သည်ဟု တစ်ထစ်ချ ယုံကြည်ရန်ခဲရင်းလှသည်။ သတင်းအမှန်များလည်း မြန်မြန်ဆန်ဆန်တက်ရောက်လာနိုင်သလို သတင်းတုများကိုလည်း လျှင်လျှင်မြန်မြန် ပျံ့နှံ့သွားအောင် အလွယ်တကူ ဖန်တီးနိုင်ကြပါသည်။ သတင်းပေါင်း များစွာကို စုစည်းပြီး ဆက်စပ် ပုံဖေါ်နိုင်ပါမှ တန်သင့်ရုံ စိတ်ချရသော သတင်းအဆင့်ကို ရောက်နိုင်မည်ဖြစ်သည်။ ယခုသတင်း သည်လည်း ရေကန်ကို အဆိပ်ခတ်ရန်လူလွှတ်လုပ်ကြံသည်ဟူသော သတင်းများ၏ နောက်ဆက်တွဲ ဗီဒီယိုဖိုင်ဖြစ်နိုင် ပါသည်။ ထိုဖိုင်တွင် “မင်းရေကန်ကို ဘာ့ကြောင့်လာရတာလဲ” ဟူသော မေးခွန်းတစ်ခုမှလွဲ၍ အခြားသော ပြစ်မှုဆိုင်ရာ ကြောင်းချင်းရာများနှင် ပတ်သက်ပြီး ဖေါ်ပြထားမှုမတွေ့ရ (လက်နက်မှုမှတစ်ပါး)။ မေးပြီး ဖြေပြီး မေးခွန်းများကိုပင် “ဒုတိယအကြိမ်မေးမြန်းခြင်းဟူသော ခေါင်းစည်း” ဖြင့် ထပ်မံဆက်စပ်ပြထားသည်ကိုတွေ့မြင်ရသည်။
ထိုသို့ ထပ်မံ တင်ဆက်ထားခြင်းကိုက အမေးအဖြေများကို ကြိုတင်ဇာတ်တိုက်ထားပြီး ရိုက်ကူးထားလေသလားဟု သံသယ ၀င်ဖွယ် ဖြစ်ပါသည်။ သတင်းမှန်ဖြစ်ခဲ့သည်ဆိုလျှင်လည်း ကျွန်တော်တို့၏ ရခိုင်ပြည်နယ်သည် အလွန်အန္တရာယ်များသောအခြေ အနေတစ်ခုအောက်တွင် ကျရောက်နေပြီဟုကောက်ချက်ချရမည်ဖြစ်သည်။ လုပ်ကြံလွှင့်တင်ထားသော သတင်းတစ်ပုဒ် ဖြစ်ခဲ့ မည်ဆိုလျှင်လည်း နှစ်နိုင်ငံပြဿနာကြီးအောင်၊ လူမျိုးနှစ်မျိုးအကြား မီးတောက်ပိုမိုကြီးထွားစေရန် သွေးထိုး လှုံ့ဆော်မှုကြီး တစ်ခုကို စနစ်တကျကျူးလွန်နေသူများရှိနေပြီဆိုသည့် ခြေစ လက်စများကို မြင်လိုက်ရခြင်းဖြစ်ပေမည်။
(အပိုင်း၁၇/နောက်ဆုံးအပိုင်း)
ဖေါ်ပြပါ အချက်အလက်များကို စုခြုံကြည့်လိုက်လျှင် ကျွန်တော်တို့နိုင်ငံသည် နိုင်ငံလုံခြုံရေးကို ထိပါးနေသော အချက်အလက်များကတစ်ဘက်၊ ၂၁ရာစု ကမ္ဘာ့အ၀န်းအ၀ိုင်းက တောင်းဆိုနေသော (အချို့တောင်းဆိုမှုများသည် အကျိုးစီးပွားအတွက် မျက်နှာဖုံးစွပ်ထားလေ့ရှိကြောင်းကိုလည်း သတိမူမိကြဖို့လိုပါမည်။) လူသားအခွင့်အရေးဆိုသည်က တစ်ဖက်ကြားတွင် ညှပ်မိနေသော အခြေအနေဖြစ်ကြောင်းသုံးသပ်ရပါလိမ့်မည်။
(၈)
