Sunday, July 8, 2012

လိုင်းကားပေါ်က ထောင်ချောက်များ



ကျွန်ုပ်သည် အရှာဖွေသိပ်မဟန်၍  စာပေဗိမာန်ရှေ့တောင်မျက်နှာမပြရဲဖြစ် နေသော်ငြား မြို့ထဲထွက်နိုင်ရန် စာမူတွေ ရေးလျက် တာစူနေသေးတတ်၏။ တစ်နေ့ တော့ ကျွန်ုပ်သည် စာရေးဆရာတို့၏ အောင်မြေနင်းရာ လေထန်ကုန်းသို့သွား   ရန် ဆုံးဖြတ်လိုက်၏။ သို့အတွက် တောက်   တဲ့လို ရှားပါးသတ္တ၀ါနှင့် တူသော ၂၀၅ ကားကြီးကို အတွေ့သဘောတစ်မေ့တစ်  မောစောင့်ဆိုင်းနေစဉ်မမျှော်လင့်ဘဲ ကျွန်ုပ်၏နောင်တော်နှင့် ကားဂိတ်တွင် ဆုံဖြစ်ခဲ့လေ၏။

ကျွန်ုပ်၏အစ်ကိုက သရော်စာတွေ  ရေး၏။ ကျွန်ုပ်က စာပေလက်သုပ်လို ကဏ္ဍအကုန်ရေး၏။ ညီအစ်ကိုနှစ်ယောက် စာနယ်ဇင်းကလပ်တွင် စတုတ္ထမဏ္ဍိုင် ဖလားအတွက် ရုန်းကန်နေကြလေ၏။ ယခု ကျွန်ုပ်အစ်ကိုရောက်ရှိလာပြီဖြစ်သည့်  အခါ မှတ်တိုင်တွင် ကျွန်ုပ်က စိတ်မရှည်  စွာဖြင့် ဤသို့နှုတ်ခွန်းဆက်သရင်းတိုက် စစ်ကိုပြင်လိုက်၏။

““လိုင်းကားတစ်ခါစီးရဖို့အရေး သင်္ဘောတက်မယ့်ကောင်လိုပါပဲကွာ စောင့်လိုက်ရတာ လွန်ရော””
ကျွန်ုပ်၏ အစ်ကိုက တဟားဟား  နှင့် ရယ်သည်။ ပြီးမှ ပြန်ဆော်၏။ ““ကြာ လဲ ပြဿနာမရှိဘူးမှတ်တိုင်က ဒီလောက်  နေပူနေတဲ့ ဥစ္စာမှုမနေစမ်းပါနဲ့”” အစ်ကို က စက်သေနတ်ကို စကားလုံးကျည်ဆန် တွေ အတွဲလိုက်ပစ်ထုတ်ပြန်သည်။

““ဒီကောင်တွေက စနေ၊ တနင်္ဂနွေ  သာ အချိန်မမှန်တာ ကြားရက်ဆိုဖြစ် သလိုလုပ်တယ်။ မစိုးရိမ်ပါနဲ့ကွာ ငမူးသား ဦးစီးတဲ့ အထူးကားအရူးကြီးနဲ့ လိုက်လို့ ရပါတယ်ဟ””
ကျွန်ုပ်က ညာဝင်းမှ ပြန်ပြီးထိုး ဖောက်ရသည်။
“တော်သေးတယ် ၂၀၅ မတွေ့ပေ မယ့် ၄၂ က ပျောက်နေလို့” အစ်ကိုက ဟားတိုက်ရင်း ““ဟာ ဟေ့ကောင်ဟိုမှာ  ၃၄ အထူးယာဉ်လာနေပြီ။ အဲဒီကားကိုပဲ မတန်ရေ တန်ရေစီးကြရအောင်”” ကျွန်ုပ်  တို့ ညီအစ်ကိုသည် သုဝဏ္ဏဈေးမှတ်တိုင် မှ ၃၄ အထူးဟုအမည်နာမတော်တပ်ဆင် ထားသည့်ကားကို ကျပ်ကျပ်သိပ်သိပ်လိုက်  ပါစီးနင်းခဲ့ရတော့သည်။

ကျွန်ုပ်၏ အစ်ကိုက
““အထူးကားဆိုတာ ဒါမျိုးပေါ့ကွ။ မနည်းကိုတိုးစီးနေရတယ်တစ်မှတ်တိုင်လဲ ၂၀၀၊ နှစ်မှတ်တိုင်လဲ ၂၀၀၊ ဖြစ်သင့်ဖြစ် ထိုက်တာထက်လွန်ကဲတဲ့ အခြေအနေကို ထူးတယ်လို့ မှတ်ယူရတယ်။ မင်းကြည့်နေ   တစ်ထောင်တန်ပေးလိုက်အစုတ်အပြဲတွေ  ညှပ်ပြီး ပြန်အမ်းဦးမှာ။ တစ်ရာအနုတ်မရှိ  ရင်လဲ ခရီးသည်ပဲခံပေတော့””

လိုင်းကားတိုင်းမှာ ထောင်ချောက်  တွေရှိတယ်။ စပယ်ယာတွေက ရှောင်ကန် တယ်၊ ဘောကြောနပ်တယ်။ အခုလည်း အလယ်Row က ဒီလောက်ကျဉ်းကျဉ်း လေးကို လူနှစ်တန်းရအောင်တန်းစီခိုင်း ထားတယ်။ ရှေ့ဆုံးနောက်ဆုံးရောက်နေ တဲ့ ခရီးသည်တွေက မှတ်တိုင်ဆင်းချင်လို့  ထွက်လာတဲ့အခါ စောစောကကျောချင်း  ပူးကပ်နေတဲ့ အလယ်Row ကြားထဲကပဲ  အတင်းနင်းကာရုန်းထွက်တော့ မိန်းကလေး   တွေရော၊ ငါတို့ယောင်္ကျားလေးတွေပါ  အကုန်သိမ်းကျုံးပြီး ဂေါက်တံနဲ့ အရမ်း ခံလိုက်ရတာပေါ့ကွာ။ ဒါကြောင့် အခု ရန်ကုန်မြို့မှာ အမျိုးသမီးသီးသန့်ယာဉ် ဆိုပြီး ပေါ်လာတော့ ကမ္ဘာလှည့်ခရီးသွား တွေကပါ ရယ်ကုန်ကြပြီ ဟား ဟား ဟား။

ကျွန်ုပ်က မရှင်းတာလေးကို ဤသို့  မေးရပြန်သည်။ ““အမျိုးသမီး သီးသန့် ယာဉ်ဆိုတာ ဘာလဲအစ်ကို ကျွန်တော် တော့ စက်ဘီးတွေမှာပဲ ယောက်ျားစီး၊  မိန်းမစီး၊ ကြားဖူးသေးတယ်ဗျာ။ ဘယ်နိုင်ငံ ကမှ အမျိုးသမီးသီးသန့်စီးဖို့ကားတွေမ ထုတ်လုပ်သေးပါဘူး။ အစ်ကိုက နောက် နေပြန်ပြီ””
ကျွန်ုပ်အစ်ကိုက လည်ချောင်းတစ် ချက်ရှင်းလိုက်ရင် ““အဟင်း မင်းလေ တော်တော်ကို ဝေးနေတုန်းပဲကွာ နောက်  ကို ငါ့ညီလို့မပြောနဲ့ အမျိုးသမီးသီးသန့်  ယာဉ်ဆိုတာ လိုင်းကားတွေတအားကျပ် သိပ်နေလို့ တချို့မိန်းကလေးတွေ ကား ထဲမှာ သွေးစမ်းခံရတယ်ကွ။ အဲဒါကို တာဝန်ရှိသူတွေက ဂိုးမပေးရရေးနဲ့ အမျိုးသမီးသီးသန့်ယာဉ်ဆိုပြီး ထုဆစ်ပုံ ဖော်လိုက်တာပဲ””