ဤစာတမ်းကို 2012ခု ဂျူလိုင်လာ ပထမပတ်အကုန်တွင် (လိုအပ်လာသည်ဟုထင်မြင်ယူဆ၍) စတင်ရေးသား ပါသည်။ ရိုဟင်ဂျာများကို ထောက်ခံ သော ကမ္ဘာ့မွတ်ဆလင်အသိုင်းအ၀ိုင်း( အစ္စလာမ်နိုင်ငံများအဖွဲ့ဝင် (IOC) ၅၇နိုင်ငံ အပါအ၀င်) က သတင်းလိမ် သတင်းမှား၊ ဓါတ်ပုံ အထောက်အထား အလိမ်အညာများဖြင့် မြန်မာနိုင်ငံအား တိုက်ခိုက် နေချိန်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ သူတို့သည် နှစ်ပေါင်းရာထောင်ချီသော ရခိုင်သမိုင်းကို ၊ ရခိုင်ပြည်သူတို့၏ ခါးစည်းခံခဲ့ရသော ဒုက္ခများကိုမသိပါဘဲ (သို့မဟုတ်) သိလျှက်နှင့် ထိုသမိုင်းအချက်အလက်များ၊ အခြေအနေများကို မျက်ကွယ်ပြုကာ သမိုင်းလိမ်ညာများဖြင့် ရခိုင်ပြည်သူများ အပေါ်၊ မြန်မာပြည်သူများအပေါ်၊ မြန်မာ့ အချုပ်အခြာအာဏာ အပေါ် တိုက်ခိုက်စော်ကားခဲ့ကြသည်ဟု ယူဆပါသည်။ လူမျိုးအုပ်စု နှစ်စုအကြားဖြစ်ပွားခဲ့သော ပဋိပက္ခကို ဘာသာကြီး နှစ်ခုအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးသဖွယ်ပုံသွင်းပြီး “ဂျီဟတ်” စစ်ပွဲ ဆင်နွှဲမည်၊ ဗုံးခွဲတိုက်ခိုက် ခြေမှုန်းမည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။ အင်အားနည်းသော မူဆလင် လူနည်းစုကို အင်အားကြီးသော ဗုဒ္ဓဘာသာဝင်များက လူမျိုးတုန်း သတ်ဖြတ်နေကြပါသည်ဟု ကမ္ဘာတုန်အောင် အော်ဟစ် ကြွေးကြော်ခဲ့ကြသည်။ ဒီမိုကရေစီ နိုင်ငံအချို့ကလည်း လူ့အခွင့်အရေး အလံကိုထူကာ အရပ်ကူပါ လူဝိုင်းပါ လုပ်ခဲ့ကြပြန်သည်။ ကျွန်တော်တို့ နိုင်ငံအနေဖြင့် နာလည်းနာ နံလည်းနံသော အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရခြင်း သာဖြစ်ပါသည်။
ထိရောက်မှန်ကန်သော ဖြေရှင်းနည်းတစ်ခုရရေး၊ အဖြေမှန်တစ်ခုဆီရောက်ရေးအတွက် ဘက်ပေါင်းစုံက အချက်အလက်များကို စေ့ငုကြည့်မိနိုင်ရန်အရေးကြီးပါသည်။ ဤွှစာတမ်းဖြင့် ပြသနာဖြေရှင်းရေးတွင် ထည့်သွင်းစဉ်းစား သင့်သော အချက်အလက်တစ်ချို့ကို ထည့်ဝင်သယ်ပိုးခြင်းမျှသာဖြစ်ပါသည်။ ရေးသားခြင်း၏ရည်ရွယ်ချက်သည်လည်း ဤစာတမ်းတစ်စောင်တည်းဖြင့် ရခိုင်ပြည်နယ်အရေးကို ပြေလည်အောင် ဖြေရှင်းရန်/အဖြေထုတ်ကြည့်ရန်မဟုတ်ပါ။ ရခိုင်ဒေသ၏ သမိုင်းနောက်ခံနှင့် လက်ရှိအခြေအနေအချို့ကို သိရှိစေရန်တင်ပြခြင်းသက်သက်သာ ဖြစ်ပါသည်။
ရခိုင့်အရေးငြိမ်းချမ်းသာယာစေအောင် ၀ိုင်းဝန်းအဖြေရှာကြရာတွင် ဤစာတမ်းပေါ်က အချက်အလက် တစ်စုံ တစ်ရာ ရရေး၊ အခြေအနေအချို့ကို ခြုံငုံသုံးသပ်နိုင်ရေးအတွက်သာ ရည်ရွယ်ခဲ့ပါသည်။