ဟိုက် ကျွန်ုပ်က နဖူးကို လက်ဖ၀ါး ဖြင့် အသာယာရိုက်ရင်း အစ်ကို့အာဘော် ကို ထပ်သိချင်၍ ဤသို့မေးရပြန်သည်။ “ကဲ ဒါဆိုရင် အမျိုးသမီးသီးသန့်ယာဉ်နဲ့ ယာဉ်မောင်းနဲ့ စပယ်ယာတွေကိုရော အစ်ကို ဘာများမှာချင်သေးလဲ”

““စိတ်မကောင်းစွာနဲ့ သိပ်မမောင်းပါ နဲ့ လို့ပဲပြောချင်တယ်။ ပုထုဇဉ်ဆိုတာ ဖောက်လွဲဖောက်ပြန်တွေကွ။ တချို့ မိန်းကလေးတွေက မတော်လို့ထိမိရင် နားလည်ခွင့်လွှတ်တတ်ကြပေမယ့် တချို့ မပိုတို့ကျတော့ ပိုလွန်းတယ်၊ ကဲလွန်းသဲ လွန်းတယ်ဟေ့ကောင်ရေ။ ဒါကြောင့် သိပ်မမောင်းပါနဲ့လို့ မှာရတာဟ တော် ကြာချိုင့်တွေထဲ ကားဘီးကျလို့ယိုင်သွား ရင်တောင် တစ်ယောက်ယောက်ထင်ပြီး ယောင်အော်နေဦးမယ်ဟ””
ကျွန်ုပ်က အသာအယာပြုံးရင်း
“ဒါဆိုလဲ ယောင်အော်သူများ သီးသန့် ယာဉ်ဆိုပြီး တစ်လိုင်းလောက်ထပ်ဆွဲလိုက် ပေါ့အစ်ကိုရာ”
““မလုပ်ပါနဲ့တော့ အမျိုးသမီးသီးသန့် ယာဉ်နဲ့ပဲ ကျေနပ်လိုက်ပါတော့ကွာ။ နောက်ထပ်ယောင်အော်သူများသီးသန့် ယာဉ်ဆိုပြီးပေါ်လာရင်မင်းတို့ငါတို့လိုင်း ကားတွေရှားကုန်မှာပေါ့ဟ””
““စပယ်ယာတွေကိုပါ တစ်ဆက်တည်း အာဘော်လေးဘာလေးပေးခဲ့ချင်သေး လား””
““ဒီကောင်တွေကိုတော့ မပြောမဖြစ် နံပါတ်တစ်ပဲဟေ့ စပယ်ယာမှန်သမျှ ကောင်းတာရှားတယ်ကွ။

သိပ်ကောင်းတဲ့ ကောင်တွေက ကမ္ဘာ့ဖလားလိုလေးနှစ်မှ တစ်ကြိမ်လောက်တွေ့ရတာမျိုး တချို့ ဆိုရင်တော်တော်ချွဲပြစ်နေတာကွ အား ကောင်းမောင်းသန်အမျိုးသမီးတွေကား ပေါ်တက်လာရင်တောင်မူကြိုကလေးနဲ့ တွေ့နေသလိုပဲ။ လက်ကိုင်လိုက်၊ ခါးကိုင်  လိုက်နဲ့ကွာ။ နှစ်ပါးသွားအကသင်ပေး သလားတောင်အောက်မေ့ရတယ်။ နောက်  ပြီး ပါးစပ်ကတာ ချောင်တယ်မြန်တယ်  ဆိုပြီး အမြှုပ်ထွက်အောင်အော်နေတာ  ကားပေါ်မှာ လူတွေက မွန်းကျပ်ပူလောင် နေပြီ။ နောက်ကားမလာမချင်း ဘယ်သူ့ မှ ဂရုမစိုက်တော့ဘူး။

မြန်မာလူမျိုးဘတ်စ်ကားခရီးသည်  တွေကလည်း ဘယ်လောက်အထိ အကြောက်တရားတွေဝင်နေလဲဆို ကား စပယ်ယာကိုတောင် ပြန်မပြောရဲကြဘူး ကွ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း သေသွားတဲ့မြန်မာတွေကိုသာ လိုင်းကား  ကျပ်ကျပ်မစီးဘူးတဲ့လူမှ နိဗ်္ဗာန်ဝင်ခွင့်ရ မယ်ဆိုရင် အကုန်လုံးသောက၀င်ကုန်မှာ  ဒါကြောင့် သင်္ကြန်ရက်တွေ သိကြားမင်း မြန်မာပြည်ကိုလာရင် ဘယ်မှာလိုင်းကား  စီးလို့လဲ လိုင်းကားအန္တရာယ်ကာကွယ်တဲ့ အနေနဲ့ သူ့မြင်းသူစီးလာရတာပေါ့ကွ””
“လိုင်းကားတွေဘာလို့ကျပ်ရတာလဲ”
“မချောင်အောင်လုပ်နေကြလို့”
“ဘယ်သူတွေက လုပ်နေတာလဲ”
“စနစ်တစ်ခုကပေါ့ကွာ ပြီးတော့ စီးပွားရေးနဲ့လည်းဆိုင်တယ်ကွ စနစ်တစ် ခုဆိုတာ ရပ်၊တင်၊ချကိုပြောတာ မှတ်တိုင်  တွေကို တိကျစွာရပ်ရမယ်ပြီးတာနဲ့ မြန် မြန်ပြန်ထွက်ရမယ်။ တင်စရာရှိတဲ့ မှတ်   တိုင်မှာတင်ရမယ်။ နောက်ကားစောင့် တာတို့ ရှေ့ကားကိုကြည့်ပြီး ကားထွက် ပုံဖော်ပြေးဆွဲတာတို့ မလုပ်ရဘူး။

“နိုင်ငံတကာက လူတွေဟာ အချိန် ကိုလုပြီး အရမ်းကိုကြိုးစားနေချိန်မှာ မင်း တို့မြန်မာတွေဘတ်စ်ကားထောင်ချောက် ဇုန်တွေထဲ မဟာစည်လဲမဟုတ်၊ မိုးကုတ်   ၀ိပဿနာလဲမဟုတ်တဲ့ ရှုနည်းတွေနဲ့ ဟိုငေးဒီတွေးပြီး အချိန်တွေကို စိတ်ဆင်း ရဲခံဖြုန်းတီးနေကြတယ်။ လူ့တန်ဖိုးကို နားလည်လက်ခံတဲ့လူ ဘယ်တော့မှ အချိန်မဖြုန်းဘူး””

ကျွန်ုပ်က မေးခွန်းတစ်ခုကြော်ငြာ  ၀င်လိုက်သည်။ “ဒါဆိုရင် လိုင်းကားအသိုင်း ၀ိုင်းက လူ့တန်ဖိုးနားမလည်ဘူးပေါ့” ကျွန်ုပ်၏အစ်ကို ဒေါကန်သွားသည် ““ငါ ဒီလောက်ရှင်းပြနေတာတောင် မင်းက နှစ်မှတ်တိုင်ကို သုံးဆင့်စီးနေပြန်ပြီ GAS တွေ ထွက်တယ်ဆိုပြီး သိပ်အားမကိုးနဲ့  ဟေ့ကောင်ရ။ မလွှဲသာလို့ နှစ်မှတ်တိုင် သုံးဆင့်စီးမိရင်လည်း လေချက်ကြီးတို့ ဗိုက်ပူတို့နဲ့ သာစီး ၁၅၀ ပဲကျမယ်။ အဓိ ပတိတို့ အထူးကားတို့သွားမစီးမိစေနဲ့ ၆၀၀ ကုန်သွားမယ်””