ဤစာတမ်းကိုရေးသားရာတွင်
၁။ ဦးမြင့်သိန်း၊ ညွှန်ကြားရေးမှူး(သမိုင်းသုတေသနဦးစီးဌာန)၏ ၂၁မတ်လ၂၀၀၉နေ့စွဲပါ “ရခိုင်ဒေသအတွင်းသို့ မွတ်ဆလင်များဝင်ရောက်လာခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်” စာတမ်း ကို လက်ရင်းထားခဲ့ပါသည်။ ဤစာတမ်းအား မိတ္တူကူးယူဖတ်ရှုခွင့်ပြုခဲ့သော ဆရာစိုးမင်းဦးအား ကျေးဇူးတင်ရှိရပါသည်။
၂။ ကြည်း(၉၇၉၁)၊ ဗိုလ်မှူးလှမြိုင်၊ အမှတ်(၉၂)ခြေလျှင်တပ်ရင်း၏ 1-11-83 နေ့စွဲပါ “နိုင်ငံခြားသားများ ၀င်ရောက်မှုနှင့် ရခိုင်ပြည်နယ်အခြေအနေအချို့”စာတမ်း။
၃။ ရခိုင်ပြည်နယ်တရားသူကြီးအဖွဲ့ ဥက္ကဌ၊ ဦးထွန်းမြဦး၏ ၁၉၈၄ခု သြဂုတ်လ(၁၅)ရက် နေ့စွဲပါ ”ရခိုင်ပြည်နယ် အတွင်း၊ နိုင်ငံခြားသား ဘင်္ဂါလီလူမျီုးများ ခိုးဝင်လွှမ်းမိုးမှုအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် တင်ပြချက်” စာတမ်း။
၎။ The Voice ဂျာနယ်တွင်ဖေါ်ပြပါရှိသော၊ ဒေါက်တာမင်းဇော်ဦး၏ ”ရိုဟင်ဂျာ ပဋိပက္ခ၊ အမျိုးသားလုံခြုံရေးနှင့် လက်တွေ့ မူဝါဒဆိုင်ရာ စိန်ခေါ်မှုများ”
၅။ “ရဲထွန်း၏မှတ်တမ်း” အမည်ရှိ ဘလော့ဂ်စာမျက်နှာပါ စာတမ်းများ။
၆။ 0n line ပေါ်ရှိ သတင်းဌာနအသီးသီး၊ ဘလော့ဂ်အသီးသီးမှ သတင်းရင်းမြစ်များ။
၇။ မိတ်ဆွေ Facebookers များစွာ၏ Facebook စာမျက်နှာများမှ သတင်းအချက်အလက်များ၊ ၀ီကီ စာမျက်နှာများမှ အချက်အလက်များကို အားပြုရေးသားခဲ့ပါသည်။
ကျွန်တော်လိုသမျှ ပူဆာသမျှ အချက်အလက်များ၊ လင့်ခ်များ၊ မြေပုံများကို အချိန်မဆိုင်းရှာဖွေပို့ပေးခဲ့သော ဘလော့ဂ်ဂါ ညီလင်းဆက်၊ ရှည်လျားသော စာတမ်းအားမငြီးမညူထည့်ပေးခဲ့သော ဆရာမြတ်ခိုင်နှင့် သူ၏ သတင်းအဖွဲ့သားများအား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းပြုလိုပါသည်။
စာပေလွတ်လပ်ခွင့်ဆိုင်ရာ အကူးအပြောင်းကာလ မတိုင်မီလေးတွင် ဖေါ်ပြခဲ့ရခြင်းဖြစ်၍ သမိုင်းဆိုင်ရာ အချက်အလက်အချို့ကွက်လပ်ဖြစ်ခဲ့ရခြင်း၊ မြေပုံများ၊ ဓါတ်ပုံများ ပူးတွဲတင်ဆက်ဖေါ်ပြနိုင်ခဲ့ခြင်းမရှိခဲ့ရသည့်အပေါ် စာဖတ်သူများအား အားနာခဲ့ရ ပါကြောင်း။
ငြိမ်းအေးအိမ်
စာပြီးရက်။ 2012ခု သြဂုတ်လ21ရက်၊ (22:32)နာရီ/ရန်ကုန်
No comments:
Post a Comment