““ဟာ အစ်ကို GAS တွေက ဘယ် ဒေသမှာ ထွက်နေတာလဲဟင်””
““မင်းတော်တော်တုံးတဲ့ကောင် ကိုယ့်  နိုင်ငံမှာ ဘာရှိလို့ရှိမှန်းမသိဘူး။ အပြန် ကျရင် အထူးကားတွေ Air Con Bus တွေ စောင့်မနေနဲ့ ချက်ကြီးနဲ့သာ ပြန်လိုက် သွားပေတော့ မင်းကတော့ချက်ကြီးတို့ ဗိုက်ပူတို့နဲ့ပဲတန်တယ်””။

ကျွန်ုပ်တို့ညီနောင်ဤသို့စာပေတွေး ခေါ်မှုခြေစစ်ပွဲဝင်နေခိုက်ဆင်းရမည့်မှတ် တိုင်ရောက်လာ၍ အတူဆင်းလိုက်ကြ သည်။ ထို့နောက် လေထန်ကုန်းသို့ ခေတ္တ၀င်ပြီး တွေ့ရာလူနှင့် ကြုံသလိုရော ကာ စာမူလေးများရန်ကုန်မြို့ထဲတက်ညီ လက်ညီလျှောက်ပို့ခဲ့သည်။

အပြန်ခရီးတွင် သာကေတသို့ဝင်စရာ ရှိ၍ ၄၃ လမ်းထိပ်မှ ၃၄ ဘတ်စ်ကားကို စောင့်ဆိုင်းနေစဉ်ရုတ်တရက်ကားရောက်  လာသဖြင့် ကျွန်ုပ်ကပြေးတက်မည်လုပ်ရာ  အစ်ကိုက ကျွန်ုပ်လက်မောင်းကို လှမ်းဆွဲ  ထားပြီး
““လာကွာ ကွမ်းလေးဘာလေးသွား ၀ါးရအောင်””
““အစ်ကိုကလဲဗျာ ဒီကောင်တွေက တစ်ခါလာဖို့အရေးလကြတ်တာကိုစောင့်  ရသလိုပဲ ဟိုရောက်မှစားစမ်းပါ””

ထိုအခါ အစ်ကိုက ရယ်လျက် ““အခု  ရပ်၊ အခုထွက်မယ်လို့ မင်းထင်နေလား၊ ဒီကောင်တွေသာ၊ ဒီလိုမြန်နေချောင်နေ ရင် အမျိုးသမီးသီးသန့်ယာဉ်ဆိုပြီး ပေါ် လာစရာအကြောင်းမရှိဘူးကွ။ ဟား ဟား ဟား အခုတော့ ဒီလို ဒရိုင်ဘာတွေ  စပယ်ယာတွေနဲ့ ကားကျပ်တာကို အခွင့် အရေးယူချင်တဲ့ လူတန်းစားတချို့ကြောင့်  အမျိုးသမီးသီးသန့်ယာဉ်တဲ့ဟ အားနာ လိုက်တာ””
“အစ်ကို ဘယ်သူ့ကို အားနာနေတာ  လဲ””
““မဟာရန်ကုန်မြို့တော်ကြီးကိုလေ ကွာ””
ကျွန်ုပ်လည်း အစ်ကို့ကို မလွန်ဆန်  နိုင်၍ ကွမ်းယာဆိုင်ဘက်သို့လိုက်လျော  ရတော့သည်။ ကျွန်ုပ်တို့ ကွမ်းဝါးနေသော်  လည်း ကားကမထွက်နိုင်သေးပေ။ ရာသီ ဥတုက နွေနေ့ခင်းမို့ ကားပေါ်မှ ခရီးသည်  တွေမှာ အပူတရားကို ချွေးပြန်ကာ မှတ် နေရှာရ၏။

အစ်ကိုက ရွဲ့သည်။ တစွတ်ထိုးနိုင် သည်။ အခု ကွမ်းစားပြီးပြီဖြစ်၍ ကားပေါ်  တက်ရန် ကျွန်ုပ်က မျက်ရိပ်မျက်ကဲပြလိုက် သောအခါ ““မစီးဘူးကွာ ဒီလို အချိန်ဖြုန်း  တဲ့ကားမျိုးသမ္မတရာထူးပေးမယ်ဆိုတာ တောင် ငါမစီးဘူး”” အစ်ကိုသည် ကွမ်း ကိုစိန်ပြေနပြေ၀ါးကာ နောက်ကားကို စောင့်စားနေတော့သည်။

ထိုအချိန်တွင် အဆိုပါ ၃၄ မီနီဘတ်စ် ကားပေါ်မှ ကောင်လေးတစ်ယောက်စိတ် တိုစွာဆင်းချလာပြန်သည်။ အစ်ကိုက ကျွန်ုပ်နားစွင့်ရန် အဟုတ်စာအားဖွင့်အန် ပြန်သည်။
““အဲဒီကောင်၊ မဆိုးဘူးကွ၊ လိုင်းကား အတွေ့အကြုံအတော်ရင့်နေပုံရတယ်””
ကျွန်ုပ်က အစ်ကို့အသံကို စပယ် ယာကြားမှာစိုး၍ ခြေတို့လက်တို့လုပ်လိုက် မိသည်။ ဒီတော့မှ အစ်ကိုက ပိုပြီးဆိုးသွား  တော့လေ၏။ ကျွန်ုပ်ကို ““မင်းဟာ ဒီပုံစံ မျိုးနဲ့ဆို နောက်ဘ၀ရောက်တာတောင် ဆယ်အိမ်မှူးကို ပြန်ကြည့်ရဲမယ်မထင် ဘူး။ မင်းကို တရုတ်အစားအစာကျန်သီး ခေါက်ဝယ်ပြီးကျွေးရမယ်””
““ဟာ ကျန်သီးခေါက်က တရုတ်ပြည်  ကနေ၀င်လာတာလား စားချင်တယ်ဗျာ ငါ့အစ်ကို တယ်ထောနေပုံရတယ်ဟေ့””
““ဟေ့ကောင် မဖားနဲ့ ကျန်သီးခေါက် ဆိုတာ ကြောက်သည်းခံကိုပြောတာကွ စတုတ္ထမဏ္ဍိုင်ဆိုတဲ့

မင်းတို့ငါတို့ မီဒီယာ သမားတွေဟာ အဲဒီကျန်သီးခေါက်နဲ့ မတည့်ဘူး။ ဒီအသီးမျိုးက တစ်ခါစားဖူး တာနဲ့ ထပ်ပြီးစားချင်တဲ့ အစာမျိုးကွ ကောင်းကျိုးတော့မပြုဘူး စားပါများရင်  စိတ်ဖိစီးပြီးသေတတ်တယ်”” ထိုစဉ် မှတ်တိုင်သို့ကားကြီးတစ်ဦးဆိုက်ရောက်  လာသောအခါ အစ်ကိုက ကျွန်ုပ်အား ““ဟေ့ကောင် ဘာငေးနေတာလဲ ဒီကား ကြီးနဲ့ပဲ လိုက်သွားရအောင်လာလေကွာ””
“နေပါဦး အစ်ကိုရာ ဟိုကားဖြစ်နေ မှာစိုးလို့”
“ဟာ့ ဘယ်ကားလဲ”
“အမျိုးသမီး သီးသန့်ယာဉ်လေဗျာ”
“ဟား ဟား ဟား ငါ့ညီကတော့ ဒီလိုပဲ နောက်ကျဂိုးတွေနဲ့ အစ်ကို့ကို ဆော်နေတာကြာပြီ။ အမျိုးသမီးသီးသန့်  ယာဉ်ဆိုလဲ ကိစ္စမရှိဘူး ကျွန်တော်တို့  ညီအစ်ကို တရားစခန်းသွားချင်လို့ပါဗျာ လို့ပြောပြီး တက်စီးလိုက်ကြတာပေါ့ကွာ””
တွေးတတ်မြင်တတ်ကြပါစေ။

 သန်းထိုက်လူ

No comments:

Post a Comment